မိုဘိုင်းဖုန်းမှာ ကစားခွင့်ရဖို့ နီးစပ်နေပြီဖြစ်တဲ့ နာမည်ကျော်ဂိမ်း Crash Bandicoot

Activision

တစ်ချိန်က PlayStation ရဲ့ လူဆော့အများဆုံး ဂိမ်းတစ်ခုဖြစ်တဲ့ မြွေခွေးကားမောင်းဂိမ်း(Crash Bandicoot)ဟာ မိုဘိုင်းဖုန်းမှာ သိပ်မကြာခင်ဆော့ကစားလို့ရတော့မှာပါ။ အခုအချိန်မှာတော့ ဘယ်အချိန်မှာ တရားဝင်ထွက်ရှိလာမလဲဆိုတာ မသိရသေးပေမယ့် Crash Bandicoot မိုဘိုင်းဂိမ်းရဲ့ ထွက်လာတဲ့ ပုံတွေ အရတော့ အရင်တုန်းက မြေခွေးကားမောင်းပုံစံနဲ့ သိပ်အများကြီးပြောင်းလဲမသွားတာကို တွေ့ရပါတယ်။

 

ကောလဟကတွေအရ Crash Bandicoot မိုဘိုင်းဂိမ်းအမျိုးအစားပုံစံဟာ runner-style ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Temple Run လိုမျိုး အဆုံးမရှိ ပြေးနေရတဲ့ ဂိမ်းလိုမျိုး ပုံစံဖြစ်မယ်လို့ ကြားသိရပါတယ်။ လမ်းတစ်လျှောက်မှာ ပန်းသီးတွေကို အမှတ်အဖြစ် စားရမယ်လို့လည်း သိရပါတယ်။ အဲဒီသတင်းဟာ တကယ်ဟုတ်မဟုတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ တကယ်လို့သာ Temple Run လိုမျိုးတစ်ချိန်လုံး ပြေးလွှားနေရတဲ့ ပုံစံနဲ့ အတည်ထွက်လာခဲ့ရင်တော့ အရင်တုန်းက ဆော့ကစားခဲ့ဖူးတဲ့ မြေခွေးကားမောင်း ဂိမ်းရဲ့ အရသာဟာ ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။ အရင်တုန်းကလောက် ဆော့ကောင်းတော့မှာ မဟုတ်တော့ပါဘူး။

မြေခွေးကားမောင်း မိုဘိုင်းဂိမ်းရဲ့ ပုံရိပ်တချို့ကို JumpButton ဆိုတဲ့ တွစ်တာအကောင့်ကနေ တင်ရှိထားရာက အခုလို သတင်းပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ အခု မြေခွေးကားမောင်းဂိမ်းကို ရေးဆွဲတဲ့ Developer တွေထဲမှာ King ဆိုတဲ့ လူတစ်ယောက်ပါဝင်နေပါတယ်။ King ဟာ မိုဘိုင်းဂိမ်းလောကမှာ နာမည်ကြီး Developer တစ်ယောက်ဖြစ်ပြီး အရွယ်သုံးပါးမရွေ့းဆော့ကစားနေတဲ့ Candy Crush ဂိမ်း ရေးဆွဲရမှာလည်း ပါဝင်ခဲ့သူတစ်ယောက်ပါ။

မြွေခွေးကားမောင်းဂိမ်း(Crash Bandicoot)ဟာ အခုအချိန်မှာတော့ Development အဆင့်ပဲရှိသေးတာကြောင့် ဘယ်အချိန်မှာ ထွက်လာမလဲဆိုတာတော့ မသိသေးပါဘူး။

Activision

၂၀၂၀ ထဲမှာ ထွက်လာမယ့် နာမည်ကြီး မိုဘိုင်းဂိမ်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှ သိပ်မကြာခင်လပိုင်းလောက်မှာ ထွက်လာမယ့် မိုဘိုင်းဂိမ်းတွေကတော့

  • Crescent Moon Games
  • Dragon Raja
  • Teamfight Tactics
  • Cyber Knights: Flashpoint 
  • Dragon Quest of the Stars 
  • One Piece Bon! Bon! Journey 
  • Sonar Smash
  • Fire Emblem Heroes တို့ ဖြစ်ပါတယ်။
SHARE