ကမ္ဘာပတ်ပြီး မင်္ဂလာပွဲပေါင်းများစွာ ဆင်နွှဲခဲ့ကြတဲ့ ဂျွမ်းဘား စုံတွဲရဲ့ မင်္ဂလာဓာတ်ပုံများ

သင့်အနေနဲ့ ကိုယ်သိပ်ချစ်ရတဲ့သူနဲ့ မင်္ဂလာ ဘယ်နှစ်ကြိမ်လောက် ဆောင်ချင်ပါသလဲ။ ဘယ်သူမဆို ဖြစ်နိုင်မယ်ဆို ကမ္ဘာပတ်ပြီး မင်္ဂလာပွဲတွေ ဆင်နွှဲချင်ကြမှာပါပဲ။

လော့စ်အိန်ဂျလိစ့်မြို့က Cheetah Platt နဲ့ Rhian Woodyard တို့ စုံတွဲကတော့ ကမ္ဘာပတ်ပြီး မင်္ဂလာပွဲတွေဆင်နွှဲခဲ့ကြပါတယ်။ သူတို့ဟာ မနှစ်က စေ့စပ်ခဲ့ကြပြီး ကမ္ဘာပတ် ခရီးထွက် မင်္ဂလာဆောင်ဖို့ စီစဉ်ခဲ့ကြတယ်။  သူတို့စုံတွဲဟာ ရက် ၉၀ အတွင်း သွားနိုင်သမျှ သွားပြီး ရောက်တဲ့ အရပ်ဒေသတွေမှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတယ်။ သူတို့ဟာ တရားဝင် ကျမ်းကျိန် လက်မှတ်ရေးထိုးပြီးသားဖြစ်လို့ ကြိုက်တဲ့နေရာမှာ မင်္ဂလာပွဲကို ကျင်းပနိုင်ကြပါတယ်။

Twitter

၎င်း စုံတွဲက ပထမဆုံး မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကျင်းပခဲ့ကြပြီး အိန္ဒိယ၊ အီဂျစ်၊ အိုင်ယာလန်၊ ထိုင်းနဲ့ တခြားနိုင်ငံပေါင်းများစွာမှာလည်း ကျင်းပခဲ့ပါတယ်။ သူတို့ရဲ့ စိတ်ကူးအကြံဉာဏ်ကို ထောက်ခံ အားပေးသူတွေရဲ့ အလှူငွေတွေနဲ့ Platt နဲ့ Woodyard တို့ဟာ မင်္ဂလာပွဲပေါင်း ၃၈ ပွဲ ကျင်းပခဲ့ကြတယ်။

READ
ထူးခြားတဲ့စိတ်ကူးသစ်တွေနဲ့ သာမန်ပစ္စည်းတွေကိုတီထွင်လိုက်တဲ့ ပစ္စည်းဆန်းများ

သူတို့က ပရော်ဖက်ရှင်နယ် ဂျွမ်းဘားပြတဲ့ သူတွေဖြစ်တဲ့အလျောက် သူတို့ရဲ့ မင်္ဂလာဓာတ်ပုံတွေကိုလည်း တမူထူးခြားတဲ့ အနေအထားနဲ့ ရိုက်ကူးခဲ့ကြပါတယ်။ ဘယ်လိုတောင် သွားပြီး မင်္ဂလာပွဲတွေ ကျင်းပခဲ့ကြသလဲ ကြည့်ကြည့်ကြရအောင်။

အီဂျစ်
Twitter
ဘိုလေးကာရီဂျန် ကျောက်တုံးများ၊ အိုင်ယာလန်
Twitter
အာဂျန်တာဂူ၊ အိန္ဒိယ
Twitter
မာစိုင်း မာရာရွာ၊ ကင်ညာ
Twitter
ထိုင်း Vs ကင်ညာ
Twitter
Giraffe Center ၊ နိုင်ရိုဘီ
Twitter
မွမ်ဘိုင်း၊ အိန္ဒိယ
Twitter
ဆီဂိုဗီယား၊ စပိန်
twitter

 

အိုင်ယာလန်
Twitter
ဘန်ကောက်၊ ထိုင်း
Twitter
အိုင်ယာလန်
Twitter
ဘိုဂိုတာ၊ ကိုလံဘီယာ
Twitter
မက်ဒရစ်၊ စပိန်
Twitter
နောက်ထပ် နေရာတွေဆီသို့….
Twitter

Ref: Bored Panda

Matthew (ShweMOM)
SHARE