၁၀လလောက်ပျောက်နေပြီးကလေးမွေးတော့မှ မိသားစုတွေကိုဖွင့်ပြောတဲ့စုံတွဲ

ဟာဝိုင်အီက ဟိုနိုလူလူမြို့မှာနေထိုင်တဲ့ ဘန်နဲ့ ဟန်နာတို့ လင်မယားစုံတွဲဟာ ကိုယ်ဝန်ရပြီလို့ သိရပြီးတဲ့နောက် သူတို့မိသားစုနဲ့ သူငယ်ချင်းတွေကို စနောက်ပြီး အံသြစေချင်တာကြောင့် (၁၀)လလောက်ကို သွားမလည်၊မတွေ့ဘဲနေခဲ့ပြီး ကလေးမွေးပြီးမှ လူကြီးမိဘတွေဆီ အလည်လာခဲ့ပါတယ်။ ၁၀ လလောက်မတွေ့ခဲ့ရတဲ့ မိသားစုဟာ ကလေးတစ်ယောက်ကို လက်ထဲပွေ့ပြီးဝင်လာတဲ့ သူတို့အတွဲကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ဖြစ်ပေါ်ခဲ့တဲ့ ၀မ်းသာ အံ့သြမှုတွေကိုလည်း သူတို့က မှတ်တမ်းတင်ရိုက်ကူးထားလိုက်ပါသေးတယ်။

couple-suprise-their-family-with-baby1

သူတို့ထင်ထားတဲ့အတိုင်းပါပဲ။ လူ့လောကထဲ သူတို့ရဲ့မျိုးဆက်သစ်ကလေးတစ်ယောက် ရောက်နေပြီဆိုတာ သိမထားတဲ့ အဖိုးအဖွားတွေရဲ့ အံ့သြ၀မ်းသာမှုတွေဟာ ဒီမိသားစုအတွက် ကြည်နူးဖွယ်အခိုက်အတန့်လေးဖြစ်စေခဲ့ပါတယ်။
အဖိုးဖြစ်သွားတဲ့တစ်ယောက်က မေးပုံက “ဟေ…ဘာကြီးတုန်းဟ…”
“အဖေ့အတွက် မြေးမလေးတစ်ယောက်ဝယ်လာတာလေ…အဖေလိုအပ်မယ်ထင်လို့”။

couple-suprise-their-family-with-baby3

ဗီဒီယိုရဲ့ တစ်နေရာမှာတော့ ဟာနာက မိန်းကလေးတစ်ယောက်နားကပ်ပြီးတော့ ပြောပုံက..
“ဘယ်သူ့ကိုမှပြန်မပြောနဲ့နော်….”
“အေးပါဟ….ဘာတုန်း”
“ဒါ နင့်တူမလေးလို့….”
“ဟေ….”

READ
သာမန်ထဲက ထူးထူးခြားခြား ကွဲထွက်နေတဲ့ အိုင်ဒီယာအလန်းနဲ့ တက်တူးများ

couple-suprise-their-family-with-baby2
သူငယ်ချင်းတွေအနေနဲ့လည်း အံ့အားသင့်ကြပြီး တချို့က “နင်တို့ဒီကလေးကို မွေးစားလာကြတာလား”
လို့တောင်မေးကြပါတယ်။

တချို့ သူငယ်ချင်းမိန်းကလေးတွေကလည်း လျို့ဝှက်နိုင်လွန်းတဲ့ သူငယ်ချင်းမကို ဆူကြပါသေးတယ်။

ဘာပဲပြောပြော နောင်တချိန် ပြန်ပြောတိုင်း ကြည်နူးစေနိုင်တဲ့ ကလေးလေးရဲ့ ငယ်ဘ၀အမှတ်တရအဖြစ်ရော…
သူငယ်ချင်း ၊ မိသားစုတွေကြား ပျော်ရွှင်ကြည်နူးဖွယ် အခိုက်အတန့်လေးတစ်ခုပါ ဖန်တီးနိုင်ခဲ့တဲ့ ဒီစုံတွဲရဲ့ စိတ်ကူးဆန်းလေးကို သဘောကျမိပါတယ်။

Ref : Providr

SHARE