CNN မှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ကံကောင်းလှတဲ့ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ အိမ်နံရံထဲမှာ ဝှက်ထားတဲ့ ရှေးဟောင်းအရက်ပုလင်းပေါင်း ရာကဏန်းနီးပါးလောက်ကို တွေ့ခဲ့တယ်ဆိုတဲ့အကြောင်းလေးပါ။
Nick Drummond နဲ့ Patrick Bakker တို့နှစ်ယောက်ဟာ နယူးယောက်ရဲ့ Ames ဆိုတဲ့ ရွာလေးမှာ အိမ်လေးတစ်အိမ်ဝယ်ခဲ့ပါတယ်။ အိမ်လေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က ဆောက်ထားတဲ့ အိမ်လေးတစ်အိမ်ဖြစ်ပြီးတော့ မြို့လေးရဲ့ အထင်ကရနှေရာလေးပေါ့။
View this post on Instagram
ဘယ်လိုပဲ ရှေးဟောင်းအိမ်လေးဆိုဆို၊ လူနေဖို့အတွက်ကိုတော့ ပြုပြင်မှုတွေ လုပ်ခဲ့ရပါတယ်။ နံရံတွေကို ခိုင်အောင်လုပ်၊ ကြမ်းခင်းနဲ့ အမိုးတွေ ပြန်လုပ်နဲ့ ပြန်လည်ပြုပြင်ရေးလုပ်နေတုန်းမှာတင်ကို နံရံထဲကနေ ဘယ်လိုမှမထင်မှတ်ထားတဲ့ ပစ္စည်းတွေ ထွက်လာခဲ့ပါတယ်တဲ့။ ဝီစကီ အရက်ပုလင်းတွေပါ။ အရက်ပုလင်းရဲ့ ထုတ်တဲ့ခုနှစ်ကို ပြန်ကြည့်လိုက်တော့ ၁၉၂၀ နှောင်းပိုင်းနဲ့ ၁၉၃၀ ပတ်ချာလည်လောက်က ထုတ်ထားခဲ့တယ်ဆိုတာ သွားတွေ့ရတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ပတ်ချာလည်လောက်ကပေါ့။ အဲဒီကာလတွေကို အမေရိကမှာတော့ Prohibition-era လို့ခေါ်ပါတယ်။ အရက်တွေကို ကိုယ်တိုင်ချက်ပြီး ရောင်းချခွင့်ကို တရားဝင်ခွင့်ပြုခဲ့တဲ့အချိန်ကာလပေါ့။
View this post on Instagram
အိမ်ကိုတော့ ဂျာမနီလူမျိုး Count Adolph Humpfner က ၁၉၁၅ ခုနှစ်မှာ ဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့် အိမ်ဆောက်ပြီးကာမှ အရက်ပုလင်းတွေကို နံရံထဲ အံဝှက်လိုပုံစံမျိုးနဲ့ ထည့်ဆောက်ရင်း နောက်လူလက်ထဲတွေရောက်တဲ့အခါမှာ မသိတော့တာ ဖြစ်နိုင်တယ်ဆိုပြီးတော့ ကောက်ချက်ချထားခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
ဒါတွေအပြင်ကိုမှ အိမ်ထဲမှာလည်း အိမ်အောက်ဖက်ထဲကို ဝင်လို့ရမယ့် လျှို့ဝှက်တံခါးတွေကိုလည်း ရှာတွေ့ခဲ့ပြီးတော့ အဲဒီမှာလည်း အရက်ပုလင်းတွေ ထပ်ပြီးရှာတွေ့ခဲ့ရာ စုစုပေါင်း ဝီစကီပုလင်းပေါင်း ၆၆ ပုလင်းကိုရှာတွေ့ခဲ့ပါတယ်တဲ့။
View this post on Instagram
အရက်ပုလင်း တစ်ပုလင်းကို ဒေါ်လာ ၁၀၀၀ နီးနီးတန်ကြေးရှိနေပါတယ်တဲ့။ ပိုင်ရှင်တွေကတော့ ၁ ပုလင်းကို သူတို့သောက်ဖို့ ထားထားမှာဖြစ်ပြီးတော့ ကျန်တဲ့ပုလင်းတွေကိုတော့ ဝယ်မယ့်လူတွေရှိရင် ရောင်းပေးပါမယ်တဲ့လေ။
View this post on Instagram
penny