ဈေးဖိုးချည်းပဲ တစ်လကို သိန်း ၆၀ ကျော် အကုန်ခံကာ ကလေး ၃၈ယောက် မွေးထားတဲ့စုံတွဲ

Inside Edition/YouTube

Jeane နဲ့ Paul တို့ Briggs စုံတွဲဟာ ဆယ်ကျော်သက်ဘဝတုန်းက ဘုရားကျောင်းက စီစဉ်ပေးတဲ့ နွေရာသီစခန်းမှာ တွေ့ခဲ့ကြပါတယ်။ မြင်မြင်ချင်းမှာပဲ အနေနီးကာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး ၁၉၇၆ ခုနှစ်မှာ လက်ထပ်ကာ ယနေ့အချိန်အထိ ချစ်ချစ်ခင်ခင်ပျော်ရွှင်စွာ နေထိုင်နေကြပါတယ်။  Edition/YouTube

Inside Edition/YouTube

Jeane ဟာ အမျိုးသမီးပီပီ ငယ်စဉ်ကတည်းက ချစ်ရတဲ့သူနဲ့ လက်ထပ်ပြီးရင် ကလေးလေးတွေ အများကြီးမွေးပြီး သာယာပျော်ရွှင်တဲ့ မိသားစုအကြီးကြီးကို တည်ထောင်ချင်ခဲ့တဲ့ စိတ်ကူးလေး ရှိလို့နေခဲ့ပါတယ်။ တကယ်လည်း သူမဟာ Paul နဲ့ ကလေး ၃ ယောက်မွေးခဲ့ပြီး ချစ်ခင်စွာနေထိုင်ဖြစ်ခဲ့ပါတယ်။ တစ်ရက် Jeane ဟာ မက္ကဆီကိုသို့ အလုပ်တာဝန်တစ်ခုနဲ့ သွားခဲ့ရင်း အဲဒီက မျက်မမြင်မိဘမဲ့ကလေး Abraham ဆိုတဲ့ကောင်လေးနဲ့ ဆုံတွေ့ကာ သနားကြင်နာစိတ်ကစတဲ့ သံယောဇဉ်တွယ်တာမှုကြီး ဖြစ်သွားခဲ့ပါတယ်။

Jeane ဟာ မိဘမဲ့ဂေဟာတွေက အားထားရတဲ့ သူနာပြုဆရာမကြီးတစ်ယောက်ဖြစ်ပြီး ကလေးတွေရဲ့ ကျန်းမာရေးကိစ္စအဝဝကို ဘာပဲဖြစ်ဖြစ် Jeane ဆီ တိုင်ပင်ခဲ့ကြတာပါ။ ဒါကြောင့် မိဘမဲ့ကလေးတွေနဲ့ စိမ်းမနေတဲ့ Jeane တစ်ယောက် ခင်ပွန်းသည် Paul နဲ့ တိုင်ပင်ပြီး Abraham လေးကို မွေးစားဖို့ ဖြစ်လာခဲ့ပါတယ်။ Paul ဟာလည်း တကယ့်ကို ပါရမီဖြည့်ပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်လို့ ဆိုရမှာပါပဲ။ Abraham နဲ့တင် မလုံလောက်သေးတဲ့ Jeane ဟာ အချစ်တွေလိုအပ်နေတဲ့ နောက်ထပ်ကလေးတွေကိုပါ ခေါ်မွေးချင်ပါတယ်ဆိုတော့လည်း Paul ဟာ မဆိုင်းမတွဘဲ ဝမ်းသာအားရလက်ခံခဲ့ပါတယ်။

READ
ဗြိတိန်ရွေးကောက်ပွဲ ခန့်မှန်းချက်မှားယွင်းလို့ စာရေးသူကိုယ်တိုင် သူ့စာအုပ်သူပြန်စားခဲ့
Inside Edition/YouTube
Inside Edition/YouTube

Abraham လေးကို ခေါ်မွေးစားခဲ့ကြတဲ့ ၁၉၈၅ ခုနှစ်ကစပြီး နွေးထွေးတဲ့ မိသားစုတွေလိုအပ်နေတဲ့ ကလေးတွေကို ဘွဲ့ရပညာတတ်၊ အလုပ်အကိုင်တွေကိုယ်စီ၊ တချို့တွေက မိသားစုတွေပါ ရလာတဲ့အထိ ပြုစုကျွေးမွေးစောင့်ရှောက်ခဲ့ကြတာ အယောက်ပေါင်း ၃၂ ယောက်တောင် ရှိနေခဲ့ပါပြီ။ တစ်လတစ်လ Paul နဲ့ Jeane တို့ သုံးခဲ့ရတဲ့ အစားအစာဖိုးဟာ အမေရိကန်ဒေါ်လာ ၄,၃၀၀ ကျော်၊ မြန်မာငွေနဲ့တွက်မယ်ဆိုရင် သိန်း ၆၀ ကျော် လောက်ရှိနေပါတယ်။ ကုန်ကျစရိတ်တွေကို မမှုဘဲ ကလေးလေးတွေနဲ့ အတူတူ အသက် ၆၀ ကျော်အရွယ် Paul နဲ့ Jeane ကတော့ ဗာဂျီးနီးယားအနောက်ပိုင်းက ခြံအကျယ်ကြီးထဲမှာ လက်ရှိ ကလေးလေး ၂၅ ယောက်နဲ့အတူတူ နွေးထွေေးပျော်ရွှင်စွာ နေထိုင်နေကြပါတယ်။ ကျန်တဲ့ကလေး ၇ ယောက်ကတော့ အသက်တွေ ကြီးကုန်ပြီဖြစ်တာကြောင့် မိဘအိမ်ကနေထွက်သွားကြပြီဖြစ်ပြီး Paul နဲ့ Jeane တို့မှာတော့ လက်ရှိ သားသမီးအရင်း ၆ ယောက် ရှိနေခဲ့ပါပြီ။

READ
သော့ပျောက်လို့ (၇)လွှာတိုက်ခန်းကို တွယ်တက်ရာမှာ ပြုတ်ကျသေဆုံးခဲ့တဲ့ ကောင်မလေး

ကလေးတွေများလွန်းတဲ့အတွက် အိမ်မှုကိစ္စကိုလည်း သူတို့နှစ်ယောက်ကို ကူညီလုပ်ကိုင်ပေးဖို့ ကိုယ်စီတာဝန်လေးတွေ ခွဲတမ်းချပေးထားခဲ့ပြီး တစ်ယောက်ကိုတစ်ယောက်လည်း ကြည့်ရှုစောင့်ရှောက်တတ်ဖို့၊ သနားကြင်နာ ညှာတာစိတ်ထားတာ နွေးနွေးထွေးထွေးနေတတ်ဖို့ကို ငယ်ကတည်းက ပြုစုပျိုးထောင်လာခဲ့ပေးတဲ့အတွက် ဘာပြဿနာမှမရှိပါဘူးတဲ့။

Penny

SHARE