Pre-wedding ကို ရေစက်ဆုံစေခဲ့တဲ့နေရာမှာ သွားရိုက်ခဲ့တဲ့ချစ်စရာစုံတွဲလေး

Costco/Facebook

ကိုယ့်ချစ်သူနဲ့ စတွေ့တုန်းကအချိန်လေးတွေအကြောင်း ပြန်ပြောရင်း ကြည်နူးဖူးကြတယ်မလား။ Jessica နဲ့ Brandon တို့ကတော့ ဖူးစာဆုံစေမယ့် စစတွေ့ခဲ့တဲ့နေရာလေးကို တန်ဖိုးထားလွန်းလို့ လက်ထပ်တဲ့အခါမှာလည်း မင်္ဂလာဆောင်ဓာတ်ပုံလေးကို အဲဒီနေရာမှာပဲ ထပ်သွးရိုက်ခဲ့ကြပါတယ်။

Posted by Costco on Friday, July 12, 2019

Posted by Costco on Friday, July 12, 2019

နေရာလေးကတော့ Costco ပါ။ အိမ်သုံးပစ္စည်းတွေရောင်းတဲ့ စင်တာတစ်ခုပါ။ Jessica ဟာ Costco ကို သွားရင်း Mac and cheese အထုပ်လေးကို တွေ့တဲ့အခါမှာတော့ စားချင်လွန်းပေမယ့် diet ကလည်း လုပ်နေသေးတာကြောင့် Instagram story မှာ ဝယ်သင့်လား၊ မဝယ်သင့်ဘူးလားဆိုပြီး တင်မေးနေတာကို Brandon က ဘေးကနေတွေ့ပြီး ဝယ်လိက်ပါလို့ ပြောခဲ့ရင်းမှ လူငယ်ချင်း စိတ်ဝင်သွားခဲ့ကြပါတယ်။ ဒါနဲ့ ဖုန်းနံပါတ်ချင်း အချင်းချင်းပေးခဲ့ကြပြီး စကားတွေစပြောဖြစ်ခဲ့ကြပါတော့တယ်။

Posted by Costco on Friday, July 12, 2019

သုံးလအကြာမှာတော့ သူတို့နှစ်ယောက် မြို့ထဲက စားသောက်ဆိုင်မှာပဲ ဒိတ်ခဲ့ကြပြီး အစာစားလိုက်၊ စကားပြောလိုက်နဲ့ အချိန်တော်တ်ာကြာသည်အထိ စကားပြောဖြစ်ခဲ့ကြပါတယ်တဲ့။ ၂၀၁၇ ခုနှစ်ထဲမှာ စတွေ့ခဲ့ပြီး သူငယ်ချင်းတာနဲ့ ဒိတ်တာနဲ့ အစပျိုးခဲကြတာ ၂၀၁၈ ခုနှစ်ထဲ ရောက်သွားခဲ့ကြပါတော့တယ်။ နှစ်ယောက်သား တရားဝင်ချစ်သူတွေဖြစ်သွားခဲ့ကြပြီး စတွေ့ခဲ့တဲ့နေရာလေးကို ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့ကြပါတယ်။ Costco စင်တာကိုပါ။ အဲဒီညမှာပဲ Jessica ကို Brandon က လက်ထပ်ခွင့်တောင်းခဲ့ပြီး အခုအချိန်မှာတော့ နှစ်ယောက်သား ကမ်းခြေမှာမင်္ဂလာပွဲလေးကျင်းပကာ လက်ထပ်သွားခဲ့ကြပါပြီ။

Nothing says love quite like mac and cheese. For Jessica and Brandon, it brought them together.The now-married couple…

Posted by Costco on Friday, July 12, 2019

Penny

SHARE