ပုံမှန်ထက်ဖွံ့ဖြိုးနှုန်းထက် (၂) ဆကျော်နေတလို့ အသတ်မခံရတော့တဲ့ ဧရာမနွားကြီး

Channel 7

ပုံမှန်လူတစ်ယောက်ရဲ့အရပ်အမြင့်ဟာ ယေဘုံယျအားဖြင့်တော့ (၆) ပေ နဲ့ (၅) လက်မဆိုတာ အလွန်ဆုံးပါ။ နိုင်ငံကျော်ဘတ်စကတ်ဘော ကစားသမား မိုက်ကယ်ဂျော်ဒန်ကတော့ (၇) ပေပြည့်ဖို့ (၆) လက်မတိတိသာ လိုပါတော့တယ်။

Instagram

အရမ်းအရပ်ရှည်တဲ့ အထဲပါတဲ့ မိုက်ကယ်ဂျော်ဒန်နဲ့ အတိမ်းမယိမ်း နွားကြီးရှိတယ်ဆိုရင် ယုံကြပါ့မလား ….

Channel 7
Channel 7

သူ့နာမည်ကတော့ Knickers လို့ခေါ်ပါတယ်။ အသက် (၇) နှစ်ရှိနေပြီး ခန့်မှန်းခြေအရေတော့ သြစတေးလျမှာ အကြီးဆုံးနွား ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ကိုယ်အလေးချိန်ဟာ ကားအသေးစားလေးတွေထက်ကို များလွန်းနေပြီး သာမန်နွားသိုးတွေထက်တောင်မှ နှစ်ဆကျော်နဲ့အရပ်အမြင့်ရှိလို့နေပါတယ်။ ပေါင် (၃,၀၈၆) အလေးချိန်ရှိပြီး အရပ်အမြင့်ကတော့ (၆) ပေ နဲ့ (၄) လက်မဖြစ်တာကြောင့် NBA စတား မိုက်ကယ်ဂျော်ဒန်နဲ့ယှဉ်ရင်တော့ နှဖူးနဲ့ကွက်တိသွားကျနေမှာပါ။

Channel 7

Knickers ကြီးကို သြစတေးလျအနောက်ပိုင်းရဲ့ အချက်အချာမြို့ဖြစ်တဲ့ Perth ကနေ တောင်ဖက်ကိုနောက်ထပ် (၁) နာရီခွဲလောက်ဆက်သွားလိုက်ရင် ရောက်နိုငတဲ့ Myalup မြို့လေးမှာ မွေးမြူထားတာပါ။ မွေးမြူရေးခြံဖြစ်တာကြောင့် နို့စားနွား၊ အသားစားနွားတွေမွေးကာ လုပ်ငန်းလုပ်ကိုင်နေရတဲ့ခြံဖြစ်ပါတယ်။ Knickers ဟာ နို့စားနွားဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသားနွားမတစ်ကောင်ရဲ့ ကိုယ်အလေးချိန်ဟာ ပုံမှန်အားဖြင့် ပေါင် (၁၅၀၀) သာရှိရမှာဖြစ်ပြီး အမြင့်ကတော့ (၄) ပေကျော်ကျော်သာ ရှိနိုင်မှာပါ။ နွားထီးဆိုရင်တော့ ပေါင်ချိန် (၂၂၀၀) လောက်နဲ့ အမြင့် (၅) ပေကျော်ပါ။

READ
အဖော်မုဆိုးက သားကောင်နဲ့မှားယွင်းပြီး ပစ်သတ်တာကို ခံခဲ့ရတဲ့အမျိုးသား
News

Knickers ကျမှထူးပဲပြီး အခုလို အခြားသာမန်နွားတွေထက် သိသိသာသာကို ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှုန်း (၂) ဆကျော်လောက် မြင့်တက်နေပါတယ်။ ဒီလိုအများနဲ့မတူဘဲ ကြီးမားလှတဲ့ကိုယ်ခန္ဓာကြောင့် Knickers ဟာ သားသတ်ရုံသို့ပို့ဆောင်ခံရမယ့်ဘေးမှ လွတ်မြောက်သွားခဲ့တာလို့ ခြံပိုင်ရှင်ကပြောပါတယ်။

ဘယ်လောက်ပဲ ဖွံ့ဖြိုးဖွံ့ဖြိုး၊ (၆) ပေနဲ့ (၄) လက်မသာ ရှိတဲ့ Knickers ကတော့ Bellino ကို မမီသေးပါဘူး။ Bellino ဟာ ရောမမှာ ၂၀၁၀ တုန်းကပြုလုပ်ခဲ့တဲ့ နွားအလှပြိုင်ပွဲမှာ ကမ္ဘာ့အကြီးဆုံးနွားအဖြစ်မှတ်တမ်းတင်ခံထားရပြီး အမြင့်ကတော့ (၆)ပေနဲ့ (၇) လက်မရှိနေပါတယ်။

Source: CNN, Daily Mail , The Guardian

Penny

 

 

SHARE