လူတွေကြောက်သွားဖို့အတွက် ခွေးတစ်ကောင်ကို မိကျောင်းယောင်ဆောင်ခိုင်းလိုက်သောအခါ

ဒီအစီအစဉ်က ဘရာဇီးနိုင်ငံရဲ့ Variety Show တစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပြီး ခွေးလေးတစ်ကောင်ကို မိကျောင်းဝတ်စုံ ၀တ်ပေးထားခဲ့တာပါ။ အဲဒီ ခွေးလေးကို ပန်းဥယျာဉ်တစ်ခုထဲမှာ ရှိနေစေခဲ့ပြီး ပန်းဥယျာဉ်ထဲ ညဘက် လာရောက်သူတွေကို ခြောက်လှန့်ခဲ့ပါတယ်။

ပန်းခြံထဲက လမ်းအတိုင်း လျှောက်လာကြတဲ့ လူတွေဟာ သူတို့အနားကို မိကျောင်းတစ်ကောင် ရောက်လာတယ်ထင်ပြီး ထွက်ပြေးကြတာပါ။ ခွေးလေးက တ၀ုတ်ဝုတ်နဲ့ ဟောင်နေပေမယ့်လည်း လမ်းလျှောက်လာသူတွေကတော့ ခွေးဟာ တစ်နေရာကနေ မိကျောင်းကို မြင်လို့ ဟောင်နေတယ်ပဲ ထင်ကြတာပါ။

GoodTimes

တချို့တွေကတော့ တကယ့်မိကျောင်းလားလို့ စူးစမ်းခဲ့ကြပြီး အဖြစ်မှန်ကို သိသွားခဲ့ကြပေမယ့် ဗီဒီယိုဖိုင်ထဲမှာတော့ မိကျောင်းတစ်ကောင် လမ်းပေါ်ရောက်လာတယ်ဆိုပြီး သုတ်ခြေတင် ပြေးကြသူတွေကိုပဲ တွေ့ရမှာပါ။

မိကျောင်းဝတ်စုံ ၀တ်ပေးထားတဲ့ ခွေးလေးရဲ့နာမည်က ဒွန် လို့ခေါ်ပြီး သူကိုယ်တိုင်လည်း လူတွေကို ကြောက်အောင်လုပ်ရတာ သဘောကျနေပုံရပါတယ်။ လူတွေ မလာမချင်း အမှောင်ရိပ်ထဲမှာ ဒွန်ကို ကြိုးနဲ့ချည်ထားရပြီး ဒွန်ကလည်း အသံမထွက်ဘဲ ထိုင်နေခဲ့တာပါပဲ။

READ
ပေ(၃၀)အမြင့်မှ ရေထဲကို ခုန်ချတဲ့ဗွီဒီယို ရိုက်ကူးစဉ်၊ ကျောက်ဆောင်ပေါ်ကျပြီး သေဆုံးခဲ့သူ
Goodtimes

သူ့ကိုကြိုးဖြည်ပေးလိုက်ပြီဆိုတာနဲ့ ဒွန်က လူတွေနားကို ကပ်သွားခဲ့ပြီး လူတွေ ထွက်ပြေးသွားရင်လည်း သူတို့ရဲ့အနောက်ကို ပြေးလိုက်နေခဲ့ပါတယ်။ အင်တာနက်ပေါ်မှာတော့ ဒီလိုမျိုး ခြောက်လှန့်ခံရတာဟာ တကယ့်ကို ဆိုးတဲ့ကိစ္စဖြစ်ပြီး မိကျောင်းတစ်ကောင်ရှိနေတယ်လို့ ထင်ရတာဟာ အသက်အန္တရာယ် ဖြစ်နိုင်တဲ့အထိ စိတ်ဖိစီးသွားစေနိုင်တယ်လို့ ဝေဖန်သူတွေလည်း အများကြီးပါ။

Goodtimes

ဒါပေမယ့် ဒွန်ကတော့ ပန်းခြံတွေမှာ လှည့်လို့ သူ့ရဲ့အလုပ်ကို သူလုပ်နေဆဲဖြစ်ပြီး သူပါဝင်တဲ့ တီဗီပရိုဂရမ်တွေက ကြည့်ရှုသူတွေ မြင့်တက်နေဆဲပါ။ Croco Dog Prank လို့ နာမည်ကြီးနေတဲ့ ဗီဒီယိုလေးကို အောက်မှာ ကြည့်လိုက်ကြပါဦး..။

Linn

Source : Goodtimes

SHARE