မနက်စာစားဖို့ငြင်းဆန်တဲ့(၂)နှစ်အရွယ်သားလေးကို သေသည်အထိရိုက်နှက်ခဲ့သည့်စုံတွဲ

စင်္ကာပူလူမျိုး ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ Zaidah (41)နှစ်နဲ့ သူမရဲ့ ခင်ပွန်း Zaini Jamari (46)နှစ်တို့ဟာ ၎င်းတို့ရဲ့ 2 နှစ်အရွယ်သာရှိသေးတဲ့ သားဖြစ်သူကို သေအောင်ရိုက်နှက်ခဲ့မှုအတွက် မကြာသေးခင်ကမှ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခြင်းကို ခံခဲ့ရတယ်လို့  ndtv သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဆိုပါ စုံတွဲဟာ သူတို့ရဲ့သား Mohamad Danial ကို မနက်စာ စားဖို့ ငြင်းဆန်တဲ့အတွက် ပြီးခဲ့တဲ့ 2015 ခုနှစ်က အပြင်းအထန် ရိုက်နှက်ရာမှာ လက်လွန်သေဆုံးသွားခဲ့ပါတယ်။ ဒီမတိုင်ခင်ကတည်းက Daniel ဟာ မကြာခဏ ရက်ရက်စက်စက် ရိုက်နှက်ခံရတယ်လို့ သိရပါတယ်။

မိခင်နှင့် Daniel

Daniel ဟာ မိုးရွာနေတဲ့ နေအိမ်အပြင်ဘက်မှာ မနက် 10 နာရီမှ ည 7 နာရီအထိ ရပ်ခိုင်းကာ နှိပ်စက်ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုပါတယ်။ အဆိုပါ မျက်မြင်သက်သေကပဲ ကလေးက ကိုယ်တုံးလုံးနဲ့ မိုးရေတွေကြောက် ခိုက်ခိုက်တုန်နေလို့ အိမ်တွင်းကို ပြန်ဝင်ဖို့ ကြိုးစားတဲ့အခါတိုင်း ကန်ထုတ်ခြင်း ကြိမ်နဲ့ရိုက်ခြင်းတွေ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

READ
လူတွေစွန့်ပစ်ခဲ့တဲ့ အမှိုက်တွေ ပြည့်နေတဲ့ ကမ်းခြေမှာ အမှိုက်သိမ်းနေတဲ့ စင်ရော်ငှက်ကလေး

2015 ခုနှစ် နိုဝင်္ဘာလ 22 ရက်နေ့မှာတော့ အဆိုဝါးဆုံးအခြေအနေကို ရောက်ခဲ့ပြီး၊ မနက်စာစားဖို့ ငြင်းဆန်တဲ့ Daniel ကို လင်မယားနှစ်ယောက် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။ ရင်ဘတ်ကို လက်သီးနဲ့ စောင့်ထိုးခြင်း၊ ပါးစပ်ထဲကို ငရုတ်သီးများ ခွံ့ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

နောက်ဆုံးမှာ Daniel ဟာ အသက်မရှုနိုင်တော့ဘဲ လဲကျသွားခဲ့ပါတယ်။ ဆေးရုံကို ရောက်တဲ့အခါမှာ ဆရာဝန်တွေကို ကလေးက အိမ်သာသွားရင်း ချော်လဲခဲ့တာလို လိမ်ညာခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေက စစ်ဆေးတဲ့အခါမှာ ကလေးဟာ ပြင်ပဒဏ်ရာ 41 ခုအထိ ရှိနေလို့ ဆရာဝန်တွေက ရဲကိုအကြောင်းကြားခဲ့ပါတယ်။ Daniel လည်း ဆေးရုံရောက်ပြီး မကြာမီမှာ သေဆုံးသွားပါတယ်။

အမိန့်ချမှတ် အပြီး

Zaidah နဲ့ သူမရဲ့ ခင်ပွန်း Zaini တို့ နှစ်ဦးစလုံးကို အမှုပေါင်း 32 မှုနဲ့ စွဲချက်တင် စစ်ဆေးခဲ့ပြီး၊ တစ်နစ်ကြာ အပြန်အလှန် စစ်ဆေးပြီးနောက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က သေဆုံးသူရဲ့မိခင် Zaidah ကို  ထောင်ဒဏ် 11 နှစ်၊ ဖခင်ဖြစ်သူ Zaini ကို ထောင်ဒဏ် 10 နှစ်နဲ့ ကြိမ်ဒဏ် 12 ချက် အပြစ်ပေးခဲ့ကြောင်း သိရပါတယ်။

READ
သေကြောင်းကြံမယ့် ကောင်လေးကို အနမ်းပေးပြီး အသက်ကယ်ခဲ့တဲ့ ကောင်မလေး

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE