အမျိုးသမီးတစ်ယောက်တည်းနဲ့ ပြိုင်တူချစ်ကျွမ်းဝင်ခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ဦး

[email protected]

“Couple” ဆိုရင် ကျွန်တော်တို့သိတာ စုံတွဲပေါ့။ ဒါပေမဲ့ သူတို့ကတော့ “Throuple” တဲ့။ Three နဲ့ Couple ကိုပေါင်းလိုက်ကာ ချစ်သောသူ ၃ ယောက်ကို ဆိုလိုတာပါ။ အဖြစ်အပျက်ကလည်း ဆန်းကျယ်လွန်းလှပါတယ်။ ကလေးတွေလည်းရှိနေတဲ့ ဇနီးမောင်နှံနှစ်ဦးကနေပြီး အမျိုးသမီးတစ်ယောက်တည်းကို ချစ်သတဲ့။ ဖြစ်စဉ်အားလုံးကိုတော့ Lad Bible မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Instagram-@pnwtraid16

Mary Barillas ဟာ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး CrossFit Gym ကိုလည်း ခင်ပွန်းနဲ့အတူတူ တွဲဖက် ဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ ခင်ပွန်းသည် Leo နဲ့ကိုတော့ အလယ်တန်းကျောင်းသူဘဝ အသက် ၁၃ နှစ်အရွယ်မှာကတည်းက စတွေ့ခဲ့တာဖြစ်ပြီး သူငယ်ချင်းမှအဆင့်တက်ကာ ချစ်သူဘဝကို ရောက်ရှိရင်း အသက် ၁၇ နှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ Leo ဟာ အသက် ၁၈ နှစ်ပြည်ပြည့်ချင်းကိုပဲ ရေတပ်ထဲဝင်သွားခဲ့တဲ့အတွက် တာဝင်ကျရာ အီရတ်၊ သီရိလင်္ကာ၊ ကိုရီးယား၊ မြောက်ကယ်ရိုလိုင်းနားစသဖြင့် ပြောင်းရွှေ့နေရတဲ့အတွက်ကြောင့် လက်ထပ်ပြီးခါစ ဇနီးလေး Mary နဲ့ အတူတူ နေခွင့်မရခဲ့ပါဘူးတဲ့။

READ
မိသားစုဝင်တွေရဲ့ အဓမ္မကျင့်ခြင်းကိုခံခဲ့ရပြီး မီးရှို့သတ်ခံရတဲ့ကောင်မလေး
Instagram-@pnwtraid16
Instagram-@pnwtraid16

ဒါနဲ့ ၂၀၁၀ ခုနှစ်မှာတော့ မိသားစုဘဝလေး သေသေချာချာတည်ဆောက်ချင်ပြီဆိုတဲ့ စိတ်နဲ့ရေတပ်မှထွက်ခဲ့ကာ Washington ကို ပြန်လာခဲ့ပြီး ဇနီးနဲ့အတူတူ CrossFit Gym ကို တည်ထောင်ခဲ့ပါတော့တယ်။ ၅ နှစ်လောက်အကြာမှာတော့ Kimberlee Slagle ဆိုတဲ့ အမျိုးသမီးနဲ့ စတွေ့ခဲ့ပါတယ်။ Kimberlee ဟာ သူတို့ gym က member ဝင်တစ်ယောက်ပါ။ အဲဒီမှာ စကားတွေဘာတွေပြောရင်း သုံးယောက်သား ခင်မင်ရင်းနှီးခဲ့ကာ စားအတူ သွားအတူ လာအတူနဲ့ မိသားစုအရင်းချာတွေလိုဖြစ်လာခဲ့ပါတယ်တဲ့။ သုံးယောက်သားခင်မင်မှုဟာ မိတ်ဆွေသူငယ်ချင်းတွေဆိုတာထက်ကို ပိုလာတဲ့ သံယောဇဉ်အရိပ်အယောင်တွေရှိလာခဲ့ပါတယ်။

Instagram-@pnwtraid16

ဒါနဲ့အချင်းချင်းသဘောတူညီမှုရကာ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ သုံးယောက်သား Throuple စတင်လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ဇွန်လမှာတော့ သုံးယောက်သား Kimberlee ရဲ့ အရင်ချစ်သူနဲ့ရခဲ့တဲ့ ကလေးနှစ်ယောက်၊ Mary နဲ့ Leo နဲ့ရခဲ့တဲ့ ကလး ၂ ယောက်နဲ့အတူတူ တစ်မိုးအောက်မှာ မိသားစုဘဝလေး တည်ဆောက်ထားပါတယ်တဲ့။ သူတို့ရဲ့ကြည်နူးစရာပုံလေးတွေကိုတော့ @pnwtraid16 ဆိုတဲ့ Instagram account မှာ တင်လေ့ရှိပါတယ်။ သုံးယောက်သားရဲ့ အခြေအနေကိုလည်း နီးစပ်ရာမိတ်ဆွေဆွေမျိုးတို့ကလည်း လက်ခံပေးလို့ ပျော်ရွှင်ကြည်နူးနေကြတယ်လို့ Lad Bible မှာ ဖတ်ခဲ့ရပါတယ်။

READ
သင့်ကို သေချာပေါက် အသဲခွဲမယ့် ယောကျာ်းတစ်ယောက်မှာ ဒီလိုအကျင့်တွေရှိပါတယ်။
Instagram-@pnwtraid16
Instagram-@pnwtraid16

Penny

SHARE