ဧ၀ရတ်တောင်ထိပ်ထိသွားပြီး အချစ်တွေကို သက်သေထူခဲ့တဲ့ စုံတွဲ

Image:twitter/@FemiOke

ဒီနေ့ ခေတ်မှာဆိုရင် စုံတွဲ တွေ က သူ့ထက် ငါ ပိုပြီး အမှတ်တရ ဖြစ်စေတဲ့ မင်္ဂလာပွဲလေးတွေကို ဆင်နွှဲ လာကြတာ တွေ့ရပါတယ်။တစ်သက်မှာ တစ်ခါ မင်္ဂလာပွဲ လေးကိုတော့ သူများတွေထက်ပိုပြီး ထူးထူးခြားခြားလေး ကျင်းပခဲ့တဲ့ စုံတွဲ တစ်တွဲ ရှိပါတယ်။သူတို့ ကတော့ မင်္ဂလာပွဲကို ဧ၀ရတ် တောင်ထိပ်မှာ ကျင်းပခဲ့ကြတာပါ။အသက် (၂၃)နှစ် အရွယ် Ashley Schmeider နဲ့ အသက် (၃၅)နှစ်အရွယ် James Sisson တို့ ကတော့ တကယ့်ကို ရင်ခုန်စိတ် လှုပ်ရှားမှုတွေနဲ့ ပြည့်နေတဲ့ ထူးခြားတဲ့ မင်္ဂလာပွဲ လေးကို ကျင်းပခဲ့ပါတယ်။ဒီလို မင်္ဂလာဆောင်နိုင်ဖို့ တစ်နှစ်ပတ်လုံး အချိန်ယူခဲ့ရပြီး မင်္ဂလာပွဲ အတွက် Training ယူခဲ့ပါတယ်။သူတို့ မင်္ဂလာပွဲကျင်းပချင်တဲ့ နေရာက ဧ၀ရတ် တောင်ထိပ်မို့ အချိန်အကြာကြီး လေ့ကျင့်မှုတွေ ခံယူခဲ့ရတာပါ။

Image:twitter/@FemiOke

အချစ်က တောင်ကိုတောင် ရွှေ့ နိုင်တဲ့ အစွမ်းရှိတယ်ဆိုပြီး လူတွေ က ပြောကြပါတယ်။အဲ့ဒီစုံတွဲကတော့ တောင် ကိုတော့ ရွှေ့ မပြ ခဲ့ပေမယ့်  တောင်ထိပ်ထိ ရောက်အောင် တော့ လျှောက်ပြခဲ့ပါတယ်။အရင်တည်းက တခြားစုံ တွဲတွေလို ခန်းမမှာ မဆောင်ပဲ ဧ၀ရတ် တောင်ထိပ် မှာပဲ မင်္ဂလာဆောင်ဖို့ သဘောတူ ထားခဲ့ ကြတာပါ။

READ
ကမ်းခြေမှာ ရိုဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့ရာ လက်စွပ်ပင်လယ်ထဲ ကျသွားတဲ့အဖြစ်
Image:twitter/@FemiOke

ဓါတ်ပုံဆရာ Charleton Churchill က ဒီခရီးစဉ် အတွက် စီစဉ် ပေးခဲ့တာပါ။နီ ပေါ ကို မတ်လ အစောပိုင်းမှာ သွားခဲ့ပြီး ဧ၀ရတ် တောင်ခရီးစဉ်ကို ဆွဲခဲ့တာပါ။တောင်ခြေ စခန်း ကို ရောက်ဖို့ အတွက် (၃)ပတ် လောက် အချိန်ယူ ခဲ့ကြပါတယ်။အဲ့ဒီ တောင်ခြေစခန်းကတော့ ပေ (17,000) အမြင့်မှာ တည်ရှိတာပါ။

Image:twitter/@FemiOke

ခန့်မှန်းလို့ မရတဲ့ ရာသီဥတု နဲ့ တကယ့်ကို မမေ့နိုင်တဲ့ အမှတ်တရ တွေ အများကြီးရှိခဲ့ကြောင်း၊ဒီကြားထဲမှာ အရမ်းေ အးတာ၊နှင်းတွေ သဲသဲမဲမဲ ကျတာတွေ ကြောင့် ဖျားနာတာမျိုးတောင်ရှိခဲ့တယ်လို့ သူတို့ရဲ့ အတွေ့ အကြုံတွေ ကို ဝေမျှ ခဲ့ပါတယ်။ ဓါတ်ပုံဆရာ Charleton Churchill ကတော့ “ အပူချိန်ဟာ (-၈) ကနေ (၁၀) ဒီဂရီ ဖာရင် ဟိုက်ဒ် လောက် အထိ ရှိကြောင်း၊လက်တွေ တောင် တုန်ရီ အေးခဲ နိုင်တာမို့ လက်အိတ်ကို မချွတ် စတမ်း ၀တ်ထားရ ကြောင်း… ပြောခဲ့ပါတယ်။ James နဲ့ Ashley တို့ ကတော့ (-5 degrees Fahrenheit – 5 degrees Fahrenheit) ကြားမှာ ရှိတဲ့ ရာသီဥတု အနေ အထားမှာ လက်ထပ် ခဲ့ကြတာပါ။အခုဆိုရင်တော့ သူတို့စုံတွဲဟာ ဧ၀ရတ် တောင်ထိပ်မှာ မင်္ဂလာပွဲ ဆင်နွှဲ တဲ့ ပထမဆုံး စုံတွဲဖြစ်လာခဲ့ပါပြီ။

READ
ရှေးဟောင်းတူရိယာပြင်ရင် မတော်တဆ အက်ဆစ်ဆေးတွေမိပြီး ကြောင်သွားတဲ့ စက်ပြင်ဆရာ
Image:twitter/@FemiOke

Source:healthyfoodhouse

SHARE