ကော်တင်ဟို ဝတ်ဆင်ရမယ့် ကျောနံပတ်ကို ဘာစီလိုနာ ထုတ်ပြန်ကြေညာ

ဘာစီလိုနာအသင်းနဲ့အတူ ပြီးခဲ့တဲ့စနေနေ့က အပြောင်းအရွှေ့ကိစ္စအပြီးသတ်နိုင်ခဲ့တဲ့ လီဗာပူးကစားသမားဟောင်း ကော်တင်ဟိုဟာ PSG တိုက်စစ်မှူး နေမာပြီးရင်၊ ဒုတိယမြောက်ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် ဘောလုံးသမိုင်းမှာ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကော်တင်ဟိုဟာ ပြောင်းရွှေ့ကြေး ပေါင်(၁၄၂)သန်းနဲ့ ဘာစီလိုနာမှာ (၄)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး စာချုပ်လျော်ကြေးအဖြစ် ပေါင်သန်း (၃၅၅)သန်းကိုပါ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုမယ်လို့ သိရပါတယ်။

အခုအခါမှာ ဘာစီလိုနာအသင်းက မကြာမီမှာ ရောက်ရှိလာမယ့် ကော်တင်ဟိုအတွက် ကျောနံပတ်ကို ကြေညာခဲ့ပါတယ်။ ကော်တင်ဟိုဟာ လီဗာပူးမှာ ကျောနံပတ်(၁၀)ကို ဝတ်ဆင်ခဲ့ပေမယ့် ဘာစီလိုနာမှာတော့ ကျောနံပတ်(၇)ကို ဝတ်ဆင်ကစားရမှာပါ။

လက်ရှိအချိန်မှာ နံပတ်(၇)အင်္ကျီကို Arda Turan က တရားဝင်ဝတ်ဆင်နေပြီး၊ Arda ကလည်း ယခုနှစ်ရာသီမှာ ပွဲဦးထွက်ကစားသမားအဖြစ် ရွေးချယ်ခြင်းမခံရလို့ အခုအပြောင်းအရွှေ့ကာလအတွင်းမှာ အခြားအသင်းတစ်ခုကို ရောက်ရှိဖို့ များနေသလို၊ အသင်းမှာ ဆက်ရှိနေရင်လည်း သူရဲ့ နံပတ်(၇)အင်္ကျီကို ကော်တင်ဟိုထံ လွှဲပေးရမှာပါ။

ကော်တင်ဟိုဟာ ကြာသပတေးနေ့မှာယှဉ်ပြိုင်မယ့် ဆယ်လ်တာဗီဂိုအသင်းနဲ့ ရင်ဆိုင်ကစားမယ့် ကိုပါဒယ်လ်ရေးဖလားပြိုင်ပွဲမှာ ဘာစီလိုနာပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ရှိနေပါတယ်။ ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကတည်းက ဘာကာကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပြီး၊ လီဗာပူးက ထွက်ခွာခွင့် မပြုခဲ့ပါဘူး။

READ
(၂၀-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ထိုစဉ်က လီဗာပူးနည်းပြကလော့ပ်ဟာ ကော်တင်ဟို အသင်းမှာဆက်ရှိနေဖို့ မိမိတို့ တက်နိုင်သလောက် ကြိုစားကာကွယ်သွားမယ်လို့ အတိအလင်း ပြောဆိုခဲ့ပေမယ့် နောက်ဆုံးတော့ ကစားသမားရဲ့ ဆန္ဒကို လိုက်လျောခဲ့ရသလို၊ ဘာကာဘက်ကလည်း ဘောလုံးသမိုင်းမှာ ဒုတိယကြေးအမြင့်ဆုံးပမာဏနဲ့ ကမ်းလှမ်းခဲ့တာပါ။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE