သခင်တွေနဲ့အတူ ဘတ်စ်ကားအိုလေးစီးကာ ကမ္ဘာပတ်ခဲ့တဲ့ ခွေးလေး 

သင်ရော နေ့စဉ်ရုန်းကန် လှုပ်ရှားနေရတဲ့ ဘဝကနေ ထွက်လာပြီး အထုပ်အပိုးတွေ ဆွဲကာ ချစ်ရသူတွေနဲ့အတူ ခရီးထွက်ပစ်ဖို့ စဉ်းစားဖူးတယ်မလား။ များသောအားဖြင့် စဉ်းစားဖြစ်ကြပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါပေမယ့် ဒီခွေးလေးတောင် ဘတ်စ်ကားတစ်စီးနဲ့ ကမ္ဘာပတ်ပစ်တယ်ဆိုတော့ သင်လည်း ခရီးထွက်ပစ်ရတော့မလားလို့တောင် တွေးမိသွားနိုင်ပါတယ်။

Expedition Happiness

အမျိုးသမီး ဂီတပညာရှင် Selima Taibi နဲ့ ချစ်သူ Felix Starck တို့က အလုပ်အကိုင်တွေ အောင်မြင်နေကြပေမယ့် တစ်ခုခု လိုနေသေးသလို ခံစားခဲ့ရတာကြောင့် သူတို့ရဲ့ ခွေးလေး ရူဒီကို ခေါ်ကာ ဘတ်စ်ကားတစ်စီးမောင်းပြီး ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ဟာ အလက်စကာ ရေခဲမြစ်ဒေသတွေကနေ မက္ကဆီကို တောင်တန်းတွေထိ ခရီးနှင်ခဲ့ကြပြီး သူတို့ရဲ့ ခရီးတစ်လျှောက်ကို Expedition Happiness အစီအစဉ်အနေနဲ့လည်း ရိုက်ကူးခဲ့ကြပါတယ်။

Expedition Happiness

“ကျွန်မတို့က ဘာလင်မြို့ရဲ့ လှပတဲ့ တစ်နေရာမှာ နေထိုင်ပြီး မကြာသေးခင်ကလည်း ကျွန်မရဲ့ တေးဂီတနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်ကလည်း အောင်မြင်ခဲ့ပါတယ်။ ငွေကြေးရော၊ အောင်မြင်မှုရော၊ ချစ်ခြင်းမေတ္တာရော ရှိနေပေမယ့် ကျွန်မတို့ မပျော်ရွှင်ခဲ့ပါဘူး။ လက်ပ်တော့တစ်လုံးနဲ့ အလုပ်လုပ်နေရတဲ့ ဘဝကိုလည်း ခဏရပ်ထားချင်ပါတယ်။ ဒါကြောင့် ပိုက်ဆံကိုလည်း စုမယ့်အစား အကုန်လုံးကို ပုံအောပြီး ခရီးထွက်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” ဆိုပြီး Selima က ပြောပြပါတယ်။

READ
ခန္ဓာကိုယ်ကိုပိန်သွယ်သယောင်မြင်စေမယ့် လီမွန်သီးရဲ့အနံ့အကြောင်း
Expedition Happiness

သူတို့စုံတွဲဟာ အွန်လိုင်းပေါ်ကတစ်ဆင့် အမေရိကန်ဘက်မှာ ကျောင်းကားဟောင်းတစ်စီး ဝယ်ခဲ့ကြပါတယ်။ သုံးပတ်အတွင်းမှာပဲ အမေရိကန်ကို သွားခဲ့ကြပြီး ခရီးအတွက် ဘတ်စ်ကားကို ဗီဒီယိုတွေကြည့်ကာ ပြုပြင်ခဲ့ကြပါတယ်။ ထို့နောက် သူတို့ဟာ ကနေဒါကနေ ကယ်ရိုလိုင်းနား မြောက်ပိုင်းကို အရင်သွားခဲ့ကြပြီး အဲဒီ့ကမှတစ်ဆင့် ခရီးစတင် နှင်ခဲ့ကြပါတယ်။ သူတို့ဟာ အလက်စကာကနေ West Coast ဘက်သို့ ခရီးဆက်ခဲ့ကြပြီး လော့စ်အိန်ဂျလိစ်အထိ အရင်ရောက်ခဲ့ကြပါတယ်။ အဲဒီ့မှာ Death Valley အမျိုးသားဥယျာဉ်နဲ့ Grand Canyon ကိုလည်း သွားခဲ့ကြပါသေးတယ်။

Expedition Happiness

Selima တို့ (၃)ယောက်ဟာ ဆက်ပြီး မက္ကဆီကိုအထိ ခြေဆန့်ခဲ့ကြပါတယ်။ ဘတ်စ်ကားဟောင်းလေး တစ်စီးနဲ့ အမေရိက တစ်တိုက်လုံးကို ခြေဆန့်ခဲ့ကြတဲ့ သူတို့ဟာ အတွေ့အကြုံသစ်တွေနဲ့ အလွန်ကိုမှလည်း ပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမယ့် ခွေးလေးရူဒီဟာ လမ်းခရီးမှာ ဖျားနာလာခဲ့ပါတယ်။ ပိုးမွှား အကိုက်ခံရတာကြောင့် အစာအိမ်အူလမ်းကြောင်း ထိခဲ့ပြီး ဆေးရုံပို့ခဲ့ရပါတယ်။ ရူဒီဖျားနာမှုကြောင့် Selima တို့လည်း ခရီးစဉ်သိမ်းဖို့ အချိန်တန်ပြီဆိုတာ သိခဲ့ကြပါတယ်။ Selima ကတော့ ဒီခရီးစဉ်က အပြန်မှာ ပျော်ရွှင်မှုအစစ်အမှန် ပြန်ပါလာခဲ့ကြောင်း ဆိုပါတယ်။

READ
နှလုံးသားအရည်ပျော်လောက်အောင် ချစ်စရာကောင်းလွန်းတဲ့ တိရစ္ဆာန်ကျွန်းကလေးများ
Expedition Happiness
Expedition Happiness
Expedition Happiness

Ref: Unilad

SHARE