Crazy Rich Americans တွေရဲ့ ပိုက်ဆံကိုဂရုမစိုက်ဘဲ ထင်တိုင်းကြဲခဲ့ကြတဲ့ ဖြစ်ရပ်(၇)ခု

Elite Readers

အောက်မှာ ဖော်ပြပေးသွားမယ့် အကြောင်းအရာတွေကတော့ တကယ့်လက်တွေ့မှာဖြစ်ပျက်ခဲ့တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ အမေရိကန်က ပိုက်ဆံရှိသူဌေးတွေရဲ့ ဖြုန်းတတ်ပုံတွေ၊ ပိုက်ဆံကို ခုတုံးလုပ်ပြီး သူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ထားတဲ့ အကြောင်းတွေမို့ စိတ်ဝင်စားရင် ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) ဒေါ်လာ ၃ မီလီယံတန်အိမ် ဝယ်လိုက်တာ နေဖို့မဟုတ်

Elite Readers

မိသားစုတစ်စုဆိုရင် သူတို့ဘေးနားက နေစရာအိမ်အသင့်ပါပြီးသားခြံကို ဒေါ်လာ (၃) မီလီယံနဲ့ပေးဝယ်ကာ အိမ်ကိုဖြိုပြီး တင်းနစ်ကွင်းဆောက်ပစ်လိုက်ပါတယ်။

(၂) မကျေနပ်လို့ ရန်စတဲ့နည်းလမ်း

Elite Readers

သူဌေးတစ်ယောက်ဟာ သူ့ရဲ့အိမ်နီးနားချင်းနဲ့ ကတောက်ကဆ ဖြစ်ထားတဲ့အပေါ် မကျေမနပ်ဖြစ်ပြီး ဟယ်လီကော်ပတာတစ်စီးချက်ချင်းဝယ်ခဲ့ပါတယ်။ ပြီးတော့ ပိုင်းလော့ကို မနက်တိုင်း (၄)နာရီမှာ လာစေခဲ့ပါတယ်။ ပြီးတော့ သူနဲ့ မတည့်တဲ့အိမ်နီးချင်းရဲ့ အိမ်ပေါ်မှာ ဟယ်လီကော်ပတာကို ဆီကုန်တဲ့အထိ ဝဲလိုက်ရပ်လိုက် လုပ်ခိုင်းခဲ့ပါတယ်တဲ့။

(၃) သူတို့ပတ်တဲ့ နာရီတစ်လုံးသာရခဲ့ရင်

Elite Readers

ဒါကတော့ အမျိုးသားတစ်ယောက်က သူ့ရဲ့ social media ပေါ်တင်ထားတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုပါ။ သူ့အလုပ်က သူဌေးနဲ့ ဓာတ်လှေကားထဲ တူတူစီးမိတဲ့အခါ စကားစမြည်ပြောရာကနေ သူက သူဌေးရဲ့နာရီကို မိုက်တယ်လို့ ချီးကျူးစကားဆိုလိုက်မိပါတယ်။ ဒါနဲ့ သူဌေးက ချက်ချင်းချွတ်ပြီး သူ့ကို တစ်ရက်တိတိ ဝတ်ခွင့်ပေးခဲ့ပါတယ်။ ထူးခြားတာက အဲဒီနာရီရဲ့ တန်ကြေးဟာ ဒေါ်လာ (၁.၇၅) မီလီယံရှိနေပြီး အမျိုးသားကတော့ နာရီတစ်လုံးတည်းနဲ့ သူ့မိသားစုမျိုးဆက် (၄) ဆက်လောက် ကျွေးမွေးလို့ရတယ်ဆိုပြီး ပို့စ်တင်ထားတာ ဖြစ်ပါတယ်။

READ
Gym Queenလို့ တင်စားခံရတဲ့ Anllela Sagra ရဲ့ Fitness Motivation ဗီဒီယိုဖိုင်ထွက်ပေါ်

(၄) သုံးတန်းတုန်းကကြုံခဲ့ရတဲ့ မွေးနေ့ပွဲတစ်ပွဲ

Elite Readers

အမျိုးသမီးတစ်ယောက်ကတော့ သူငယ်ငယ် သုံးတန်းကျောင်းသူဘဝတုန်းက ကြုံခဲ့ဖူးတဲ့ မွေးနေ့ပွဲတစ်ပွဲအကြောင်း ပြောပြထားပါတယ်။ သူတို့ကျောင်း တစ်ကျောင်းလုံးမှာရှိတဲ့ သုံးတန်းကျောင်းသူလေးတွေအားလုံး အယောက်(၈၀) လောက်ကို ခြောက်ပေါက်ကားကြီးတွေနဲ့လာကြိုပါတယ်။ ပြီးတဲ့အခါ နာမည်ကျော် ဝက်ဝံရုပ်အရောင်းဆိုင်ကို ခေါ်သွားပြီး အယောက်စီတိုင်းကို ကြိုက်တဲ့ ဝက်ဝံတစ်ကောင်ဆီ ရွေးချယ်စေပြီး ဝယ်ပေးခဲ့တဲ့ အဖြစ်ပါ။ ပြီးတဲ့အခါမှာ လက်သည်းခြေသည်းတွေကို အလှပြုပြင်ပေးခဲ့ပြီး နာမည်ကြီးစားသောက်ဆိုင်ကို ခေါ်သွားကာ ညစာကျွေးမွေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ခြောက်ပေါက်ကားကြီးတွေနဲ့ပဲ မွေးနေ့ရှင်ရဲ့အိမ်ကို လိုက်အိပ်ဖို့ ခေါ်သွားခဲ့တယ်လို့ဆိုပါတယ်။ သူမကတော့ ဒီလိုခမ်းနားတဲ့မွေးနေ့ပွဲမျိုး ဘယ်တော့မှ ကြုံမှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

(၅) တစ်တိုက်လုံးငှားပြီး လာတောင်မလည်သူ

Elite Readers

ဒီတစ်ခေါက်ကတော့ အိမ်ခြံမြေပွဲစားတစ်ယောက်က တင်ထားတဲ့ အခန်းငှားသူ တစ်ယောက် အကြောင်းပါ။ ထိုသူက စတုရန်းပေ (၂,၅၀၀) ရှိတဲ့ (၄) ထပ်တိုက် မီနီကွန်ဒိုကို တစ်လ ဒေါ်လာ (၁) သောင်းခွဲနဲ့ ငှားရမ်းခဲ့ပါတယ်။ မန်ဟတ်တန်မှာရှိပြီး မြို့တစ်မြို့လုံးရဲ့ရှုခင်းကို ပတ်ပတ်လည် မြငနိုင်တဲ့ ကွန်ဒိုကို (၆) လပြတ်နဲ့ ငှားခဲ့ပေမယ့် အခန်းကြီးဒီတိုင်းထားပြီး တစ်ခါမှတောင် မရောက်လာခဲ့ပါဘူးတဲ့။

READ
သင်နဲ့မထိုက်တန်တဲ့သူကိုစွန့်လွှတ်ခြင်းကနေရရှိတဲ့ သင်ခန်းစာများ

(၆) ပီကာဆိုရဲ့ မူရင်းလက်ရာကို လက်ဝယ်ပိုင်ဆိုင်ထားခဲ့

Elite Readers

ဒီအမျိုးသမီးကတော့ သူမယောက်ျား ဇာတ်ညွှန်းရေးစဉ် ပရိုဂျူဆာအိမ်သွားတုန်းက အကြောင်းလေးကို ပြောပြထားတာပါ။ ဟောလိဝုဒ်က နာမည်ကြီးပရိုဂျူဆာတစ်ယောက်အိမ်မှာ ဇာတ်ညွှန်းသွားပြတော့ ပီကာဆိုရဲ့ ပန်းချီကားကို အိမ်ရဲ့ကားပါကင်မှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

(၇) ဖိနပ်စုဆောင်းသူ

Elite Readers

ဒါကတော့ နာမည်ကြီးတံဆိပ်တွေကို တစ်စုတစ်စည်းတည်းရရှိနိုင်တဲ့ ဖိနပ်အရောင်းဆိုင်က အရောင်းစာရေးတစ်ယောက်ရဲ့ အတွေ့အကြုံပါ။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ ဆိုင်ထဲဝင်လာပြီး ရှိသမျှ ယောက်ျားစီးဖိနပ်တွေအကုန် ဆိုဒ် (၁၀) ချည်းပဲ အကုန်ထုတ်ပေးပါလို့ ဆိုပါတယ်။ အစပိုင်းတော့ အရောင်းစာရေးက ထိုသူလည်း ဝတ်ကြည့်မယ်ထင်ပြီး ထုတ်ပေးလိုက်ပါတယ်။ ဒီအခါ လာဝယ်တဲ့လူက ဖိနပ်ဒီဇိုင်းတွေကို ကြည့်တောင်မကြည့်ဘဲ အားလုံးကို ထုတ်ပိုးခိုင်းပါတယ်တဲ့။ ပြောသွားတာကတော့ သူ့အိမ်က ဗီရိုရဲ့ လွတ်နေတဲ့နေရာတွေကို လိုက်ဖြည့်ချင်တာလို့ ဆိုခဲ့ပါတယ်။ ဖိနပ်အရံပေါင်း (၁၄၀) လောက် ရောင်းလိုက်ရလို့ သူတောင် ကော်မရှင်တွေတစ်သီးကြီးရသွားသေးတယ်လို့ အရောင်းစာရေးက ဆိုပါတယ်။

Source: elitereaders

Penny

SHARE