စာရင်းကိုင်ပညာရပ်ကို အမှတ်တူနဲ့ ထိပ်ဆုံးက အောင်မြင်ခဲ့တဲ့ မောင်နှမ(၂)ဦး

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဗီဆရာ ပြည်နယ်ရှိ ဆီဗူး မြို့တွင် (Cebu) စာရင်းကိုင် စာမေးပွဲ Certified Public Accountant (CPA)တွင် လူနှစ်ယောက်ဟာ တူညီတဲ့ အမှတ်များနဲ့ ထိပ်ဆုံးနေရာကို ၉၂.၆၇ % ဖြင့်ရယူကာ ပူးတွဲရပ်တည်ခဲ့ကြပါတယ်။ဒါပေမဲ့ ဒီလူနှစ်ယောက်ဟာ အမှတ်စာရင်းသာမက တခြားသော တူညီတဲ့ အချက်တွေလည်းရှိကြပါသေးတယ်။

စာရင်းကိုင်စာမေးပွဲမှာ အမှတ်တူဖြင့် ထိပ်ဆုံးနေရာကို ပူးတွဲရပ်တည်နေကြတဲ့လူနှစ်ဦးကတော့ တစ်ဝမ်းကွဲ မောင်နှမ တွေဖြစ်ကြတဲ့ ဗီယန်ကာ ပဲလ် အာမို (Vianca Pearl I. Amores )နဲ့ မာရီယန်နီတို ဂျီးဆပ် ဘီ ဒဲလ်ရီယို (Marianito Jesus B. Del Rio )တို့ဖြစ်ကြပြီး သူတို့ မောင်နှမ နှစ်ယောက်ဟ ဆီဘူးမြို့ရှိ ဆန်ကာလိုစ်တက္ကသိုလ်တွင် မေဂျာ တစ်မေဂျာထဲကို တက်ရောက်သင်ကြားခဲ့ကြသူတွေ ဖြစ်ကြပါတယ်။သူတို့နှစ်ယောက်ဟာ စာမေးပွဲမှာ ထူးချွန်စွာ အမှတ်တူနဲ့ အောင်မြင်ခဲ့တဲ့အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာလည်း ဆုတံဆိပ်များကို တူညီစွာ ဆွတ်ခူးခဲ့ကြပါသေးတယ် လို့ဆိုပါတယ်။

READ
ဥပဒေက လွတ်နေတဲ့မုဒိမ်းသမားကို ဒေါသထွက်နေတဲ့လူအုပ်ကြီးက အသေရိုက်နှက်ခဲ့

အသက် ၂၀ အရွယ်ဖြစ်တဲ့ အမ ဖြစ်သူ အာမိုကတော့ ” ကျွန်မတို့ မောင်နှမနှစ်ယောက်လုံး ထိပ်ဆုံးပထမ နေရာကို ပူးတွဲရပ်တည်ခဲ့တဲ့အတွက် ကျွန်မ အရမ်းဝမ်းသာမိပါတယ်။ကျွန်မတို့ မောင်နှမ နှစ်ဦးဟာ ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ ပန်းတိုင်တွေလည်း တူညီကြပါတယ်။ ” လို့ ဆီဘူး နေ့စဉ်သတင်းနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့ အပြင် ဆန်ကာလိုစ်တက္ကသိုလ်က မောင်နှမနှစ်ဦး ကြုံတောင်ကြုံခဲ ထိပ်ဆုံးကရပ်တည်ခဲ့ရုံသာမက အခြားသော ကျောင်းသား ၄ ယောက်လည်းစာမေးပွဲမှာ Top Ten ၀င်ခဲ့တဲ့အတွက် ၀မ်းသာနေကြောင်းသိရပါတယ်။ဒီထူးချွန်တဲ့ ကျောင်းသားများကြောင့် ဆန်ကာလိုစ်တက္ကသိုလ်ဟာ နိုင်ငံတ၀ှမ်းမှာ စာရင်းကိုင်ဘာသာရပ်စာမေးပွဲအတွက် အမှတ်အကောင်းဆုံးကျောင်းသားများကို မွေးထုတ်ပေးပေးနိုင်တဲ့ တက္ကသိုလ်တစ်ခုအဖြစ်ရပ်တည်နေကြာင်း သိရပါတယ်။

Slash (Shwemom)

READ
အသက်ကြီးနေပြီဖြစ်တဲ့ ဆက်ကပ်ပွဲသုံးဆင်မကြီးကို ဘေးမဲ့လွှတ်ပေးဖို့တောင်းဆိုနေကြ

Ref : Rach Feed

SHARE