ဆန္ဒပြ လူအုပ်ကြီးရဲ့ အလယ်မှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့တဲ့ စုံတွဲ

Image:IG/Rev Roxy Birchfield

အ မေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ်၊ Philadelphia မြို့မှာရှိတဲ့ စုံ တွဲ က တော့ သူတို့ ရဲ့ မင်္ဂလာ ပွဲ ကို အမှတ်တရ တွေ အပြည့် ဖြစ် အောင် ထူးထူး ဆန်း ဆန်း  လုပ်ခဲ့ပါတယ်။ အ မေရိကန် နိုင်ငံ တစ်ဝန်းမှာေ တာ့ George Floyd ဆိုတဲ့ လူမည်း အမျိုးသား ရဲ့  သေဆုံးမှုက နေ အစပြု ပြီး ဆန္ဒပြ ပွဲ တွေ ဖြစ် နေပါတယ်။ဒီစုံ တွဲ ကတော့ လူမျိုးရေး ခွဲ ခြားမှု အ ပေါ် ဆန့်ကျင် ဆန္ဒပြ နေတဲ့  Black Lives Matter ဆန္ဒပြ လူအုပ် ကြီး ရဲ့ အ လယ် မှာ မင်္ဂလာ ပွဲ ဆင်နွှဲခဲ့ပါတယ်။ဒီ အေ ကြာင်းကိုတော့ Dailymail မှာ ဖော်ပြ ထားတာပါ။

Image:IG/Rev Roxy Birchfield

Dr Kerry Anne Perkins နဲ့  Michael Gordon တို့ စုံတွဲ ဟာ အစပိုင်းတုန်းက တော့ ကိုဗစ် ကြောင့် သူတို့ ရဲ့ မင်္ဂလာ ပွဲ ကို ဖျက်သိမ်း ဖို့ စီစဉ် ထားခဲ့ပါတယ်။ဒါ ပေမယ့်လည်း  နောက်ပိုင်းမှာတော့ အစီအစဉ် ပြောင်း ပြီး မင်္ဂလာ ပွဲ ကျင်းပခဲ့ပါတယ်။Logan Hotel ပြင်ဘက်မှာ ဆန္ဒပြ နေတဲ့ လူ အုပ်ကြီးရဲ့ အလယ် ကို သွား ခဲ့ တဲ့ အခါ မှာတော့ ဆန္ဒပြ လူအုပ်ကြီး က သူတို့ အတွဲ ကို လက်ခုပ်တွေ တီးပြီး ဂုဏ်ပြု ပေးခဲ့ပါတယ်။ဆန္ဒပြ လူအုပ်ကြီးရဲ့ ဂုဏ် ပြု လက်ခုပ် သံ တွေ နဲ့ မင်္ဂလာ ဆောင်ချင်တဲ့ သူတို့ ရဲ့ စိတ်ကူး က တော့ ထူးထူးဆန်း ဆန်း ဖြစ်ခဲ့ ပါတယ်။

Image:IG/Rev Roxy Birchfield

လူမှု ကွန်ရက်စာမျက်နှာ တွေ ပေါ်မှာတော့ မင်္ဂလာ ပွဲ အမှတ်တရ ဗီဒီယိုဖိုင်တွေ၊ဓါတ်ပုံတွေ အများကြီး ထွက် ပေါ် လာခဲ့ပါတယ်။IG မှာ ရှယ်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခုမှာ ဆိုရင်တော့ Perkins နဲ့ Gordon  တို့ က တစ်ယောက် နဲ့ တစ်ယောက် လက်တွဲ ထားပြီး နောက်က လူအုပ်ကြီးက သူတို့ ကို ၀ိုင်းပြီး လက်ခုပ်တီး အော်ဟစ် ဂုဏ် ပြု ပေးခဲ့တာကို တွေ့ရမှာပါ။ ခန့်မှန်းထားတာ ထက် ပိုပြီး ဧည့်သည် ပိုများ အောင်လို့ မင်္ဂလာ ပွဲ ကို ဆန္ဒပြ လူအုပ် အလယ် မှာ လုပ် ခဲ့ တာလို့ ဆိုပါတယ်။

 

View this post on Instagram

 

#blacklivesmatter #justsavedstuffs

A post shared by 🌹 (@justsavedstuffs) on

Image:IG/Rev Roxy Birchfield

မင်္ဂလာပွဲ စီစဉ်သူ Rev Roxy Birchfield ကတော့ ဒီပွဲ နဲ့ ပတ်သက်ပြီး  တကယ် တော့ Perkins နဲ့ Gordon တို့ ဟာ Logan Hotel မှာ ဧည့်ခံ ပွဲ အ သေးလေး လုပ်ဖို့ စီစဉ် ထားခဲ့တ ပါ။ ဒါ ပေမယ့် ဆန္ဒပြ လူအုပ်ကြီး ကို မြင် တော့ လူအုပ်အလယ်မှာ ဓါတ်ပုံ ရိုက်ဖို့ လုပ်ဖြစ်ခဲ့ တာ လို့ ဆိုပါတယ်။လူအုပ် ကြီး ကလည်း လက်ခုပ် တီး အားပေး ကြတာကို တွေ့ တော့ မင်္ဂလာ မောင်နှံ လည်း အရမ်း ပျော် ရွှင် ခဲ့ တယ်လို့ Rev Roxy Birchfield  က ပြောခဲ့ပါ တယ်။

#SHWEMOM

SHARE