အိမ်နီးနားချင်းရဲ့ရေချိုးခန်းနဲ့အိပ်ခန်းတွေကို ဒရုန်းနဲ့ခိုးကြည့်တဲ့စုံတွဲ အဖမ်းခံရ

အမေရိကန် Utah မှာ နေထိုင်ကြတဲ့ Aaron Dennis Foote (39)နှစ်နဲ့ Terisha Lee Norviel (34) တို့ကို ရဲတပ်ဖွဲ့က ဒရုန်းတရားမ၀င် အသုံးပြုမှုအတွက် ဖမ်းဆီးခဲ့ပါတယ်။ ၎င်းစုံတွဲဟာ အိမ်နီးနားချင်းတွေရဲ့ ရေချိုးခန်းနဲ့ အိပ်ယာတွေကို ဒရုန်းနဲ့ ထောက်လှမ်းခဲ့ကြောင့် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

Terisha တို့ရဲ့ ဒရုန်းကို အမျိုးသားတစ်ယောက်က အောက်ကို ပြုတ်ကျအောင် လုပ်နိုင်ခဲ့ပြီး ရဲစခန်းကို သွားရောက် အပ်နှံခဲ့ပါတယ်။ Terisha ဟာ ခြောက်နှစ်အရွယ် ကလေးမိခင်ဖြစ်ပြီး၊ ဒရုန်းကိုတော့ သူမရဲ့ ချစ်သူ Aaron က ပိုင်ဆိုင်ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဒရုန်းကို ဓာတ်ပုံရိုက်ကူးပြီး Facebook မက်ဆေ့ကနေ လှမ်းပို့ခဲ့ပြီး၊ ဆက်သွယ်ရန် ဖုန်းနံပတ်ကိုပါ ထည့်ပေးခဲ့ပါတယ်။ အဆိုပါ ဒရုန်းဟာ ပေါင် 960 တန်ကြေးရှိပါတယ်။ ရဲတပ်ဖွဲ့ဟာ အဲဒီဒရုန်းကို လက်ခံရလျှင် ရခြင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုကို စစ်ဆေးတဲ့အခါ ပြူးတူးပြဲတဲ ဗွီဒီယိုဖိုင်တွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

READ
AirPods Pro အသစ်ကို ထုတ်ဖော်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Apple ကုမ္ပဏီ

ရဲတပ်ဖွဲ့ဟာ Facebook ကနေ ဒရုန်းတွေ့ရှိမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလတ်တွေ ထုတ်ပြန်ခဲ့ပြီး၊ ဒီဒရုန်းကို ဘယ်သူတွေ ပိုင်ဆိုင်သလဲဆိုတာ သိကြောင်း၊ ဒါပေမယ့် အများပြည်သူကိုလည်း သတိပေးပြီးသားဖြစ်အောင် ဒီလို မျှဝေရခြင်း ဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

Aaron ဟာ ပြီးခဲ့တဲ့နှစ်က ရည်းစားဟောင်းကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားဖို့ ကြိုးစားခဲ့လို့ အရေးယူခံခဲ့ရပါ
သေးတယ်။ ထိုစဉ်ကတည်းက ပထမအိမ်ထောင် ပျက်ခဲ့ရပြီး၊ ယခု ရည်စားအသစ် Terisha နဲ့အတူ အဖမ်းခံရတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ Aaron တို့ စုံတွဲကို ထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲပါ။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE