Crazy Rich Asians ရုပ်ရှင်ကတော့ လူတိုင်းနီးပါး ကြည့်ဖူးကြမှာပါ။ ဒီကားထဲ တချို့သော ချမ်းသာကြွယ်ဝတဲ့ Asian တွေရဲ့ ကြီးကျယ်ခမ်းနားပုံတွေ၊ လူနေမှုစရိုက်တွေအပြင်ကိုမှ fashion တွေနဲ့ မင်းသား၊ မင်းသမီးတွေကိုလည်း အာရှနိုင်ငံတွေအပြင် ကမ္ဘာကိုပါကျော်သွားစေခဲ့တဲ့ ရုပ်ရှင်တစ်ကားပါ။
အဲဒီအထဲ ဗြိတိသျှ-မလေးရှားမင်းသားဖြစ်တဲ့ Henry Golding ကတော့ ပရိတ်သတ်တွေရဲ့ အာရုံစိုက်ခြင်းကို အခံရဆုံးပါပဲ။ ခန့်ညားလှပြီး ယောက်ျားပီသလှတဲ့ရုပ်ရည်ကြောင့် မိန်းကလေးတွေပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ခံလာရပေမယ့်လို့ သူဟာ ၂၀၁၆ ခုနှစ်ကတည်းကိုက Liv Lo နဲ့ လက်ထပ်ထိမ်းမြားထားခဲ့တာပဲဖြစ်ပါတယ်။
View this post on Instagram
Digital Spy ရဲ့ဖော်ပြချက်အရ လက်ရှိအချိန်မှာ Henry Golding အနေနဲ့ ဇနီးသည်ကြောင့် လူဖြစ်ရကျိုးနပ်တော့ပါမယ်တဲ့။ Liv Lo မှာ သူ့ရဲ့ ရင်သွေးလေးရှိနေပြီဖြစ်ကြောင်း Henry Golding ဟာ ပရိတ်သတ်တွေကို တရားဝင်ကြေငြာလာခဲ့ပါတယ်။
View this post on Instagram
“၂၀၂၁ ကတော့ အကောင်းတွေချည်းဖြစ်လာတော့မှာပါ”တဲ့ဆိုပြီးတော့ ဇနီးသည်ရဲ့ ဗိုက်လေးကိုကိုင်ပြီး နှစ်ယောက်သား ကြည်ကြည်နူးနူးနဲ့ ရိုက်ထားတဲ့ ပုံလေးတစ်ပုံကို social media မှာ တင်လာခဲ့ပါတယ်။ သားသားလေးလား၊ မီးမီးလေးလားဆိုတာကိုတော့ စောနေသေးလို့ ထုတ်ပြောပြထားခြင်းမရှိသေးပါဘူး။
View this post on Instagram
Henry Golding အနေနဲ့ လက်ရှိအချိန်မှာ Daniel Craig ပြီးသွားရင် နောက်ထပ် James Bond ဖြစ်လာနိုင်ချေရှိနေတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူကိုယ်တိုင်ဟာလည်း အခွင့်အရေးပေးလာရင် ဂုဏ်ယူဝမ်းမြောက်စွာနဲ့ အခွင့်အရေးကို လက်ခံမှာပါတဲ့လေ။
View this post on Instagram
penny