နမ်းတာ ရှောင်ဖို့ နဲ့ ချစ်တင်းနှောချိန်မှာ Mask တပ်ထားသင့်ဟု ပညာရှင်တွေ အကြံပြု

Image:shutterstock /By Stokkete

ကိုဗစ် ကတော့ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူတွေရဲ့ လူ နေမှု ပုံစံ တစ်ခု လုံးကိုပါ လုံးဝ ပြောင်းလဲ သွား စေခဲ့ပါတယ်။  လက် ရှိ အ ခြေအ နေမှာက လူအချင်းချင်း ပူးပူးကပ်ကပ် မ နေကြပဲ ခပ်ခွာခွာ နေ နေကြရတဲ့ အ နေအထား ပါ။အြ ပင် ထွက်ရင်လည်း Mask တပ်ပြီး မှ ထွက် နေကြရပါတယ်။တက်နိုင်သမျှ အိမ်မှာ နေပြီး လူထူ တဲ့ အရပ် တွေ ကို ရှောင် ကြဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။အခု ထပ်ပြီး လေ့လာ မှု အသစ် တစ်ခုမှာတော့ လိင် ဆက် ဆံ တာ ကလည်း ကိုဗစ် ကို ကူး စက်ပြန့် ပွား စေနိုင်တာမို့ စုံတွဲ တွေ အ နေနဲ့ လိင်ဆက်ဆံ တဲ့ အချိန် မျိုးတွေ မှာလည်း Mask တပ်ပြီး ဆက်ဆံ သင့်တယ်လို့ အကြံပြု ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ The Mirror မှာ ဖော်ပြ ထားပါ တယ်။

Image :shutterstock/ By C2Hvectorist
ဒါ့အပြင် ရောဂါ ကူးစက်ပြန့်ပွားမှုတွေ မဖြစ် အောင် စုံတွဲ တွေ တစ်ယောက် နဲ့ တစ်ယောက် Kissing ပေးတာမျိုး တွေ ကိုလည်း ရှောင် ကြဖို့  တိုက်တွန်းထားပါတယ်။ချစ်တင်းနှော နေချိန်မှာလည်း Mask တပ်ထားသင့်တဲ့ အပြင် လိင် မဆက်ဆံ ခင်နဲ့ ဆက်ဆံပြီးချိန်မှာလည်း ရေချိုးကြဖို့ တိုက်တွန်းထားပါတယ်။အသက်ရှု လမ်း ကြောင်း ဆိုင် ရာ ဒီ ရောဂါ ကတော့ တံ ထွေးတွေ က နေလည်း ကူးစက်နိုင်တာ မို့ ဒီလို ကပ်ဘေး ကာလမှာ နမ်းတာမျိုး တွေ ကို   ရှောင် ရှား သင့်ပါတယ်။ Harvard University က သု တေသမီ တွေ ကတော့ ဒီလေ့လာမှု မှာ ပါဝင် ခဲ့ ကြ တာပါ။ လက်ရှိကာလမှာတော့ အပျော်အပါး လိုက်စားမှုတွေ ရှောင်ကျဉ် နေထိုင်ဖို့ နဲ့ တစ်ကိုယ်ရည် အာသာ ဖြေ ခြင်းကေ တာ့ အန္တရာယ်အနည်းဆုံး လို့ သု တေသီ တွေ က ပြောခဲ့ပါတယ်။အိမ်ထောင်ရှည်တွေ အ နေနဲ့ ဆိုရင်လည်း လက်ရှိ အ နေ အထားမှာ တစ်လင် တမယား စနစ်မဟုတ်ပဲ လူ ပေါင်းစုံနဲ့ ဆက်ဆံ နေတာမျိုးက ကိုဗစ်ကူးစက်မှု တွေ ဖြစ် လာ စေနိုင်ပြီး အန္တရာယ်များတယ်လို့ ပြောခဲ့ပါတယ်။
Image:shutterstock /By Nicoleta Ionescu
လူအချင်းချင်း ခပ်ခွာခွာ နေတာ၊အပြင် ထွက်ရင် Mask တပ်တာမျိုးတွေ က ရောဂါ ကူးစက်ပြန့်ပွားမှု နှုန်းကို ထိန်း ချုပ် နိုင်တာ အားလုံးလည်း မျက်မြင် ကိုယ်တွေ့ သိကြမှာပါ။ဒါကြောင့် လက်ရှိ အ နေ အထား ကနေ ပို ကောင်း တဲ့ အ နေ အထားမျိုးကို ရောက်ပြီး ရောဂါ ကူးစက်မှုနှုန်း ထပ် မဖြစ် ဖို့ ကို အားလုံး ပါ ၀င် ပေးဖို့ လိုအပ် ပါတယ်။လိင် ဆက်ဆံ မယ်ဆိုရင်လည်း ဟိုဟို ဒီဒီ သွားလာ လှုပ်ရှား နေသူ ထက် self-quarantine လုပ် နေတဲ့ လူမျိုးတွေ နဲ့ ဆက် ဆံ တာမျိုးက ပိုပြီး အန္တရာယ်ကင်း တယ်လို့လည်း သု တေသီ တွေ က ဆိုပါတယ်။လိင်ဆက်ဆံ ခြင်း  ကြောင့် ရောဂါ ကူးစက်မှု တွေ ထပ် ဖြစ်မလာ စေဖို့နဲ့ မလိုချင်ပဲ ကိုယ်ဝန် ရတာမျိုးတွေ မဖြစ်ရ အောင် လူတွေ ကို အသိပညာ ပေး သင့်တယ်လို့လည်း ပညာရှင်တွေ က အကြံပြုခဲ့ပါတယ်။လေ့လာမှု တစ်ခုမှာဆိုရင်လည်း ကိုရိုနာ ကူး စက် ခံခဲ့ ရ ပြီး ပြန် ကောင်းလာတဲ့ လူမျိုးဆိုရင်လည်း ရက်(၃၀)လောက် လိင် ဆက်ဆံ တာ နဲ့ နမ်းတာမျိုး တွေ ကို ရှောင် သင့် ကြောင်းနဲ့ နောက်ပိုင်း လိင်ဆက်ဆံ မယ်ဆိုရင်လည်း စိတ်ချရတဲ့ အချိန် တစ်ခု အထိ ကွန်ဒုံး သုံး သင့်တယ် လို့ ဆို ထားပါ တယ်။
Image :unsplash/@victorhwn725
တံ ထွေး တွေ က နေ ရောဂါ ကူးစက်မှုတွေ ဖြစ်သွားနိုင်တဲ့ အတွက် လက်ရှိ ကပ်ဘေးကာလမှာတော့ နှုတ်ခမ်း ချင်း ထိပြီး နမ်းတာမျိုးက လုံးဝ ကို ရှောင်ရမယ့် ကိစ္စ ပါ။မကြာ သေးမီတုန်းက လေ့လာ တွေ့ရှိချက် တစ်ခု မှာဆိုရင်လည်း ကိုရိုနာ ဗိုင်းရပ်စ်ဟာ အမျိုးသားတွေ ရဲ့ သုတ် မှာ  တွေ့ ရှိတယ်ဆိုပြီး ဖော်ပြ ခဲ့ဖူးပါတယ်။တရုတ်နိုင်ငံ Henan ပြည်နယ်မှာရှိတဲ့ ကိုရိုနာ လူနာ အမျိုးသား (၃၈) ယောက် ရဲ့ သုတ် ကို နမူနာယူပြီး လေ့လာတဲ့ အခါ မှာတော့  ဗိုင်း ရပ်စ်ဟာ သုတ်ရည် ထဲမှာပါ ရှိ နေတာကို တွေ့ ခဲ့တာပါ။
#SHWEMOM
SHARE