ဘဏ်ထဲ ဒေါ်လာသိန်းချီ မှားဝင်ခဲ့လို့ သုံးလိုက်တာကို ပြန်ပေးခိုင်းခံနေရတဲ့ စုံတွဲ

Robert Williams/Facebook, Stevepb/Pixabay

တကယ်လို့ သင့်ဘဏ်စာအုပ်ထဲကို ဒေါ်လာသိန်းနဲ့ချီ မှားဝင်လာခဲ့မယ်ဆိုရင် သင်ဘာလုပ်မလဲ?

ဒီလိုအဖြစ်အပျက်မျိုးကို အသက် ၃၆ နှစ်အရွယ် Robert Williams နဲ့ အသက် ၃၅ နှစ်အရွယ် Tiffany တို့စုံတွဲဟာ ကြုံခဲ့ရပါတယ်။ Pennsylvania မှာ နေထိုင်ကြတဲ့ ဒီစုံတွဲဟာ မေလ ၃၁ ရက်နေ့လောက်မှာတော့ သူတို့ရဲ့ဘဏ်အကောင့်ထဲ ဒေါ်လာ ၁၂၀,၀၀၀ ရောက်နေခဲ့တာကို သတိထားမိခဲ့ပါတယ်။ ဒေါ်လာ ၁၂၀,၀၀၀ ဆိုတာ နည်းနည်းနောနောပမာဏမဟုတ်တဲ့အပြင် သူတို့ဆီကိုလည်း ဒီလောက်ငွေပမာဏကြီး ဝင်လာဖို့ဆိုတာ အကြောင်းမရှိခဲ့ပါဘူး။

Robert Williams/Facebook

ဒါပေမဲ့လည်း နှစ်ယောက်သား ဘဏ်ကိုသတိပေးခြင်းမရှိဘဲ ဝင်လာတဲ့ပိုက်ဆံတွေကို သုံးပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။ ၂ ပတ်ခွဲအတွင်းမှာတင် မှားဝင်လာခဲ့တဲ့ ဒေါ်လာ ၁၂၀,၀၀၀ ဟာ ကုန်သွားခဲ့ပါပြီ။ အကောင့်ချင်းမှားထည့်လိုက်တယ်ဆိုတာကို ဘဏ်ဝန်ထမ်းက အဲဒီတော့မှ သိသွားခဲ့ပြီး Robert Williams တို့ကို ဖုန်းဆက်အကြောင်းကြားကာ ပိုက်ဆံပြန်ဖြတ်ဖို့ ပြောတဲ့အခါကျတော့ ဘဏ်အကောင့်ထဲမှာ မှားဝင်ခဲ့တဲ့ပိုက်ဆံတွေမှရှိတော့ပါဘူး။

READ
သူဋ္ဌေး(၂)ဦးကို ပြန်ပေးဆွဲမှုနဲ့ ကိုလံဘီယာနာမည်ကြီး မော်ဒယ် အဖမ်းခံရ
Robert Williams/Facebook

ပိုက်ဆံတွေကို ကားအသစ်တွေ၊ စက်ဘီအသစ်တွေနဲ့ ကားပစ္စည်း၊ ကားပြင်တဲ့နေရာတွေမှာ အသုံးပြုလိုက်တဲ့အတွက်ကြောင့် တပြားမှမရှိတော့တာကြောင့် ဘဏ်ဖက်ကနေပြီးသူတို့ကို အဲဒီပိုက်ဆံ ၁၂၀,၀၀၀ ကို ပြန်ပေးဖို့ ဖိအားပေးတောင်းဆိုပါတော့တယ်။ ဘဏ်ဖက်ကနေပြီး ဒီအကြောင်းကို ဖုန်းဆက်အကြောင်းကြားတဲ့အခါမှာတော့ Tiffany ဟာ အမျိုးသားနဲ့တိုင်ပင်ပြီး ပြန်ပေးနိုင်အောင် လုပ်ပေးကြည့်မယ်လို့ မတင်မကျပြောသွားခဲ့ကာ ဒုတိယတစ်ကြိမ်ပြန်ပြီး ဆက်သွယ်တဲ့အခါမှာတော့ Tiffany နဲ့ Robert တို့စုံတွဲဟာ ဆက်သွယ်မရတော့ပါဘူးတဲ့။

ဒါကြောင့် သက်ဆိုင်ရာကိုအကြောင်းကြားကာ တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အခုအချိန်မှာတော့ သူတို့စုံတွဲဟာ ဘဏ်ကိုလျော်ကြေးပေးဆောင်ရမယ့်အပြင် တရားရင်ဆိုင်နေရပြီး ထောင်အာမခံကြေး ဒေါ်လာ ၂၅,၀၀၀ ကိုလည်း ပေးဆောင်လိုက်ရတဲ့အကြောင်း FoxNews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Penny

SHARE