မိုင် (၈၀၀၀) ကျော်ခြားနားနေပေမယ့် လမ်းတစ်ဝက်မှာ ဖြတ်တွေ့ကြတဲ့ ချစ်သူနှစ်ဦး

ကမ္ဘာပေါ်က အချစ်က အလှအပဆုံးအရာတစ်ခုဆိုပြီး ပြောစမှတ်ရှိကြပါတယ်။ ဒီလောက်လောက် ကံမကောင်း အကြောင်းမလှတဲ့ ကမ္ဘာကြီးထဲမှာ လူတော်တော်များအဖို့ အသက် ဆက်ရှင်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ “ကိုယ်ရဲ့ အသက်ရှင်ခြင်းဆိုတာလည်း…..”

ဒါကို စုံတွဲတွေ တစ်တွဲက အားလုံးသော အခက်အခဲတွေကို ကျော်ဖြတ်ပြီး အချစ်မှာ ဘောင်တွေခတ်၊ ခြားနားမှုတွေ လှပ် မနေဘူးဆိုတာကို အထင်အရှား သက်သေပြခဲ့ကြပါတယ်။ အစကတည်း တစ်ယောက်အတွက် တစ်ယောက်မှာ တစ်စုံတစ်ရာ ရှိနေခဲ့တယ်ဆိုတာကို သူတို့သိခဲ့ကြတယ်။

မီလန်မြို့
dipkisstravels

သူတို့နှစ်ယောက်ကြားမှာ မိုင်ပေါင်း (၈၀၀၀) ဆိုတဲ့ အကွာအဝေးတစ်ခုက ခြားနားပါတယ်။ Rob က အမေရိကန်နိုင်ငံက ဖြစ်ပြီး Joli ကတော့ ဖိလစ်ပိုင်နိုင်ငံမှာ နေထိုင်ပါတယ်။ ဘယ်လောက်ပဲ မိုင်တွေခြားနေခြားနေ သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံ ခံစားချက်တွေကတော့ အမြဲနီးစပ်နေခဲ့ကြပါတယ်။ ဒီတော့ သူတို့ နှစ်ယောက်ရဲ့အချစ်အတွက် တိုက်ပွဲဝင်ဖို့ရာ ဖန်တီးနိုင်စွမ်းရှိမယ့် နည်းလမ်းကို ဖွေရှာကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

READ
ချစ်သူကို သတိရရင်လုပ်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ အပြုအမူများ

နှစ်ယောက်သားကလည်း ခရီးသွားရတာကို  ကြိုက်နှစ်သက်ကြတော့ ကမ္ဘာအနှံ့ နိုင်ငံအရပ်ရပ်ကို ခရီးထွက်ပြီး လမ်းတစ်ဝက်မှာ တွေ့ကြဆုံကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ထားရှိခဲ့ကြတယ်။ ဒီလိုနဲ့ ထွက်သမျှခရီးတိုင်းဟာ အတူတကွပဲ ဖြစ်နေခဲ့တယ်။ ခွဲခွာရမယ့် အချိန်ရောက်လာခဲ့ပြန်တော့လည်းး နှုတ်ဆက်ပြီး အိမ်ပြန်ရမြဲ ရှိခဲ့ကြတယ်။

Joshua Tree Park (USA)
dipkisstravels

သူတို့ဟာ ရောက်တဲ့ နေရာတိုင်းမှာ မပြောင်းမလဲတဲ့ dipkiss ပိုစ့်တစ်ခုနဲ့ အတူ ဓာတ်ပုံတစ်ပုံ အနည်းဆုံးရိုက်ပြီး ခရီးရဲ့ အမှတ်တရ အဖြစ်နဲ့ သိမ်းဆည်းခဲ့ကြတယ်။ နှစ်တွေလာတွေပြောင်းလာတာနဲ့အမျှ အမှတ်တရ စုစည်းမှုတစ်ခုပြုလုပ်နိုင်ခဲ့ကြတယ်။

ရေမြေတွေခြားပြီး အချစ်တွေ သွယ်ဆက်နေတဲ့သူတွေအဖို့ အကွာအဝေးတွေ ဘယ်လိုပဲရှိရှိ နှလုံးသားနောက်လိုက်ပါ။ ယုံကြည်မှုထားပြီး ကိုယ်ဘက်အကောင်းဆုံရှိမယ်ဆိုရင် အဆုံးသတ်မှာ အားလုံး အဆင်ပြေသွားမှာပါဆိုပြီး Joli က အကြံပေးထားပါတယ်။

READ
သူဘာလို့ မက်ဆေ့ခ်ျ မပို့တော့လဲ.?
Chocolate Hill (ဖိလစ်ပိုင်)
dipkisstravels
ဘာစီလိုနာ
dipkisstravels
လစ္စဘွန်း
dipkisstravels
နယူးယောက်
dipkisstravels
ဘိုရာကေးကျွန်း (ဖိလစ်ပိုင်)
dipkisstravels

ဆန်ဖရန်စစ္စကို

dipkisstravels
ဝါရှင်တန်
dipkisstravels
Monument Valley (USA)
dipkisstravels
Grandfather Mountain (USA)
dipkisstravels
Kizhi (Russia)
dipkisstravels
(၃) နှစ်ကြာပြီးနောက် ရုရှားနိုင်ငံ မော်စကိုမှာ လက်ထပ်ခွင့်တောင်းပုံ
dipkisstravels
Yesss!
dipkisstravels
မိသားစု စုံစုံညီညီ အရှေ့မှာ လက်ထပ်ပွဲ ကျင်းပခဲ့ကြတယ်
dipkisstravels
dipkisstravels
တကယ် ချစ်စရာကောင်းတဲ့ စုံတွဲလေးပါပဲ
dipkisstravels

Source: Elite Reader

Matthew
SHARE