ကိုယ်လုံးတီးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့ စုံတွဲ

စုံတွဲတစ်တွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲကို သူများနဲ့မတူ တမူထူးခြားစွာ ဆောင်ခဲ့ ပါတယ်။ဝတ်စုံဖိုးလုံးဝအကုန်မခံပဲ ဧည့်ပရိသတ်တွေ အများကြီးရဲ့ ရှေ့မှာ ကိုယ်လုံးတီးနဲ့ မင်္ဂလာဆောင်ခဲ့ကြတာပါ။ဒီလိုထူးဆန်းတဲ့ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ တဲ့ အမျိုးသားကတော့ ဗြိတိန်မှာမွေးတဲ့ Jeff Adams အသက်(၅၄)နဲ့ အမျိုးသမီးကတော့ နယူးဇီလန်မှ Sue ဖြစ်ပြီး အသက်ကတော့ (၄၇)ပါ။

သူတို့စုံတွဲရဲ မင်္ဂလာပွဲကိုတော့ သြစတြေးလျနိုင်ငံ  Toowoomba မြို့မှာ ဧပြီလက ကျင်းပခဲ့တာပါ။မြေး(၆)ယောက်ရဲ့ အဖိုး၊အဖွားတွေပါ။မုန့်ဖုတ်ဆိုင် ၀န်ထမ်း Sue ကပြောရာမှာ”ဒါဟာ ကျွန်မလိုချင်တဲ့ မင်္ဂလာပွဲမျိုး ဆင်နွှဲနိုင်တဲ့ အခွင့်အရေးပဲ။ဘာကြောင့်လဲဆိုတော့ ကျွန်မ ပထမဆုံး လက်ထပ်ခဲ့ တုန်းက အဲ့နေ့ကို အရမ်းမုန်းခဲ့တာပဲ” လို့ဆိုပါတယ်။ဒီတစ်ကြိမ်လက်ထပ်တဲ့ အခါမှာတော့ သူမရဲ့ အတွေ့အကြုံဟာထူးခြားပြီး တခြားလူတွေ ကြိုက်၊ကြိုက်၊ မကြိုက်ကြိုက် သူမကတော့ ဂရုမစိုက်ဘူးလို့ ကလေးသုံးယောက်ရဲ့ မိခင် Sue ကပြောပါတယ်။သူမအဖို့ကတော့ ဒီတစ်ကြိမ်မင်္ဂလာပွဲမှာ သတို့သမီး ၀တ်စုံအတွက် စိတ်ပူပန်ဖို့ လုံးဝမလိုခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

Sue နဲ့ Jeff တို့ဟာ (၂၀၁၅)ခုနှစ်က အွန်လိုင်းပေါ်မှာ ဆုံဆည်းခဲ့ကြသူေ တွပါ။နောက်ဆုံးမှာတော့ သူတို့ဟာ Queensland ပြည်နယ်မှာပဲ မိနစ် (၂၀)လောက် ခြားတဲ့ နေရာမှာ နေနေကြတယ်ဆိုတာကို သိခဲ့တာပါ။သူတို့ နှစ်ဦးဟာ သုံးနှစ်ခွဲလောက် အတူနေခဲ့ပြီးနောက် သူတို့နှစ်ဦးဟာကိုယ်လုံးတီး ချွတ်တွေ လမ်းသလားကြတယ်လို့ နာမည်ကြီးတဲ့ Byron Bay ကမ်းခြေကို အလည်အပတ်သွားခဲ့ပါတယ်။ဒါ့အပြင် လုံးတီးချွတ်တွေ ခေတ်စားတဲ့ အပမ်ြးေ ဖနေရာ တွေရှိရာ ဥရောပ၊ခရိုအေးရှားတို့လည်း (၂၀၁၆)ဇွန်လက အလည်သွား ခဲ့ကြပါတယ်။Jeff ဟာ (၂၀၁၆)အောက်တိုဘာမှာတော့ Toowoomba မြို့က Eagle View မှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး လက်ထပ်ပွဲကိုလည်း အဲ့ဒီမှာပဲ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

READ
ဆရာကျလွန်းတဲ့ ကားပါကင်ထိုးနည်းကြောင့် ဒဏ်ငွေနဲ့ပြင်ဆင်စရိတ် ဆောင်ရမယ့်လူ

ဧပြီမှာတော့ အပမ်းဖြေစခန်းရဲ့ အသည်းပုံ ဥယျာဉ်ခြံထဲမှာ သူငယ်ချင်း မိတ်ေ ဆွတွေနဲ့တခြား မသိတဲ့ တစိမ်းတွေကိုပါ ဖိတ်ပြီး လက်ထပ်ပွဲကို ကျင်းပခဲ့တာ ပါ။မင်္ဂလာဝတ်စုံကတော့ မပါပဲ မိမွေးတိုင်း ဖမွေးတိုင်း ပုံမျိုးနဲ့လက်ထပ်ခဲ့တာ ပါ။နောက်ဆုံးမင်္ဂလာကိတ်ပေါ်မှာတင်ထားတဲ့ အရုပ်ကအစအ၀တ်အစား ဗလာကျင်းနေခဲ့တာပါ။သတို့သမီးရဲ့ ကိုယ်ပေါ်မှာတော့ အပြာရောင် ဘောင်းဘီ သိုင်းကြိုးကွင်းနဲ့အဖြူရောင် ခေါင်းဆောင်းပုဝါစပဲ ရှိပါတယ်။သတို့သား Jeff  ကလည်း ဗလာကျင်းနေတဲ့ ရင်ဘတ်ပေါ်မှာ ကပ်ထားတဲ့ ပန်းကလွဲလို့ ဘာမှ မရှိပါဘူး။

သူတို့နှစ်ယောက်ရဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းကတော့ ရှက်လို့ဆိုပြီး မင်္ဂလာပွဲကို မလာခဲ့ကြပါဘူး။ကိုယ်လုံးတီးနေရတာကို မှ အရမ်းကြိုက်နေတဲ့ Jeff ကေ တာ့’ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အားပေးလိုက်တာပဲ၊လူတွေ ဟာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ကြောက်နေကြတယ်၊ဒါက နည်းနည်းတော့ ထိတ်လန့်စရာနည်းပါ၊မင်းသာ ကိုယ်လုံးတီးချွတ်နဲ့ဆိုရင် ငယ်တာ၊ကြီးတာ၊ ရှည်တာ၊ပုတာ၊ပိန်တာ၊၀တတာ၊ကိုယ်ဝန်ရှိတာ အကုန်ဖြစ်နိုင်တယ်၊ဘယ်သူက မှလည်း ဒါကို သတိထားမိမှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။

READ
ရေကူးကန်ထဲမှာ မိကျောင်းကြီးတစ်ကောင် ရောက်နေလို့ ထိတ်လန့်ခဲ့ရတဲ့ မိသားစု

Ref;Daily Mail

Nilar(Shwemom)

SHARE