သြစတြီးယား၊ Carinthia ဟာ နှင်းတောင်တွေနဲ့ ပတ်လည်ဝိုင်းနေတဲ့ ဒေသတစ်ခုပါ။ နှင်းလျှောစီးတဲ့လူတွေ၊ နှင်းတောင်တက်တဲ့လူတွေရဲ့ အကြိုက်ဆုံးနေရာမျိုးပေါ့။ ရှုခင်းလည်းကောင်းတဲ့အတွက်ကြောင့် ဒီဒေသတစ်ဝှက်မှာ အပန်းလာဖြေတဲ့လူတွေလည်း များလျက်ရှိနေပါတယ်။
အဲဒီနေ့က စုံတွဲတစ်တွဲကတော့ အုံ့စိုင်းနေတဲ့ ဒီဒေသကြီးမှာ ရိုမန့်တစ်ဆန်တဲ့ အမှတ်တရလေးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားကြည်နူးဖွယ်ရာကနေ သည်းထိတ်ရင်ဖိုအဖြစ်ဆိုးတစ်ခုကြီး ဖြစ်သွားခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့တာပါ။
အသက် (၃၀) ၀န်းကျင် ချစ်သူနှစ်ယောက်ဟာ နှင်းတောင်ကြီးပေါ်မှာ ရိုမန့်တစ်ဆန်စွာနဲ့ပဲ လက်ထပ်ခွင့်ကြောင်းခဲ့တာပါ။ နေရာကတော့ Falkert နှင်းတောင်ပေါ့။ ဒီနှင်းတောင်ဟာ မြေပြင်နဲ့ဆိုရင် ပေ ၆၅၀ တောင် မြင့်ပါတယ်။
အမျိုးသမီးဟာ ချစ်သူရဲ့ propose လုပ်တာကို ဝမ်းသာစွာနဲ့ “YES” လို့ပြောခဲ့တာပေါ့။ ပြောပြောပြီးချင်းမှာပဲ ရုတ်တရက်ဆိုသလို သူတို့ရပ်နေတဲ့ တောင်စောင်းနေရာကြီး တည့်တည့်ကို တောင်ပေါ်ကနေ နှင်းတွေကျလာခဲ့ပါတယ်။ နှင်းပြိုပြီး ချစ်သူနှစ်ယောက်ဟာ ပေ ၆၅၀ အမြင့်ကနေ နှင်းတွေဖုံးနေတဲ့ မြေကြီးပေါ်ကို ကျသွားခဲ့ပါတယ်။
ဒါကိုအောက်ကလူတွေမြင်လို့ Alpin-1 Notarzthubschrauber ကယ်ဆယ်ရေးအဖွဲ့မှ ရဟတ်ယာဉ်နဲ့လာရောက်ကယ်ဆယ်ခဲ့ပါတယ်။ အဲဒီမှာ အမျိုးသားဖြစ်သူကိုတော့ အလွယ်တကူပဲ ရှာတွေ့ပြီး ကယ်ဆယ်ခဲ့ပေမယ့်လို့ အမျိုးသမီးကိုတော့ လိုက်ရှာခဲ့ရာ လွယ်လွယ်ကူကူရှာမတွေ့ခဲ့ပါဘူး။ ကံကောင်းချင်တော့ နှင်းတောင်တက်တဲ့လူတစ်ယောက်ဟာ သူလျှောက်နေတဲ့လမ်းကြောင်းမှာ အဲဒီအမျိုးသမီးကိုရှာတွေ့ခဲ့တာကြောင့် ကယ်ဆယ်ရေးကို အကြောင်းကြားခဲ့လို့ အသက်မသေဘဲ ရှိခဲ့တာပါတဲ့။
နှစ်ယောက်သားကတော့ ဆေးရုံကဆင်းပြီး ဘေးကင်းကင်းနဲ့ အိမ်ပြန်သွားခဲ့ပါပြီ။
penny