မြေးတွေကို ခရစ္စမတ်သစ်ပင်မီးထွန်းပြစဉ် မတော်တဆ အိမ်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်း

အင်္ဂလန်နိုင်ငံ Worthing မြို့မှာ နေထိုင်ကြတဲ့ ဂျာမဏီ အဖိုးနဲ့အဖွားတို့ ဇနီးမောင်နှံဟာ အိမ်ကို မြေးတွေအလည်လာ
ခိုက်မှာ ၎င်းတို့ အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်ရဲ့အလှကို မြေးတွေကို မီးထွန်းပြရင်း အိမ်ကို မီးကူးစက်လောင်ကျွမ်း ခဲ့ပါတယ်။ ၎င်းတို့ရဲ့အိမ်ဟာ ဘန်ဂလိုဆန်ဆန် ဆောက်ထားတဲ့ အိမ်ဖြစ်ပြီး တန်ဖိုးလည်း ကြီးမားပါတယ်။

နှစ်ယောက်စလုံး မီးလောင်ဒဏ်ရာ၊ မီးခိုကြောင့်အသက်ရှူကြပ် ဝေဒနာတွေနဲ့ ဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရပြီး၊ မီးသတ်
ကား ခြောက်စီး လာရောက်မီးငြိမ်းသတ်ပေးခဲ့ပါတယ်။ နေ့လည် 1 နာရီခန့်မှာ လမ်းကို ပိတ်စို့ကာ မီးငြိမ်းသတ်ခဲ့ရပါ
တယ်။

West Sussex Fire and Rescue အဖွဲ့မှ တာဝန်ခံအရာရှိ Adrian Murphy က မီးလောင်မှုဖြစ်ပွားရခြင်းကို ရှင်းပြခဲ့ပါတယ်။ ၎င်းက ” အဖိုးနဲ့အဖွားက ခရစ္စမတ်သစ်ပင်မှာ ရိုးရာဖယောင်းတိုင်တွေလည်း ချိတ်ဆွဲထားခဲ့တယ် … အဲဒီနောက် မီး
တွေ ဖွင့်လိုက်တဲ့အခါမှာ မတော်တဆ မီးကူးစက်လောင်ကျွမ်းပြီး အဲဒီကမှတစ်ဆင့် တစ်အိမ်လုံး ပြာကျသွားတာပါဘဲ “လို့ ရှင်းပြခဲ့ပါတယ်။

READ
တစ်ရက်တည်း လူ 6 ယောက်ကို ခေါင်းဖြတ်ကွပ်မျက်ခဲ့သည့် ဆော်ဒီတရားစီရင်ရေး

မီးလောင်မှုကြောင့် ဂျာမန်စုံတွဲမှာ ဆေးရုံကိုတင်ထားရပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူးလို့ သိရပါ
တယ်။ ယခုတစ်ပတ် အစောပိုင်းကလည်း နယူးယောခ့်မြို့မှာ အဆောက်ဦတစ်ခု မီးလောင်ကျွမ်းခဲ့ပြီး အသက် 7 နှစ်အရွယ် ကလေးမလေးမှာ စိုးရွားတဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး အခြား 23 ဦးလည်း ဒဏ်ရာတွေ အသီးသီး ရခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE