ဘာစီလိုနာမှာ အိမ်ရှာနေပြီဆိုတဲ့ ကော်တင်ဟိုကြောင့် စိုးရိမ်မှု မြင့်တက်လာတဲ့လီဗာပူး

လီဗာပူးအသင်းဟာ ပရီးမီယားလိဂ်အောင်မြင်မှုကို ဆယ်စုနှစ်(၂)စုကျော်ကြာ ဝေးကွာခဲ့ပြီးနောက်ပိုင်းမှာ လိဂ်ဖလားရရှိဖို့ အဓိကဦးစားပေးအနေနဲ့ ရုန်းကန်လာခဲ့ပါတယ်။ ဒီနောက်ပိုင်း အကျိုးဆက်တွေအနေနဲ့ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းက အဓိကဆုဖလားတွေကို ရည်မှန်းနေပါတယ်။ လီဗာပူးရဲ့ခြေစွမ်းဟာ နည်းပြကလော့ရဲ့ လက်ထက်မှာ တိုးတက်လာတာကတော့ အမှန်ပါဘဲ။

ဒါပေမယ့် လက်တလော ထွက်ပေါ်လာတဲ့သတင်းတွေအရ လီဗာပူးရဲ့ကွင်းလယ်ဗိုလ်ချုပ် ကော်တင်ဟိုဟာ ဘာစီလိုနာမြို့မှာ အိမ်ရှာနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး၊ ဒီအထက် လီဗာပူးရဲ့စိုးရိမ်စိတ်တွေ မြင့်တက်လာဖို့ အလားအလာရှိနေပါတယ်။ အကြောင်းကတော့ ကော်တင်ဟိုဟာ လီဗာပူးရဲ့ အလွန်အရေးပါတဲ့ အစိပ်အပိုင်းဖြစ်လို့ပါဘဲ။

ကော်တင်ဟိုဟာ ဘာကာာအလိုရှိနေတဲ့ ကစားသမားသုံးဦးမှာ အဓိကပစ်မှတ်ဖြစ်နေပြီး လီဗာပူးက အလွယ်တကူနဲ့ လက်မလွှတ်လိုပါဘူး။ သို့ပေမယ့် ဆောက်သမ်တန်နောက်ခံလူ ဗန်ဒွိုက်ကို ခေါ်ယူလိုက်ခြင်းမှာ လီဗာပူးဟာ ငွေကုန်ကြေးကျ များထားရပြီ ဖြစ်ပြီး ဒီအပြောင်းအရွှေ့က ကော်တင်ဟိုထွက်ခွာနိုင်ချေရှိတဲ့ အကြောင်းပြချက်ကြောင့်ပေလားဆိုတာ စိတ်ဝင်စားစရာပါ။

စပိန်အခြေစိုက်သတင်းစာတွေကတော့ လီဗာပူးကစားသမား ကော်တင်ဟိုဟာ ဘာစီလိုနာမှာ မိသားစုနေနိုင်မယ့် အိမ်တစ်လုံး အပူတပြင်းရှာဖွေနေတယ်လို့ ဇောင်းပေးရေးခဲ့ပြီး Luis Suarez ကလည်း ပုဂ္ဂိုလ်ရေးစည်းရုံးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်း။ လီဗာပူးနည်းပြ ကလော့ကတော့ ကော်တင်ဟိုကို သေချာပေါက်ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

READ
ဂရေ့ဇ်မန်းကို ခေါ်ယူဖို့အတွက် အက်သလက်တီကို နဲ့ သဘောတူညီချက်ရခဲ့တဲ့ မန်ယူအသင်း

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE