ရေဘေးသင့်နေပေမယ့် ခွေးလေးတွေကို ရအောင်ကယ်ခဲ့တဲ့ ဂရုဏာရှင် စုံတွဲ

Image:FB/Betty Vaquera Escandón

မက္ကဆီကို မြောက်ပိုင်းမှာတော့ Hanna ဟာရီကိန်း မုန်တိုင်းကြောင့် ရေကြီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ရေဘေး သင့်နေတဲ့ Reynosa မြို့ Santa Cecilia ရပ်ကွက်မှာရှိတဲ့  စုံတွဲ တစ်တွဲရဲ့ ဗီဒီယိုဖိုင်က တော့ အွန်လိုင်းပေါ်မှာ တော်တော် လေး နာမည်ကြီး နေပါတယ်။ ဗီဒီယိုဖိုင် ကိုတော့ Betty Vaquera Escandón ဆိုသူက မှတ်တမ်း တင်ခဲ့တာပါ။သူမရဲ့ မိဘ တွေ ဖြစ်တဲ့ Santos Vaquera Herrera  နဲ့ Beatriz Escandón တို့ က  ခွေး (၁၀) ကောင်ကို ကြိုးကြိုးစားစား ကယ်နေတဲ့ ဗီဒီယိုဖိုင်ပါ။ဒီ အ ကြောင်းကိုတော့ Fox News နဲ့ Daily Mail မှာ ဖော်ပြ ထားတာပါ။

Image:FB/Betty Vaquera Escandón

ကျမ မိဘ တွေက အရာအားလုံးကို ဆုံးရှုံးလိုက် ရ ပေမယ့် သူတို့ ရဲ့ ဘေဘီ လေးတွေ ကို တော့ ကယ်လိုက် နိုင်တယ်..” ဆိုပြီး ဗီဒီယိုဖိုင်ကို Facebook မှာ တင်ခဲ့တာပါ။ဗီဒီယိုဖိုင်ထဲမှာတော့ ခွေး လေး တွေကို ကော်ပုံး အကြီးကြီး ထဲမှာ ထည့် သယ်လာခဲ့တာပါ။အဲ့ဒီဗီဒီယိုဖိုင်ကို ကြည့်ပြီး ခွေးလေး တွေကို မွေးစားချင် တယ် လို့ ကမ်း လှမ်းလာကြတဲ့ သူတွေ တောင်မှ ရှိပါတယ်။ဒါပေမယ့် လည်း Vaquera Escandón က တော့ ခွေး လေးတွေ ကို အကျိုးအမြတ်တွေ ရောင်းမှာ မဟုတ် ဘူး။ သူတို့ လေးတွေ ကလည်း မိသားစုဝင်တွေ ပဲ လို့  ရောင်းဖို့ ကမ်းလှမ်းသူတွေကို ပြန် တုံ့ပြန်ခဲ့ပါတယ်။

READ
သူငယ်ချင်းလေးတွေ ဖြစ်နေကြတဲ့ ချစ်စဖွယ် တိရစ္ဆာန်လေး(၂) ကောင်
Image:FB/Betty Vaquera Escandón

လက်ရှိမှာတော့ ရေ ဘေးသင့်နေတာ မို့ အစိုးရ ရဲ့ အကူအညီကိုများ ရ လေ မလား ဆိုပြီး Vaquera Escandón နဲ့ သူတို့ရဲ့ အိမ် နီးချင်းတွေ က စောင့် ဆိုင်း နေကြပါတယ်။Hanna က တော့  2020 Atlantic season အတွက် ပထမဆုံး ဟာရီကိန်း မုန်တိုင်းပါ။မု န်တိုင်း ကြောင့် Ramos Arispe မြို့မှာတော့ လူ(၂)ဦး ထက် အနည်း သေဆုံး ခဲ့ကာ Reynosa နဲ့ Monterrey  မှာတော့ လူသုံးဦးစီ၊စုစု ပေါင်း လူ (၆) ယောက် ပျောက်ဆုံး နေပါတယ်။

Mis papás perdieron todo… pero lograron sacar sus bebés 😭

Posted by Betty Vaquera Escandón on Sunday, 26 July 2020

#SHWEMOM

SHARE