လူသားတွေနဲ့အပြိုင် ဘောလုံးကစားဖို့ကြိုးစားခဲ့တဲ့ နွားတစ်ကောင်ရဲ့ဗီဒီယိုနာမည်ကြီးနေ

Twitter "Latestly"

နွားတစ်ကောင်နဲ့အတူ ကျွန်တော်တို့ ဘောလုံးကန်ခဲ့တယ် လို့ပြောရင် ဘယ်သူမှ ယုံမယ်မထင်ပါဘူး။ ဒါပေမယ့် ဘောလုံးကန်ချင်တဲ့ နွားတစ်ကောင်ကတော့ အပြင်မှာ တကယ်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ဂိုအာ မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်က ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ပြောစရာ ဖြစ်ခဲ့ရပါတယ်။

Twitter “Depak Putter”

ဂိုအာပြည်နယ်တောင်ဖက်ခြမ်းမှာရှိတဲ့ ဆယ်ဆက်တီမြို့ရဲ့ ကစားကွင်းတစ်ခုမှာ လူငယ်တွေ ဘောလုံးကစားနေကြတုန်း ကွင်းထဲကို နွားတစ်ကောင် ၀င်လာခဲ့တာပါ။ ဘောလုံးကစားနေတဲ့နေရာက ဘောလုံးကွင်းသီးသန့်မဟုတ်ပဲ လူတွေလည်း သွားလာလို့ရတဲ့နေရာမျိုးမို့ နွားတစ်ကောင် ရောက်လာခဲ့တာဟာ သူတို့အတွက် အထူးအဆန်းတော့မဟုတ်ပါဘူး။

ဒါပေမယ့် အဲဒီနွားရဲ့ ခြေထောက်ကြားထဲကို ဘောလုံးရောက်သွားချိန်မှာတော့ ပြဿနာက စတင်ခဲ့တာပါ။

နွားလေးက သူ့ခြေထောက်ကြားက ဘောလုံးကို ဘယ်သူ့ကိုမှ ယူခွင့်မပေးပဲ ကာကွယ်ထားခဲ့လို့ ဘောလုံးကစားနေတဲ့ လူငယ်တွေဟာ ခဏရပ်ထားခဲ့ကြရပါတယ်။ အဲဒီနောက်မှာလည်း နွားကပဲ ဘောလုံးကို ခြေထောက်နဲ့တမျိုး၊ ခေါင်းနဲ့တမျိုး ကစားနေခဲ့လို့ ဘေးနားမှာ ရှိသူတွေ သဘောကျခဲ့ရတာပါ။

READ
လူတွေအတိုင်း ကစားနေခဲ့တဲ့ ချင်ပန်ဇီသားအမိနှစ်ကောင်ရဲ့ ကြည်နူးဖွယ် ဗီဒီယိုလေး 

 

နောက်ဆုံးမှာတော့ နွားကိုခြောက်လှန့်ပြီး လူငယ်တွေ ဘောလုံးပြန်ရသွားခဲ့ကြပေမယ့် ဘောလုံးနောက်ကို တစ်ချိန်လုံး လိုက်နေတဲ့နွားကြောင့် သူတို့ခမျာ ဘောလုံးကို ကောင်းကောင်းမကန်ကြရတော့ပါဘူး။

တွစ်တာပေါ်မှာတော့ ဒီဖြစ်ရပ်ကို ရိုက်ထားတဲ့ (၂)မိနစ်ကြာ ဗီဒီယိုလေးကို ကြည့်ရှုသူ သိန်းနဲ့ချီ ရှိခဲ့ပြီး တချို့က “Cownaldo” တချို့က “Moosi” ဆိုပြီး ဒီနွားလေးကို နာမည်အမျိုးမျိုး ပေးခဲ့ကြတာပါ။

 

Linn

READ
ထူးထူးခြားခြား ရည်စရာကောင်းနေတဲ့ တိရစ္ဆာန်လေးများရဲ့ လျှပ်တစ်ပြတ်ဓာတ်ပုံများ

Source : storypick.com

SHARE