Tokyo မှာ ခေတ်စားနေဆဲဖြစ်တဲ့ ချစ်ခြင်းရဲ့စွမ်းအားကို ဖော်ပြလျက်ရှိနေတဲ့ဓာတ်ပုံများ

Photographeral

Japan , Tokyo မှာ ခေတ်စားနေဆဲဖြစ်တဲ့ ဓာတ်ပုံရိုက်နည်း trend တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ  အယူအဆကိုတော့ ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Haruhiko Kawaguchi က စတီထွင်ခဲ့တာဖြစ်ပြီး အခုလိုပလတ်စတစ်နဲ့ လူနှစ်ယောက်ကို ထုပ်ပြီး ရိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီလူနှ်စ်ယောက်ရဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြားထဲက ခိုင်မြဲတဲ့ bond တစ်ခုကို ပြချင်တာပါ။

newsviral.com

 

Photographeral

ရိုက်မယ့်လူနှစ်ယောက်ကို ပလတ်စတစ်အကြည်ရောင်နဲ့ ပတ်လိုက်ပြီး အတွင်းမှာရှိနေတဲ့လေကိုပါ စုတ်ထုတ်ထားတာပါ။

Photographeral

ဒီလို ရိုက်ကူးတာတွေဟာ ထူးထူးဆန်းဆန်း စိတ်ဝင်စားဖို့ကောင်းနေသလို တစ်ခါတည်းမှာလည်း အတွင်းမှာရှိနေတဲ့ လေတွေ စုတ်ထုတ်ထားတဲ့အတွက် အရမ်းကို အန္တရာယ်များပါတယ်။

Photographeral

ဒါကြောင့်လည်း ဓာတ်ပုံရိုက်တဲ့ shooting မှာ မတော်တဆမှုတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါကျ ကူညီဖို့အသင့်ရှိနေအောင်လို့ ဆေးဖက်ဆိုင်ရာအကူတွေကို အမြဲခေါ်ထားလေ့ရှိတယ်လို့ Concept ပိုင်ရှင် Haruhiko က ပြောခဲ့ပါတယ်။ နောက်ပြီး သာမန်ဓာတ်ပုံရိုက်သလို pose တွေ အများကြီးပေးပြီး အချိန်အကြာကြီးတွေယူနေမှာမဟုတ်ဘဲ ပုံကောင်းတစ်ပုံရဖို့အတွက် စက္ကန့်အနည်းငယ်သာ အချိန်ယူရပါတယ်။

READ
သ၀န်တိုတဲ့အခါ ကောင်မလေးတွေ လုပ်တတ်တဲ့အရာများ
Photographeral

“ကျွန်တော့်ဓာတ်ပုံတွေဟာ ချစ်သူနှစ်ဦးကြားက အချစ်နဲ့ သံယောဇာဉ်ကို ဖော်ကြူးပြနေတာပါ။ သူတို့ရဲ့ကြားမှာ နေရာလပ်မရှိဘဲ ကပ်နိုင်သမျှကပ်လေ သူတို့ရဲ့အချစ်စွမ်းအားပိုကြီးလေလို့ပဲ ယူဆတယ်။”

Photographeral

“လေစုတ်ထုတ်ထားတဲ့ ပလတ်စတစ်အိတ်ထဲက အချစ်ကိုဖော်ကြူးနေကြတဲ့ စုံတွဲကို ကြည့်လိုက်တိုင်း ဒဏ္ဍာရီတစ်ခုကို သွားသွားမြင်တယ်။ သက်တမ်းကုန်သွားတဲ့ ကြယ်လေးဟာ အာကာသတွင်းနက်ကြီးအဖြစ်ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကအရာအားလုံးကို စုတ်ယူခဲ့ပါတယ်။”

Photographeral

ဒီ concept လေးကို အခြေခံကာ Haruhiko ဟာ လူတစ်ယောက်နဲ့ သူ့ရဲ့ဘဝမှာ အရေးအပါဆုံးသော လက်တွဲဖော်ဆိုသူတစ်ဦးတို့ကို အိတ်တစ်အိတ်ထဲ အတူတူထည့်ပြီး သူတို့ ပတ်ဝန်းကျင်မှာရှိပြီး သူတို့အတွက် အသက်ရှင်ဖို့ အရေးကြီးလှတယ်ဆိုတဲ့ လေကို စုတ်ထုတ်လိုက်တဲ့အခါ အသက်ရှူဖို့ ခက်ခဲလာချိန်မှာတောင် တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ပြီး ချစ်နိုင်ကြသေးတယ်ဆိုတဲ့ သဘောနဲ့ ပြချင်တာပါ။ အသက်ရှင်ဖို့ ခက်ခဲနေချိန်မှာတောင် အချစ်ကြီးနိုင်ကြသေးပါလား ဆိုပြီး မြင်သူတိုင်း တွေးမိအောင်ပဲဖြစ်ပါတယ်။

Photographeral

“ကျွန်တော်ကတော့ အချစ်ကကမ္ဘာပေါ်မှာ အရေးအကြီးဆုံးအရာလို့ ထင်မိပါတယ်။ လောကကြီးရဲ့ကောင်းခြင်းတွေဆိုတာလည်း ချစ်တဲ့မျက်စိနဲ့ အတွေးအခေါ်ကြောင့်ပဲ ဖြစ်ပေါ်လာတာမဟုတ်လား” ဆိုပြီး Haruhiko က ပြောထားပါတယ်။

READ
သင့်ချစ်သူက တစ်ဘ၀စာ လက်တွဲဖို့ထိရည်ရွယ်ထားလားဆိုတာ သိနိုင်မယ့် အချက်များ
Photographeral

Source : Elite Readers 

Penny

 

SHARE