ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားလာနေတဲ့ ဒီဇိုင်းအမျိုးမျိုးပေါ်အောင် ကြက်စာကျွေးနည်း

မကြာသေးခင်က တရုတ်ပြည်က အွန်လိုင်းအသုံးပြုသူတွေကြားမှာ ဒီဇိုင်းတွေ ဖော်ထားတဲ့ ကြက်စာကျွေးပုံ အမျိုးမျိုးကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာ ခေတ်စားလာနေပါတယ်။ ဗီဒီယိုတွေထဲမှာတော့ ကြက်တွေဟာ အစုလိုက် အစုလိုက်နဲ့ အကောင်ပုံသဏ္ဍာန်အမျိုးမျိုး၊ တရုတ်စာလုံးအမျိုးမျိုးတို့ပေါ်မှာ ပုံဖော်ထားသလို ရှိနေတာကို တွေ့ရမှာပါ။

“ဒီလိုလုပ်တာက သိပ်တော့ မခက်လှပါဘူး။ ဒီဇိုင်းအရင်ဆွဲ၊ ပြီးမှ ကြက်စာဘူးတွေကို ကိုယ်လိုချင်တဲ့ ဒီဇိုင်းပေါ်မှာ ထားပြီး အစာကျွေးတာပါ” လို့  တရုတ်နိုင်ငံ ယန်ရှူးကောင်တီက ကြက်ခြံပိုင်ရှင်တစ်ဦးဖြစ်သူ ၀မ်လီပင်းက ဆိုပါတယ်။ ၀မ်ဟာ ဒီဇိုင်းပုံဖော်ပြီး ကြက်စာကျွေးတာကို ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းပေါ်ကို ပထမဦးဆုံး တင်ခဲ့သူပါ။ သူ့ဗီဒီယိုဟာ တရုတ်ပြည်က အွန်လိုင်းအသုံးပြုသူတွေကြား ရေပန်းစားသွားခဲ့တဲ့နောက် တစ်ခြားသူတွေကပါ ၀မ် လုပ်သလိုမျိုး ဒီဇိုင်းဖော်ပြီး ကြက်စာကျွေးတဲ့ ဗီဒီယိုတွေရိုက်ကူးကာ အွန်လိုင်းပေါ် တင်ခဲ့ကြပါတယ်။

READ
ခွေးလေးတစ်ကောင်ချင်းစီရဲ့ ထူးခြားမှုတွေကို ဖော်ပြနေတဲ့ ဓာတ်ပုံဆရာရဲ့ရိုက်ချက်များ
chinadaily.com.cn
chinadaily.com.cn
chinadaily.com.cn
chinadaily.com.cn
chinadaily.com.cn
chinadaily.com.cn
chinadaily.com.cn

အသက်(၂၅) နှစ်ရှိပြီဖြစ်တဲ့ ၀မ်ဟာ လွန်ခဲ့တဲ့(၃) နှစ်လောက်ကစပြီး အိမ်ခြံမြေအကျိုးဆောင်အလုပ်ကနေထွက်ကာ ကြက်မွေးမြူရေးလုပ်ငန်း စတင်ခဲ့တာပါ။ “ပြီးခဲ့တဲ့ နှစ်တွေမှာ လူတွေက ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်၊ သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှုမရှိတဲ့ အစားအသောက်တွေကို ပိုပြီး ရွေးချယ်လာရာကနေ ကျွန်တော့်ရဲ့ ဒီကြက်မွေးမြူရေးလုပ်ငန်းကို စတင်ဖြစ်ခဲ့တာပါ။” လို့ ၀မ်က ပြောပြပါတယ်။ ၀မ်ဟာ သူစုဆောင်းထားတဲ့ ငွေ ဒေါ်လာ (၅) သောင်းနဲ့ ကြက်မွေးမြူရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တာပါ။ အခုလို ကြက်စာကျွေးနည်းဟာ သူ့ကို ပိုမိုပျော်ရွှင်မှုရစေတဲ့အပြင် ၄င်းရဲ့ ကြက်မွေးမြူရေးလုပ်ငန်းတိုးတက်ဖို့အတွက်လည်း ခွန်အားကြီးစွာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

Creative chicken feeding becomes online hit

Crowds of #chickens pose different images of animals and Chinese characters."The creative methods of feeding can bring me more joy in daily life and more power to expand my business," said Wang Lipeng, owner of a chicken farm in Yanshou county, NEChina's Heilongjiang province.

Posted by China Daily on Tuesday, December 25, 2018

လင်းလင်း (ShweMom)

READ
ဆံပင်ညှပ်ဆရာတွေကို " အဆင်ပြေသလိုသာ ညှပ်ပေးပါ" လို့ ပြောလိုက်မိတဲ့အခါ

Ref: chinadaily, facebook

SHARE