surprise လုပ်ချင်လွန်းတဲ့ ချစ်သူနှစ်ယောက်ရဲ့ ကြံကြံဖန်ဖန် လွဲချော်ခဲ့တဲ့ ဖြစ်ရပ်

Twitter- SalmaSaade

ချစ်သူကို surprise လုပ်ဖူးကြလား ဒါမှမဟုတ် surprise ရော အလုပ်ခံခဲ့ကြဖူးလား။ Salma နဲ့ Finlay တို့စုံတွဲကတော့ surprise အလုပ်ကောင်းပြီး တလွဲတွေဖြစ်ခဲ့တဲ့ အဖြစ်တစ်ခုရှိနေပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။ Salma ရဲ့ Twitter post ကနေပြီး ပြန်ပြောပြမယ်နော်။

လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက Salma Saade နဲ့ Finlay McAfee တို့နှစ်ယောက် ၄ နှစ်ပြည့် anniversary အတွက် ကိုယ်စီ surprise အစီအစဉ်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ Salma ရဲ့ အစီအစဉ်ကတော့ ချစ်သူနေတဲ့ Scotland က Edinburgh ကို ပဲရစ်ကနေ လေယာဉ် တိတ်တိတ်လေးစီးပွားပြီး surprise လုပ်မယ်ပေါ့လေ။

Twitter- SalmaSaade
Twitter- SalmaSaade

ဒီအကြောင်းကို လေယောဉ်ပေါ်ရောက်ကာမှ သူတို့နှစ်ယောက်စလုံးနဲ့သိတဲ့ သူငယ်ချင်း Adam Jenkins ကို message ပို့ပြီးပြောပြခဲ့ပါတယ်။ အဲဒီမှာ Adam Jenkins ပြန်ပြောလိုက်တဲ့စကားကြောင့် Salma တစ်ယောက် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားခဲ့ပါတယ်။ “Lmao He just flew to Paris” တဲ့လေ။

ဟုတ်ပါတယ်။ Finlay ကလည်း Edinburgh ကနေပြီး Salma နေတဲ့ ပဲရစ်ကို surprise လုပ်ဖို့ဆိုပြီး ၄ နှစ်ပြည့်နေ့ကို မှီအောင် ထွက်သွားခဲ့တာပါ။ အဲလိုကိုလွဲတာ..

Twitter- SalmaSaade
Twitter- SalmaSaade

ဒါနဲ့ Finlay တစ်ယောက် ပဲရစ်ကနေ Edinburgh ကို ချက်ချင်းပြန်လာဖို့ဆိုရင် နောက် ၁၂ နာရီနေမှ လေယာဉ်က ရတော့မှာကြောင့် ပဲရစ်မှာ ၁၂ နာရီကြာ သောင်တင်နေခဲ့ပါတယ်။ အဲဒီတုန်းက Facebook မှာတောင် ပိုစ့်တင်ပြီး ပြောခဲ့သေးတယ်။

Twitter- SalmaSaade
Twitter- SalmaSaade

ဒါကို Salma က အခုအခါမှ Twitter မှာ ကြုံကြိုက်တုန်း သူတို့အတွဲ ဘယ်တော့မှ surprise မလုပ်တော့ဘူးလို့ ဘာလို့ ဆုံးဖြတ်ချက်ချခဲ့ကြသလဲဆိုတာ ဒီလိုအလွဲတွေကြောင့်ပါဆိုပြီး ပြောခဲ့တာပါ။

penny

SHARE