အနောက်တိုင်းဆန်စွာ လူမြင်ကွင်းမှာလက်ထပ်ခွင့်တောင်းခဲ့လို့ အဖမ်းခံခဲ့ရတဲ့ အီရန်စုံတွဲ

ချစ်သူနှစ်ဦး ရိုမန်းတစ်ဆန်စွာ လူမြင်ကွင်းမှာ လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် အနောက်တိုင်းအရမ်းဆန်လွန်းတယ်ဆိုပြီး နှစ်ယောက်စလုံးကို အီရန်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။

အမျိုးသားဟာ သူချစ်ရတဲ့အမျိုးသမီးနဲ့တစ်သက်လုံး အတူတူနေဖို့ ခွင့်တောင်းတဲ့နေ့ရက်လေးကို ထူးထူးခြားခြားနဲ့ အမှတ်တရလေးလည်းဖြစ်အောင်ဆိုပြီး လူတွေအများကြီးရှိနေတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ နှင်းဆီပန်းလေးတွေခြွေခင်းပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။

Twitter

နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အသည်းပုံသဏ္ဍာန်ပုံဖော်ကာ ပူဖောင်းရောင်စုံလေးတွေနဲ့ လူအများအရှေ့အမြတ်တနိုးလက်ထပ်ခွင့်တောင်းခံရတဲ့အတွက် အမျိုးသမီးဖြစ်သူမှာလည်း အရမ်းကို ပျော်ရွှင်နေပါတယ်။

Twitter

နောက်မှာတော့ လက်ထပ်လက်စွတ်နဲ့ လက်ထပ်ခွင့်တောင်းလိုက်တဲ့အခါ အမျိုးသမီးဘက်မှ လက်ခံခဲ့ကာ အမျိုးသားမှ လက်စွတ်ဝတ်ပေးခဲ့ပါတယ်။ ပြီးမှာတော့ နှင်းဆီပန်းတွေဝိုင်းထားတဲ့ အသည်းပုံကွက်လပ်ထဲကို အမျိုးသမီးမှ ဝင်ကာ တစ်ဦးနှင့်တစ်ဦး ကြင်ကြင်နာနာ ဖက်လိုက်ကြပါတယ်။

Twitter

ဒီစြဖ်ရပ်ကို ဘေးမှရပ်ကြည့်နေတဲ့ လူအုပ်ကြီးကလည်း အပျော်တွေကူးစက်ကာ ကြည်နူးပြီး ကြည့်နေသူကကြည့်နေ ပျော်စရာကိစ္စမို့ ဗီဒီယိုရိုက်တဲ့လူကရိုက်နဲ့ တက်တက်ကြွကြွဖြစ်နေခဲ့ပါတယ်။ ဒီဗီဒီယိုကိုတော့ Islamic Republic News Agency မှ journalist ဖြစ်သူ Sobhan Hassanvand ရဲ့ ကိုယ်ပိုင် account မှ Twitter ပေါ်တင်ထားခဲ့ရင်း လူတွေကြားထဲ ပျံ့နှံ့ခဲ့တာပါ။

READ
တော်ဝင်ဖိနှိပ်မှုတွေကြားကအကြိမ်ကြိမ်ထွက်ပြေးခဲ့လို့ လက်စပျောက်နေတဲ့ဒူဘိုင်းမင်းသမီး

 

သို့ပေမဲ့ သိပ်မကြာခင်မှာပဲ ဗီဒီယိုထဲက ကာယကံရှင်အမျိုးသားနဲ့ အမျိုးသမီးတို့နှစ်ဦးကို အီရန်အစိုးမှ အမျိုးသားနဲ့အမျိုးသမီးဥပဒေဆိုင်ရာနဲ့စွဲချက်တင်ကာ ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုကတော့ အနောက်တိုင်းဆန်စွာ ပြုမူနေထိုင်ခြင်းနဲ့ လူအများရှေ့မှာ အသားချင်းထိပြီး ဖက်ကာ နမ်းရှုတ်လိုက်လို့ပါတဲ့။ အာမခံကိုတော့ ပေးထားခြင်းရှိပေမယ့် အမှုကိစ္စကို ဘယ်အချိန်မှာ ရုံးတင်စစ်ဆေးမယ်ဆိုတာကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

READ
အသားလုံးဟင်း နာမည်ရေးထိုးရာမှာ အကြီးအကျယ် ဘာသာပြန်မှားခဲ့တဲ့ ဟော်တယ်တစ်ခု

Source: the Sun

Penny

SHARE