ကမ္ဘာကို အမှိုက်တွင်းကြီးမဖြစ်ရအောင် ကယ်တင်နေတဲ့ ခေတ်ပေါ်နည်းစနစ်များ

လူသားတွေဟာ (၂) နာရီခြားတစ်ခါတိုင်းမှာ ကမ္ဘာ့အကြီးဆုံးကုန်တင်သင်္ဘောကြီး တစ်စီးစာလောက်ရှိတဲ့ အမှိုက်တွေကို စွန့်ပစ်နေကြပါတယ်။ ယနေ့ခေတ်မှာ လူတွေဟာ အသိအမြင်ပွင့်လင်းလာပြီး ကမ္ဘာကို ပြန်လည်စိမ်းလန်းစိုပြေအောင် ဖန်တီးဖို့ စိတ်ကူးနေပါတယ်။ ကမ္ဘာကြီးလည်း ကျန်းမာဖို့၊ စွန့်ပစ်ပစ္စည်းတွေကိုလည်း ပြန်လည်အသုံးချနိုင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဘယ်လို ခေတ်သစ်နည်းပညာတွေကို အသုံးချနေလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

အပင်စိုက်လို့ရတဲ့ သတင်းစာ

© Yoshinaka Ono / facebook

လူသားတွေဟာ အချက်အလက်တွေကို ဒီဂျစ်တယ်နည်းပညာနဲ့ မှတ်သားတွက်ချက်နေကြပေမယ့် စက္ကူတွေဆိုတာ လုံးဝပပျောက်သွားတာ မဟုတ်ပါဘူး။ တစ်နေ့ တစ်နေ့စွန့်ပစ်လာတဲ့ စွန့်ပစ်ပစ္စည်းတွေထဲမှာ စက္ကူတွေဟာလည်း တန်ချိန်ပေါင်းများစွာ ပါဝင်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဂျပန်လူမျိုးဒီဇိုင်နာ ယိုရှိနာကာအိုနိုဟာ သစ်စေ့တွေပါဝင်တဲ့ ဇီဝစက္ကူတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ Mainichi Newspaper ဆိုရင် ဒီစက္ကူတွေကို သုံးထားတာ ဖြစ်ပါတယ်။ စက္ကူကို အလဟဿမဖြစ်စေချင်ဘူးဆိုရင် ၄င်းသတင်းစာစက္ကူကို မြေတွင်းထဲ မြှုပ်၊ အပေါ်က ရေလောင်းပြီး စိုက်ပျိုးနိုင်ပါတယ်။ အချိန်တန်ရင် ချုံပုတ်အပင်လေးတစ်ပင်ပေါက်လာပါလိမ့်မယ်။

ပလတ်စတစ်ဘူးခွံတွေအတွက် ဆုလာဒ်

© depositphotos.com © Vacation Mode by Jose Falcon / facebook

Vending machine တွေဟာ နိုင်ငံအသီးသီးရဲ့ နေရာအနှံ့အပြားမှာ ရှိပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေက Vending machine တွေကို ငွေအကြွေစေ့ထည့်ပြီး အအေးဘူးထုတ်လို့ရရုံ၊ မုန့်၊ အရုပ်စသဖြင့် ထုတ်လို့ရရုံလောက်နဲ့ ရပ်မထားပါဘူး။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် Vending machine တွေကို ဘယ်လိုသုံးနိုင်သေးလဲဆိုတဲ့ နည်းပညာတစ်ခုကို လေ့လာခဲ့ပါတယ်။ အဲဒါကတော့ တကယ်လို့ ကိုယ်က Vending machine ထဲ ပလစ်စတစ်ဘူးခွံ သို့မဟုတ် အလူမီနီယမ် သံဗူးကို စက်ထဲ ထည့်လိုက်ရင် စက်က ကိုယ့်ရဲ့ မီးရထားစီးကဒ်ထဲ ငွေအလိုအလျောက် ဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Vending machine ကိုတော့ အီစတန်ဘူ၊ တူရကီ၊ ဘေကျင်းနဲ့ တရုတ်နိုင်ငံတွေမှာပါ ထားရှိနေပြီ ဖြစ်ပါတယ်။

READ
လူသားတွေရဲ့ ဖျက်ဆီးခံလိုက်ရပြီဖြစ်တဲ့ Tourist attraction နေရာများ

တိရစ္ဆာန်ပေါက်လေးတွေအတွက် မျက်တောင်ကော့တဲ့ တုတ်တံ

© Emma Garrett / twitter

မျက်တောင်ကော့တဲ့ တုတ်တံလေးတွေကို စကော့တလန်မှာရှိတဲ့ The New Arc တိရစ္ဆာန်ကယ်ဆယ်ရေးစင်တာကနေ အလှူခံနေပါတယ်။ အဆိုပါ စင်တာမှာဆိုရင် စင်တာဝန်ထမ်းတွေဟာ မျက်တောင့်ကော့တဲ့ တုတ်တံလေးတွေကို ဆေးကြောသန့်စင်ပြီး တိရစ္ဆာန်ပေါက်လေးတွေရဲ့ ခန္ဓာကိုယ်ကို ဖြီးသင်ပေးပါတယ်။ သူတို့လေးတွေရဲ့ ကိုယ်ပေါ်က သန်းနဲ့ မွှားကောင်လေးတွေကို ဖယ်ရှားပေးဖို့ ဖြစ်ပါတယ်။ The New Arc စင်တာလိုပဲ အင်္ဂလန်နဲ့ အမေရိကန်မှာရှိတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးစင်တာတွေကလည်း  မျက်တောင်ကော့တံလေးတွေကို အလှူခံလျက် ရှိပါတယ်။

ထည့်စရာအိတ်မပေးတဲ့ ဆိုင်များ

© gimmeurcookie1 / reddit

သုညစွန့်ပစ်ပစ္စည်းလှုပ်ရှားမှုဟာ ယခုချိန်မှာ ပိုပြီးပေါ်ပြူလာ ဖြစ်လာပါတယ်။ နိုင်ငံတော်တော်များများမှာရှိတဲ့ ဆိုင်တွေဟာ ဆိုင်တွင်းပစ္စည်းတွေကို ထုတ်ပိုးပေးမယ့် စက္ကူ၊ ပလတ်စတစ်အိတ်စတဲ့ ထုတ်ပိုးပစ္စည်းအရေအတွက် လျော့ချနိုင်ဖို့ ကြိုးစားလာကြပါတယ်။ ဥပမာ စားသောက်ဆိုင်တစ်ဆိုင်မှာဆိုရင် စားစရာတွေကို ဘူးကြီးတွေ၊ ခွက်ကြီးတွေထဲထည့်ထားတာပါ။ ဒါကို ဈေးဝယ်သူကနေ ကိုယ်အလိုရှိသလောက် ကိုယ့်ဘာသာကိုယ် ယူငင်ရတာမျိုး ဖြစ်ပါတယ်။ ပြီးတော့မှ ခွက်ထဲ ကိုယ်လိုချင်သလောက် ပမာဏကို ထည့်ပြီး ကောင်တာမှာ ငွေရှင်းရတာပါ။ စားစရာထည့်ဖို့ကိုတော့ ဈေးဝယ်သူဟာ အိမ်ကနေ ခွက်/ချိုင့်စသဖြင့် ထည့်စရာ အလွတ်တစ်လုံး ယူဆောင်လာရပါတယ်။ ဒီစနစ်ကို ၀န်ဆောင်မှုပေးတဲ့ ဆိုင်တွေဟာ အစားအသောက်တွေ ရောင်းချတဲ့အပြင် ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာမှုန့်စတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေပါ တွဲဖက်ရောင်းချတတ်ကြောင်းလည်း သိရပါတယ်။

READ
တစ်ခွင်လုံးမှိုင်းနေတဲ့ မြူခိုးတွေကြောင့် စိုးရိမ်ဖွယ်အခြေအနေဖြစ်လာတဲ့ ချင်းမိုင်မြို့

လင်းလင်း (ShweMom)

Ref: brightside

SHARE