ဗီယက်နမ်က Golden Bridge လို့အမည်ရတဲ့ တံတားဟာ ဘာနာတောင်တန်းတွေရဲ့ အပေါ် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ(၁,၄၀၀) မှာရှိပါတယ်။ ပတ်ဝန်းကျင်ဒေသ အလှအပကို Golden Bridge ကနေ ရင်သပ်ရှုမောဖွယ်ရာ တခမ်းတနားမြင်ရတာကြောင့် ကမ္ဘာလှည့်ခရီးတွေအကြိုက်တွေ့တဲ့ နေရာလည်းဖြစ်ပါတယ်။ အကွေ့အကောက်တွေနဲ့ တံတားပေါ်က ရွှေရောင်လျှောက်လမ်းတစ်လျှောက်မှာတော့ ခရမ်းရောင် လိုဘယ်လီယာဂန္ဓမာပန်းတွေနဲ့ စီတန်းစိုက်ပျိုးထားပြီး ပန်းပင်တန်းရဲ့အရှည်ဟာ မီတာ(၁၅၀) နီးနီးရှိပါတယ်။


ဒါပေမယ့် ခရီးသွားတွေကို တကယ်တမ်း အံ့မခန်းဖြစ်စေခဲ့တဲ့ အရာက ထွင်းထုထားတဲ့ လက်ဖ၀ါးတွေပဲ ဖြစ်ပါတယ်။ လက်ဖ၀ါးတွေကို ကျောက်တုံးကနေ ထွင်းထုထားသလို ထင်ရပေမယ့် တကယ်တမ်းမှာတော့ ကျောက်ကနေ ထွင်းထားတာမဟုတ်ပါဘူး။ တံတားဒီဇိုင်းကို TA Landscape Architecture ကရေးဆွဲထားပါတယ်။ လက်အရိုးပုံသဏ္ဍာန်ကို အရင်ဒီဇိုင်းရေးဆွဲပြီး စတီးသံကွန်ချာတွေနဲ့ အပေါ်ကအုပ်ထားပါ။ ပြီးနောက်မှာတော့ ဖိုင်ဘာဂလက်စ်ကို ထပ်အုပ်ပြီးတဲ့နောက် ဆေးပြန်တင်ခဲ့တာဖြစ်ပါတယ်။


တံတားတစ်ခုလုံးကို ပြီးစီးအောင် ဆောက်လုပ်တဲ့အချိန်ဟာ တစ်နှစ်နီးပါးကြာမြင့်ပါတယ်။ ဗီယက်နမ်ဟာ နိုင်ငံရဲ့ ရှုမညီးတဲ့ မြင်ကွင်းအလှအပတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေသွားလာမှုနှုန်း လျင်မြန်စွာ မြှင့်တက်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ ဘီလီယံဒေါ်လာ(၂)သန်းအကုန်အကျခံ တည်ဆောက်ခဲ့တဲ့ ၄င်းတံတားဟာ နှစ်စဉ်နှစ်တိုင်း ခရီးသွားဦးရေ (၁.၅)သန်းခန့် ၀င်ရောက်လည်ပတ်ကြောင်းလည်း သိရပါတယ်။
လင်းလင်း (ShweMom)
Ref: Boredpanda