အသက်ထက်ဆုံးတိုင်အထိဆိုတဲ့ ကတိစကားကို နှစ် (၇၀) ကြာတည်ခဲ့ကြတဲ့ သူတို့နှစ်ဦး

အသက် (၉၀) အရွယ် Norma June Platell နဲ့ အသက် (၉၂) နှစ်အရွယ် Francis Ernest Platell တို့ဟာ သစ္စာရှိသွာနဲ့ နှစ်ပေါင်း (၇၀) တိုင်အောင် အတူရှိခဲ့ကြတာပဲဖြစ်ပါတယ်။

၂၀၁၉ ဇန်နဝါရီလ (၆) ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်မှာတော့ Norma နဲ့ Francis တို့ နှစ်ဦးဟာ လက်ကလေးကိုင်ပြီး ဆေးရုံမှာ အတူတူဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ကြပါတယ်။ အဲဒီနေ့က Norma ဟာ အသက်ရှူတာမူမှန်ဘဲ Francis ဟာလည်း လချီပင်ပန်းထားတဲ့ဒဏ်တွေကြောင့် သိပ်ကိုအားနည်းနေခဲ့ပါတယ်။ Norma ရဲ့ သိပ်မဟန်တော့တဲ့အခြေအနေကြောင့် အချိန်ပြည့် သူနာပြုထားရှိခဲ့ပေမယ့် ဆရာဝန်သွားခေါ်တဲ့ (၁၀) မိနစ်လေးအတွင်းမှာပဲ နှစ်ဦးသား လက်ချင်းတွဲလျက်ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

Amanda Platell

Death certificate ရေးပေးမယ့် ဆရာဝန်တောင်မှ Norma အရင်ကွယ်လွန်တာလား၊ Francis အရင်ကွယ်လွန်တာလားဆိုတာကို ဘယ်လိုမှ အဖြေရှာလို့မရခဲ့တဲ့အတွက် ၁၁ နာရီ ၄၅ မိနစ်လို့သာ နှစ်ယောက်စလုံးအတွက် သတ်မှတ်ခဲ့ပါတယ်။ နှစ်ယောက်သား အမြဲတမ်းလိုချင်ခဲ့တဲ့ အခြေအနေနဲ့ပုံစံအတိုင်း ဘဝတစ်ပါးကို ကူးသွားခဲ့လို့ သိပ်ကို ကံကောင်းလွန်းအားကြီးတဲ့ Norma နဲ့ Francis လို့ ပြောရမှာပါပဲ။

Norma ဟာ မသေဆုံးခင်က အယ်လ်ဇိုင်းမားဝေဒနာကို အပြင်းအထန်ခံစားခဲ့ရသူတစ်ဦးပါ။ ဦးနှောက်ထဲမှ အကြိတ်ဟာ ပိုပိုဆိုးရွားလာကာ ဆရာဝန်ကတောင် ၂၀၁၈ ခရစ်စမတ်အထိပဲ ခံမယ်လို့ ခန့်မှန်းထားခဲ့တာပါ။

READ
ခွေးလေးကို ပြင်းထန်စွာနှိပ်စက်ခဲ့တဲ့ အမျိုးသား ကြီးလေးတဲ့ထောင်ဒဏ် ချမှတ်ခံရ
Amanda Platell

Norma အယ်လ်ဇိုင်းမားဖြစ်ပြီးတဲ့နောက်ပိုင်း Francis တစ်ယောက်ခင်ဗျာမနားရရှာပါဘူး။ သားသမီးတွေလည်းရှိ၊ အိမ်မှာအကူသူနာပြုတစ်ဦးခေါ်ထားခဲ့ပေမယ့်လည်း Norma အတွက် သန့်ရှင်းလုပ်တာကအစ အစားအသောက်ကျွေးတာအဆုံး တစ်နေကုန် ဒိုင်ခံလုပ်ရမှ Francis ဟာ ကျေနပ်သူတစ်ဦးပါ။ ၂၀၁၈ အစောပိုင်းလောက်တုန်းက အယ်လ်ဇိုင်းမားဒဏ်တွေကြောင့် Norma တစ်ယောက် ဘာကိုမှ မမှတ်မိ၊ မလုပ်တတ် မကိုင်တတ်ဖြစ်ခဲ့ရတော့ Francis ရဲ့ ပင်ပန်းမှုဒဏ်တွေဟာ ၂၀၁၈ တစ်နှစ်လုံးမှာ ပိုတိုးလို့ လာခဲ့ပါတယ်။

Francis ကိုယ်တိုင်ဟာလည်း အသက်အရွယ် ကြီးနေပြီဖြစ်တာကြောင့် ပင်ပန်းမှုနဲ့ အိပ်ရေးပျက်မှုဒဏ်တွေ၊ စိတ်ဖိဆီးမှုတွေ၊ ကိုယ်ချစ်ရတဲ့ လူတစ်ယောက်ကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ စိတ်ဆင်းရဲမှု ဒဏ်တွေကြောင့် ယခင်နှစ်အတွင်းမှာ ကျန်းမာရေး သိသိသာသာ ချူချာလာခဲ့ပါတယ်။

အတက်ဝေဒနာကို ခံစားရပြီး မကြာခဏတက်လာကာ ချော်လဲတာတွေ၊ သတိလစ်သွားတာတွေ စတင်ဖြစ်လို့နေခဲ့ပါတယ်။ ဒါကြောင့် Norma ကို သားသမီးတွေနဲ့ ဆရာဝန်ရဲ့အကြံပြုချက်အရ ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မယ့်ဆီကို မပို့ချင်ဘဲ ပို့ခဲ့ရပါတယ်။

Amanda Platell

ဒါတောင် Francis ဟာ မနက်တိုင်းလိုလို စောစောထကာ စီးနေကျ အသိတက္ကစီတစ်စီးက ဆေးရုံသို့အမြဲအကြိုအပို့လုပ်ပေးခဲ့ပါတယ်။ မနက်စာအချိန်မီအောင်သွားပြီး နေ့လည်စာလည်း အတူတူစားကာ ကျန်တဲ့အချိန်ကိုတော့ တီဗီကြည့်ရင်းနဲ့ နှစ်ယောက်သားအချိန်ကုန်တတ်ပါတယ်။ Norman နဲ့ Francis ဆိုရင် ဆေးရုံတစ်ရုံလုံးက ဘယ်တော့မှ လက်တွဲမဖြုတ်တတ်တဲ့စုံတွဲလို့တေင် နာမည်ပေးထားခဲ့ပါတယ်။

Francis ရောက်လာတာနဲ့ Norman ရဲ့ လက်လေးကို အမြဲတစေကိုင်ထားတတ်ပြီး တီဗီကြည့်တဲ့အခါမှာလည်း Norman က Francis ကိုမီရင်း တစ်ခါတစ်လေကျ ပုခုံးပေါ်မှာတောင် အိမ်ပျော်သွားတတ်ပါတယ်။ ဒီကြားထဲ Francis ရဲ့ ရောဂါအခြေအနေဟာ ပိုးဆိုးလာတဲ့အတွက် သူကိုယ်တိုင် Norman တက်တဲ့ဆေးရုံမှာ တက်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

READ
မင်းသား Christian Bale ရဲ့ အကောင်းဆုံးရုပ်ရှင်အဖြစ် The Dark Knight ရွေးချယ်ခံရ

Norman နဲ့ Francis နေဖို့အတွက် ဆေးရုံမှာ နှစ်ယောက်ခန်းစီးစဉ်ပေးပြီး သူတို့နှစ်ဦးလက်ချင်းတွဲလို့ရလောက်တဲ့နေရာအထိကို ခုတင်နှစ်ခုကို Francis က ကပ်ခိုင်းခဲ့ပါတယ်။ Francis ကိုယ်တိုင်းလည်း သူသိပ်ချစ်ရတဲ့ Norman နဲ့ အမြဲတမ်းအတူတူရှိနေရတဲ့အတွက် သိပ်ကို ပျော်နေခဲ့ရှာတာပါ။ ဆေးရုံဟာ ကတ်သလစ်ဆေးရုံဖြစ်ပြီး ဘိုးဘွားရိပ်သာပါ တွဲဖွင့်ထားတဲ့အတွက် Norman နဲ့ Francis တို့ နှစ်ယောက်အတွက်ကတော့ စားသောက်ရေးကအစ ကျန်းမာရေးအဆုံး သိပ်ကို အဆင်ပြေနေခဲ့ပါတယ်။

စစချင်း Francis က ချော်လဲပြီး ဆေးရုံရောက်လာတာဆိုတော့ (၂) ပတ်လောက်ကြာအောင် ခုတင်ပေါ်ကနေထလို့ မရနိုင်သေးပါဘူး။ အဲဒီအချိန်တုန်းက အမြဲလှုပ်လှုပ်ရှားရှားနေတတ်တဲ့ Norman ဟာ Francis အတိုင်းပဲ (၂) ပတ်ကြာအောင် အိပ်ယာထဲမှ လုံးဝမထဘဲ အမြဲတမ်း သူ့ခင်ပွန်းကိုပြုံးပြုံးကြီးကြည့်နေတတ်တယ်လို့ သူနာပြုများကဆိုပါတယ်။

Francis အစားမစားတဲ့နေ့တွေဆို Norman လည်း အစားလိုက်မစားဘဲ နေတတ်သလို ရေမသောက်ဖူးလို့ငြင်းရင်လည်း ရေမသောက်ဘဲနေခဲ့တာပါ။ အယ်လ်ဇိုင်းမားဆိုတာ ဦးနှောက်သေတဲ့ဝေဒနာဖြစ်ပေမယ့် Norman တစ်ယောက် အမြဲတမ်းပြောနေကျစကားတစ်ခွန်းကတော့ “ယောက်ျား” ဆိုတဲ့ စကားလေးပါတဲ့။

Source:  Daily Mail

Penny

 

 

 

SHARE