ကျောချမ်းစရာ အကောင်းဆုံး သရဲမြို့များ (အပိုင်း ၁)

Image: shutterstock /By Sean Pavone

လူသူကင်းမဲ့ နေတာ ကြောင့် ကြောက်စရာကောင်းပြီး ကျောချမ်းစရာ ကောင်းတဲ့ ကမ္ဘာ ပေါ်က မြို့ တွေ အ ကြောင်း ကို Insider မှာ ဖော်ပြထားပါတယ်။တစ်သက် မ မေ့နိုင်စရာ အတွေ့ အကြုံ တွေကိုမှ ခံစားချင်သူတွေ ရွေးချယ် သွားရောက် သင့်တဲ့ နေရာတွေ က တော့….

(၁)ဂျပန်နိုင်ငံ Hashima  ကျွန်း

ဂျပန်နိုင်ငံ Hashima  ကျွန်း  မှာတော့ (၁၉၅၉)ခုနှစ်က နေထိုင်သူ လူဦး ရေအရမ်း များခဲ့ ပေမယ့် အခု လက်ရှိ ကတော့ လုံးဝ စွန့်ပစ် ခံ ကျွန်းပျက်ကြီး ဘ၀ ကို ရောက် နေပါပြီ။အရင် တုန်းက တော့ ရေ အောက်  ကျောက်မီး သွေး မိုင်းတွင်း တူး ဖော်တဲ့ နေရာ အဖြစ် နာမည်ကြီးခဲ့ဖူးပါတယ်။(၁၈၈၁)ခုနှစ်မှာ လုပ်ငန်းတွေ စ တင်ခဲ့တာပါ။အဲ့ဒီ အချိန်က မိုင်း လုပ်သားတွေ၊သူတို့ရဲ့ မိသားစု ၀င် တွေ ကြောင့် (၁၉၅၉) မှာ လူဦးရေ (၅၀၀၀)အထိ ရှိလာခဲ့ပါတယ်။ဒါ ပေမယ့် (၁၉၇၄)မှာတော့ တူးဖော်လို့ မရ တော့တာ ကြောင့် လူတွေ ကျွန်းက နေ ထွက် ခွာ သွားခဲ့ကြတာပါ။စွန့်ပစ်ခံ အိမ်တွေ၊လမ်းတွေ ကို ကြည့်တဲ့ Tour ခရီးစဉ်တွေ တော့ ရံဖန် ရံခါ ရှိတတ်ပါတယ်။

(၂)အ မေရိကန် West Virginia ပြည်နယ်က  Thurmond

 

View this post on Instagram

 

#thurmond #traindepot #thurmondepot

A post shared by Joe Hildreth Photography (@joehildrethphotography) on

Thrumond က တော့ အရင်က ကျောက်မီးသွေးမြို့ ဟောင်းပါ။လူဦးရေ လည်း အရမ်းများ ခဲ့တာပါ။ဒါပေမယ့် (၂၀၁၈) မှာ တော့  နေထိုင်သူ ငါးဦးသာ ရှိပါ တော့တယ်။ Chesapeake & Ohio  ရထားဝန်း ကတော့ အခုဆိုရင် အသုံး မပြု တော့တာ ကြောင့် ပြတိုက် တစ်ခု ဖြစ် နေပါပြီ။ John Sayles ရဲ့ 1987 က ရုပ်ရှင်ကား Matewan ရိုက်တဲ့ ရိုက်ကွင်း နေရာပါ။

(၃)အ မေရိကန် Alaska ပြည်နယ်က Kennecott..

Image:wiki common

အခု မှ သာ မြို့ ပျက်သာသာ ဘ၀ကို ရောက်ခဲ့ရတာပါ။(၁၉၁၁ – ၁၉၃၈) ခုနှစ် တွေ မှာ ဆိုရင် တော့ ဒေါ်လာ သန်း ပေါင်း များစွာ တန်တဲ့ ကြေး နီ တွေ ကို ထွက်ခဲ့ တဲ့ နေရာပါ။နောက်ပိုင်း ထွက်တာ နည်းလာချိန်မှာတော့ နေထိုင်သူတွေ က မြို့ က နေ  အုပ်စု လိုက် စွန့် ခွာ ခဲ့ကြပါတယ်။(၁၉၈၆)ခုနှစ်မှာ  သမိုင်းဝင် နယ်မြေ တစ်ခုဖြစ်လာခဲ့  ပါတယ်။ အမျိုးသား ဥာယျာဉ် စောင့်ရှောက် ရေး အဖွဲ့ အစည်းကပဲ အဲ့ဒီ နယ်မြေ ကို ယူလိုက်ပြီး ခရီးသွား Tour  အစီအစဉ် တွေကို စတင်ခဲ့ပါတယ်။

READ
လူအများရှေ့စကားပြောကောင်းသူဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ

(၄)နမီးဘီးယား နိုင်ငံ Kolmanskop..

(၁၉၉၀)ခုနှစ်အ  စောပိုင်း ခုနှစ် တွေ က ဆိုရင် အရမ်းကို စည်းကား ခဲ့တဲ့ နေရာပါ။ဂျာမန် မိုင်းလုပ်သားတွေ စိန်ရှာ ဖို့ အဲ့ဒီ နေရာကို  လာခဲ့ကြပါတယ်။အဲ့ဒီနေရာမှာ ဂျာမန် ဗိသုကာ လက်ရာအ ဆောက်အအုံ တွေ နဲ့  အရမ်းကို ခမ်းနား လှပ ခဲ့တာပါ။တောင်အာ ဖရိကမှာဆိုရင် ပထမဆုံး x-ray တပ်ဆင်နိုင်တဲ့ ဆေးရုံ တည်ရှိတဲ့ နေရာ တစ်ခု အထိ ဖြစ်ခဲ့ဖူးပါတယ်။(၁၉၀၈)မှာ တော့ ကန့်သတ် တားမြစ် တဲ့ စိန် တူး ဖော်ရာ နယ် မြေ တစ်ခု ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာ တော့ သဲ (၁၀) တန် လောက်မှာ မှ စိန် တစ် ဒါမှမဟုတ် နှစ် ကာရတ် လောက် ပဲ တွေ့ ခဲ့ပါတယ်။(၁၉၁၄)မှာတော့ စိန် တွေ့ရှိမှု သုည အထိ ရှိခဲ့ သလို ဂျာမန်ကိုလို နီ လည်း  ပျက် ခဲ့တဲ့ အချိန်မှာတော့ စိန် မိုင်းတွင်းတွေ လည်း အဆုံးသတ် ခဲ့တာပါ။ Kolmanskop ကို တော့ အခုဆိုရင် တဖြည်းဖြည်း နဲ့ သဲကန္တရ ရဲ့ တိုက် စားမှု ကို ခံ နေရပါပြီ။ခရီးသွားတွေ လာရောက် ချင်ရင် တော့ အနီးက Lüderitz မြို့  မှာ တည်းခိုပြီးလာ ရောက်နိုင်ပါတယ်။

(၅)အီတလီက Craco..


အီတလီနိုင်ငံ Craco မြို့ကို တော့ (၈)ရာစုနှစ်လောက်က စတင် ဖွဲ့ စည်းခဲ့တာပါ။ဒါပေမယ့် သဘာဝ ဘေး အန္တရာယ် တွေ ကြောင့် မြို့က အခုလို လူသူကင်းမဲ့ ခဲ့ ရတာပါ။တောင် တန်း ပေါ်က မြို့ လေး ဖြစ်ပြီး မြေ ပြင် က နေ ပေ (၁၃၁၂) အ မြင့်မှာတည်ရှိတာပါ။(၁၉၆၃)ခုနှစ်တုန်းက မြေ ပြို မှု ကြောင့် လူတွေ အများကြီးကို ဘေး လွတ်ရာ သို့ ပြောင်းရွှေ့ ခဲ့ရပါတယ်။(၁၉၇၂)ခုနှစ်မှာလည်း အလားတူ ဖြစ်ရပ်မျိုးနဲ့ ထပ်ကြုံ ခဲ့ရပါတယ်။(၁၉၈၀)မှာ တော့ ငလျင် ဘေးနဲ့ ကြုံ ခဲ့ရပြီး ချိန်က စလို့ မြို့ က အခုလို လူသူကင်းမဲ့ တဲ့ မြို့ ပျက် ဘ၀ ကို ရောက်ခဲ့ရတာပါ။လူသူနည်းတာ ကြောင့် ရုပ်ရင်ရိုက်ကွင်း နေရာ အဖြစ်  လောက်ပဲ သုံးတာ များပါတယ်။

 

View this post on Instagram

 

#craco #cracoitaly #cracoitalia #italy #italy🇮🇹 #italia #mycraco #italylandscape #italylandscapes #ghosttown

A post shared by Karsai Márton ‘Martino’ (@mountmcbride) on

(၆)အိန္ဒိယက  Ross  ကျွန်း

သွားရောက်လည်ပတ် မယ်ဆိုရင် တော့ စွန့်ပစ်ခံ အ ဆောက်အအုံ တွေမှာ တော့ သစ်မြစ် တွေ က တွယ်တက် နေတာကို တွေ့ရမှာပါ။အရင်က တော့ ဗြိတိလျ  အစိုးရ အရာရှိတွေ နေထိုင် ရာ နေရာဖြစ်ခဲ့ ဖူုးပါတယ်။(၁၉၄၁)မှာ တော့ ငလျင် ၊ဂျပန် တွေရဲ့ ကျူး ကျော်မှု တွေကို ခံခဲ့ရပါတယ်။ဗြိတိလျ တစ်လှည့် ဂျပန် သူ့နယ်မြေ ဆိုပြီး ပြောခဲ့တဲ့ နေရာပါ။ (၁၉၇၉)မှာ တော့ အိန္ဒိယ  ရေတပ် ကို ပေးခဲ့ပါတယ်။အဲ့ဒီနေရာမှာ ရေတပ် စခန်းလေး တစ်ခု သတ်မှတ်ခဲ့ပါတယ်။

#SHWEMOM

SHARE