လေယာဉ်ပေါ်မှာ ရှန်ပိန်လေးကျိုက်ပြီး ခရီးထွက်လာတဲ့ ယုန်သူဌေးမလေး

Facebook/Takako Ogawa

အသက် (၈) နှစ်အရွယ် ယုန်မလေးတစ်ကောင်ကို ဆန်ဖရန်ဆစ္စကိုကနေ တိုကျိုသွား လေယာဉ်ပေါ်မှာ မြင်လိုက်ရတဲ့အခါ အားလုံးက အားကျသွားခဲ့တာတော့ အမှန်ပါ။ ယုန်မလေးနာမည်က ကိုကိုပါ။ ကိုကိုက Business Class မှာ သခင်နဲ့အတူတူ ခရီးထွက်လာတာပါ။ လေယာဉ်ပေါ်မှာတော့ ကိုကိုက သူ့ထိုင်ခုံနဲ့သူ သီးသန့် နေရာယူထားခဲ့တာ ဖြစ်ပါတယ်။

Facebook/Takako Ogawa

Nextshark သတင်းမှာ တွေ့ရှိချက်အရ ကိုကိုရဲ့ သခင်မဖြစ်တဲ့ Panalyt Japan ရဲ့ စီအီးအို တာကာကိုအိုဂါဝါကတော့ အခုလို ပြောပါတယ်။

例の如く、遅れてやってきました家族写真!今年も4匹元気に写ってます✨…

Posted by Takako Ogawa on Sunday, January 12, 2020

“အဲ့ဒီတုန်းက ကျွန်မက ဂျပန်ပြန်လာတာပါ။ Google က အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စိတ်ကူးရလို့လေ။ ကိုကို့ကို အမေရိကားမှာ ကျွန်မမထားခဲ့ချင်ဘူး။ ဒါကြောင့် ကျွန်မနဲ့အတူတူ ပြန်ခေါ်လာတာ…”

READ
လူတော်တော်များက ဒီပုံထဲက အက္ခရာ B အကုန်မရှာနိုင်ကြဘူး.... သင်ရော စိန်ခေါ်ကြည့်မလား?
Facebook/Takako Ogawa

အောက်ဘက်မှာတော့ ရှန်ပိန်လေးတစ်ခွက်ကို ဘေးမှာထားပြီး ခွားဆွန့်မုန့်နဲ့ ဇိမ်ကျနေတဲ့ ကိုကိုကို့ တွေ့ရဦးမှာပါ။ ပြီးတော့လည်း အစေ့အနှံတွေ ရောထားတယ်လို့ ယူဆရတဲ့ ခွက်ကလေးတစ်ခွက်နားမှာလည်း ကိုကို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆန်ဖရန်ဆစ္စကိုကနေ တိုကျိုကို (၁၁) နှစ်ကြာ မောင်းရတဲ့ ခရီးစဉ်မှာတော့ လေယာဉ်ပေါ်က ၀န်ဆောင်မှုတွေဟာ ကိုကို့်အတွက် အရမ်းကို ကျေနပ်မှုရစေမှာပါ။

Facebook/Takako Ogawa

အိုဂါဝါဟာ ကိုကို့ကို အားငယ်တတ်သူလေးဆိုပြီး လေကြောင်းလိုင်းကို ကြိုတင်လျှောက်ထားခဲ့တာကြောင့် အခုလို လေယာဉ်ထဲ အတူခေါ်ခွင့်ရခဲ့တာပါ။ Business Class ကနေ လေယာဉ်စီးခွင့်ရတာ ကိုကို့အတွက်တော့ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ (၂၀၁၅) ခုနှစ်တုန်းကလည်း အိုဂါဝါက ဂျပန်ကနေ ဆန်ဖရန်ဆစ္စကိုဆီ ပြောင်းတော့ ကိုကို့ပါ ခေါ်လာခဲ့ပါသေးတယ်။ ကိုကိုက လူနဲ့အနေနီးတော့ တော်တော်လေး လိမ္မာပါတယ်။ လေယာဉ်ခရီးစဉ်တစ်လျှောက်လုံးမှာ ပြဿနာမလုပ်ပဲ လိုက်လာခဲ့ပါတယ်။

READ
နှင်းအနည်းငယ်ကျရုံနဲ့ အဖြစ်သည်းနေတဲ့ ယူကေကို တွစ်တာပေါ်မှာ လှောင်ပြောင်
Facebook/Takako Ogawa

အိုဂါဝါကတော့ “ကိုကိုက အရမ်းစူးစမ်းတတ်ပါတယ်။ သူက လျှောက်ခုန်ပြီး ဆော့နေတာ။ များသောအားဖြင့် ယုန်လေးက အေးဆေးပါတယ်။ သူ နေနေကျမဟုတ်တဲ့နေရာမှာ တစိမ်းတွေကို တွေ့နေရပေမယ့်လည်း ကိုကိုက တည်တည်ငြိမ်ငြိမ်ပါပဲ…” လို့ ဂုဏ်ယူစွာ ပြောပြပါသေးတယ်။

Facebook/Takako Ogawa

လင်းလင်း (ShweMom)

SHARE