(၃)လအတွင်း Hair Care Product တွေထုတ်ရောင်းခဲ့ပြီး ဒေါ်လာသိန်းချီ မြတ်ခဲ့တဲ့စုံတွဲ

[email protected]

COVID-19 ကပ်ရောဂါဘေးကြောင့် လူတိုင်းနီးပါးဟာ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ အဆင်မပြေဖြစ်နေခဲ့ကြပါတယ်။ ၀န်ထမ်းတွေလည်း ၀န်ထမ်းတွေအလျောက်မလို့၊ စီးပွားရေးလုပ်ငန်းရှင်တွေဆိုရင်လည်း လုပ်ငန်းရှင်တွေအလျောက် ထိခိုက်နစ်နာမှုတွေ တစ်ပုံကြီးကို ဖြစ်လို့နေခဲ့တာပါ။

အဲဒီအထဲ Felix Dimitrakis နဲ့ Victoria Mangonis ဆိုတဲ့ သြဇီစုံတွဲလေးတစ်တွဲလည်း ပါဝင်နေခဲ့တပါတယ်။ နှစ်ယောက်သား ကျောင်းတက်ရင်းအလုပ်လုပ်ကာ ကိုအားကိုကိုးတတ်ကြတဲ့လူတွေဖြစ်တာကြောင့် အခုလိုကာလကြီးဟာ နှစ်ဦးစလုံးအတွက် တော်တော်လေးကို ပင်ပမ်းနေစေခဲ့တာပါ။

 

View this post on Instagram

 

A post shared by Victoria Mangonis (@victoriamangonis) on

အရင်တုန်းကတော့ Felix ဟာ landscaper အနေနဲ့ အလုပ်တွေကောင်းခဲ့ပေမယ့် အခုလို COVID လည်းဖြစ်ရော လုပ်ငန်းဟာလုံးဝကိုရပ်တန့်သွားခဲ့တာပါ။ စစချင်းမှာတော့ နှစ်ဦးသား တော်တော်လေးကို ရုန်ကန်ခဲ့ကြရပါတ်။ နောက်လအနည်းငလောက်ကြာတဲ့အချိန်မှာတော့ ချစ်သူလေးဖြစ်တဲ့ Victoria ကနေ Felix ကို အကြံပေးလာခဲ့တ။ သူတို့ဒီလိုဆက်သွားလို့မရတော့ဘဲ ကိုယ်ပိုင်အလုပ်တစ်ခုကို စမ်းလုပ်ကြည့်ရောအာင်ပေါ့။

 

View this post on Instagram

 

A post shared by Victoria Mangonis (@victoriamangonis) on

အမြဲတမ်း တူတွေ၊ ခွတွေ၊ စောက်တွေကြားထဲမှာပဲနေနေခဲ့ရတဲ့ Felix က ချစ်သူရဲ့ကောင်းမှုကြောင့်ပဲ လုပ်ငန်းသစ်အပေါ်မှာ အာရုံစူးစိုက်ပါတော့တယ်။ လုပ်ငန်းလေးကတော့ ဆံပင်အတွက် လိုအပ်တဲ့အရာတွေကို ထုတ်လုပ်ရောင်းချတာမျိုးပေါ။ အထူးသဖြင့် ဆံသားပေါင်းတင်ဆေးကို ဦးစားပေးထုတ်ခဲ့တာဖြစ်ပါတယတဲ့။

READ
(၁၁)ကားမြောက်ရိုက်ပြီးရင် လုံးဝ အဆုံးသတ်ဖို့ သေချာသွားပြီဖြစ်တဲ့ Fast & Furious

Milia လို့ နာမည်ပေးထားခဲ့ပြီးတော့ ထုတ်ခဲ့သမျှပစ္စည်းတွေထဲမှာ ခုဏကပြောခဲ့တဲ့ Watermelon Hair Maks လေးကတော့ အရောင်းရဆုံးပါပဲ။ Instagram ကို အထူးဗဟိုပြုပြီးတော့ ပစ္စည်းတွေကိုရောင်းဝဖောက်ကားလာရင်းနဲ့မှ အခုဆိုရင် လုပ်ငန်းလေးဟာ ၃ လတောင်မပြည့်သေးဘဲဝင်ငွေအမြတ် ဒေါ်လာ ၃၅၀၀၀၀ တောင်ရှိနေပါပြီ။ သူတို့ရဲ့လုပ်ငန်းလေး မြန်မြန်ဆန်ဆန်တိုးတက်လာတာ ဘာကြောင့်လဲဆိုရင် လုပ်ငန်းမစခင်မှာ သူတို့နှစ်ဦးအနေနဲ့ လူတွေရဲ့လိုအပ်ချက်ကို တတ်နိုင်တာထက်ပိုပြီး ရှာဖွေမိခဲ့လို့ပါပဲဆိုပြီး Felix က News.AU ကို ပြောထားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Malia Hair (@maliahairaus) on

 

View this post on Instagram

 

A post shared by Victoria Mangonis (@victoriamangonis) on

penny

SHARE