ချစ်သူကို စွဲစွဲလမ်းလမ်းချစ်မိသွားခဲ့သူတွေဆိုတာ……

ဘ၀မှာ တစ်ဦးတည်းကိုပဲ စချစ်ဖူးတော့ ရူးရူးမူးမူးဖြစ်သွားတတ်ကြတာမဆန်းပါဘူး။ အချစ်ကို ရူးသွပ်မိပြီးဆိုရင်လည်း မိမိချစ်သူအပေါ် ဒီအချက်လေးတွေအတိုင်း အလိုလို လိုက်လုပ်ပေးမိနေတော့တယ်…

(၁) သူအနားမှာပဲနေချင်တယ်။

သူ့တစ်ယောက်တည်းကိုပဲ စွဲစွဲလမ်းလမ်းချစ်မိသွားရင် သူ့နဲ့အတူတူရှိနေရရင် ပျော်လို ဘေးမှာပဲတွယ်ကပ်မိသွားတယ်။ ချစ်သူဘေးနားမှာပဲအချိန်တိုင်း ရှိနေချင်ပြီး သူမျက်နှာလေးကိုမြင်နေရတာက ကိုယ့်အတွက်တော့ စိတ်ပျော်ရွင်မှု အပြည့်အ၀ရရှိတယ်လို့ ထင်နေမိတတ်တယ်။

(၂) သူနဲ့ပတ်သတ်ရင် အရာရာ လောဘကြီးတတ်လာတယ်။

ချစ်သူအပေါ် အရမ်းချစ်မိသွားတော့ လောဘတွေတတ်လာတယ်။ တစ်ခါတစ်လေ သူ့ဆီက ဂရုစိုက်မှုတွေ၊ အကြင်နာတွေ၊ နွေးထွေးမှုတွေကို အရင်ကထက်ပိုလိုချင်ပေမယ့် သူအလုပ်မအားလို့ ကိုယ့်ကို အချိန်မပေးနိုင်တဲ့အခါတွေဆို ကိုယ့်ကိုမချစ်ဘူးလို့တွေးမိပြီး စိတ်ထဲမကျေနပ်တာတွေဖြစ်လာတယ်။

(၃) သူကိုပဲ သတိရနေတတ်တယ်။

အသံခဏလေးမကြားရင်တောင်မှပဲ ထိုင်မရ၊ ထမရတွေဖြစ်နေပြီး ရင်ထဲမှာ မီးတောက်ကြီးတွေဖြစ်နေတတ်တယ်။ တစ်ယောက်တည်းကိုပဲ စွဲစွဲလမ်းလမ်းချစ်မိသွားတဲ့လူတိုင်းက ချစ်သူအကြောင်းကိုပဲ အချိန်ုတိုင်းတွေးနေတတ်ပြီး သတိရနေတတ်ပါတယ်။

(၄) သူကလွဲပြီး တခြားသူတွေကို မလိုချင်တော့ဘူး။

ချစ်သူနဲ့ အတူတူရှိရရင် အရာအားလုံးကို မေ့သွားတတ်ကြတယ်ပြီး တစ်ယောက်တည်းကိုပဲ သစ္စာရှိစွာ ချစ်တတ်ကြပါတယ်။  ဘေးနားမှာရှိနေရမယ့် သူက သူပဲဖြစ်ရမယ်ဆိုတဲ့စိတ်၊ သူကလွဲပြီး တခြားဘယ်သူကိုမှ မလိုချင်တော့ဘူးဆိုတဲ့စိတ်နဲ့ချစ်မိပြီး စွဲလမ်းမိသွားတာပါ။

SHARE