Sushant သေဆုံးမှုနဲ့ ပတ်သက်ပြီး နာမည်ကြီး (၈)ယောက် အမှုဖွင့် တိုင်ကြားခံထားရ

Image:twitter/leftoye

မင်းသား  Sushant Singh Rajput  ကိုတော့ ဇွန်လ (၁၄) ရက်နေ့က သူ့ ရဲ့ နေအိမ် မှာ သေဆုံး နေတာ ကို တွေ့ ခဲ့ပါတယ်။အသက် က (၃၄) နှစ်ပဲ ရှိသေးပြီး ရဲ တွေ က တော့ ကိုယ့်ကိုယ်ကို သတ်သေ တာ ၊စုံစမ်းစစ်ဆေး မှု တွေ ဆက်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် ဒီ ကိစ္စက ထင် သ လောက် မရိုးရှင်းပဲ တခြား အရှုပ် တော်ပုံ ကိစ္စ တွေ ပေါ် ပေါက်လာခဲ့ပါတယ်။Sushant သေဆုံးမှု နဲ့ ပတ်သက်ပြီး  ဘောလိဝုဒ်ရဲ့ ဒိတ်ဒိတ် ကြဲ အနုပညာ ရှင် တွေ  ကို အမှု ဖွင့် တိုင်ကြား လိုက်တဲ့ ကိစ္စ ပေါ် လာခဲ့ပါတယ်။ဒီ အကြောင်းကိုတော့ storypick နဲ့ Times of India မှာ ဖော်ပြထားတာပါ။

ဒါရိုက်တာ Abhinav Kashyap  ၊ Raveena Tandon ၊ Ranvir Shorey ၊ကွယ် လွန်သွားတဲ့ မင်းသမီး Jiah Khan ရဲ့ မိခင် ဖြစ်သူ Rabiya တို့ က ဘောလိဝုဒ် အနုပညာ လောကရဲ့  ဆွေမျိုး ကောင်းစားရေးဝါဒ နဲ့ အနိုင်ကျင့် တဲ့ လုပ်ရပ် တွေကို ဆန့်ကျင် ကြောင်း ထုတ် ပြောလာခဲ့ပါတယ်။ရှေ့ နေ Sudhir Kumar Ojha က တော့  ဘောလိ ၀ုဒ်ရဲ့ ဒိတ်ဒိတ်ကြဲ တွေ ဖြစ်တဲ့ Salman Khan, Karan Johar, Ekta Kapoor, Sanjay Leela Bhansali, Aditya Chopra, Sajid Nadiadwala, ရုပ်ရှင် ထုတ်လုပ်သူ Bhushan Kumar နဲ့ ဒါရိုက်တာ  Dinesh တို့ ကို မင်းသား  Sushant Singh Rajput  ကိုယ့်ကိုယ်ကို သတ် သေ တဲ့ဖြစ်ရပ် နဲ့ ပတ်သက်ပြီး အမှုဖွင့် လိုက်ပါတယ်။

READ
Dating App သုံးပြီး အွန်လိုင်းပေါ်မှာ ရည်းစားရှာနေတဲ့ မင်းသား Channing Tatum
Image:twitter/@ani

အနုပညာလောကရဲ့ အားကြီးသူက အားနည်းသူကို ဖိနှိပ်တဲ့ လုပ်ရပ် တွေ ကြောင့် ဒီလို အဆုံးစီရင်မှု ဖြစ်ရတာ ဆိုပြီး ရှေ့ နေ က ပြောပါတယ်။ရှေ့ နေ ကတော့ Sushant Singh Rajput ဟာ ရုပ်ရှင်ကား (၇) ကား က နေ ဖယ်ရှား ခံ ခဲ့ရ သလို သူသရုပ်ဆောင်တဲ့ ဇာတ်ကား တစ်ချို့ မထွက်ရှိခဲ့ ကြောင်း၊ဒီလို အ  ခြေ အ နေ တွေက အဆုံးစီရင်ဖို့ တွန်းအား ဖြစ်စေ ခဲ့ တယ်လို့ ဆိုပါတယ်။ဒါ ကြောင့် သတ်သေမှုကို ဘေးက နေ တွန်းအား ဖြစ် စေခဲ့တဲ့ ပြစ်မှု ဥ ပ ဒေပုဒ်မ (၃၀၆)၊ရည်ရွယ် ချက်ရှိရှိနဲ့ လူတစ်ယောက်ရဲ့ စိတ် အေးချမ်းမှုကို ထိပါး စော်ကားတဲ့ ပြစ်မှု…အစရှိတဲ့ ပြစ်မှု တွေ နဲ့ တိုင် ကြားခဲ့ပါတယ်။မင်းသမီး Ekta Kapoor  ကတော့ သူမနဲ့ Sushant တို့ ဟာ TV series ‘Kis Desh Mein Hai Meraa Dil’. မှာ အတူ တွဲ သရုပ် ဆောင် ခဲ့ ကြောင်း၊ဒီလို အဓိပ္ပါယ် မရှိတဲ့ အ ကြောင်းအရာ မျိုး တွေ မ ပြော ဖို့ နဲ့ Sushant  ရဲ့ မိသားစုကို အေးဆေး  ၀မ်းနည်း ပူဆွေး နေပါ စေ..” ဆိုပြီးေ ပြာခဲ့ပါတယ်။ မင်းသမီး Kangana Ranaut ကိုတော့ မျက်မြင် သက် သေ အဖြစ် တင်သွင်း ထားပြီး ပထမ အကြိမ် ရုံးချိန်း ကတော့ ဇူလိုင် (၃)ရက်နေ့ လို့ စီစဉ်ထားပါတယ်။

 

View this post on Instagram

 

Happy bday Lal Singh Chaddha … @_aamirkhan

A post shared by Salman Khan (@beingsalmankhan) on

#SHWEMOM

SHARE