လူစွန့်စားတို့အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရသကို ခံစားရမယ့် တရုတ်က တောင်ကြားလမ်း

youtube/ SocialViralTogo

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာရသကို ခံစားလိုသူ လူစွန့်စားတွေအတွက် တရုတ်နိုင်ငံထဲမှာတော့ လည်ပတ်ဖို့နေရာတစ်နေရာ ထပ်တိုးလာခဲ့ပြီ ဖြစ်ကြောင်း dailymail အရ သိရပါတယ်။ အဲ့ဒီနေရာကတော့ မြေပြင်ကနေ ပေပေါင်းများစွာမြင့်တဲ့ တောင်နံရံတစ်ခုမှာ ကပ်ပြီးတည်ဆောက်ထားတဲ့ တံတားပဲ ဖြစ်ပါတယ်။

၎င်းလူသွားလမ်းတံတားဟာ မြေပြင်အထက် ပေ(၈၅၀) အကွာမှာရှိပါတယ်။ သူ့ကို လခြမ်းပုံသဏ္ဍာန်တည်ဆောက်ထားပြီး ၄င်းသတ္တုတံတားကတော့ လမ်းလျှောက်ဖို့အကျယ် လက်မ(၂၀) အောက်ပဲ ရှိပါတယ်။ တည်ရှိရာ နေရာကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်း ရန်ဒမ်းတောင်မှာပါ။

youtube/ SocialViralTogo

အမြင့်ကြောက်တဲ့သူတွေအတွက် တုန်လှုပ်ဖွယ်ဖြစ်စေမယ့်အပြင် အသည်းတအေးအေးနဲ့ လမ်းလျှောက်ရမယ့် ဒီတံတားနေရာကိုတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်ကမှ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လူသွားလမ်းကျဉ်းလေးဟာ ကျောက်တုံးတက်ခရီးစဉ် ဖာရက်တာလမ်းကြောင်းရဲ့ ခရီးစဉ်အစိတ်အပိုင်းထဲ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။  ကျောက်တုံးတက်တာနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိသူတွေ၊ အတွေ့အကြုံနုနယ်သူတွေအတွက် လုံခြုံရေးစိတ်ချရစွာ စနစ်တကျစီမံထားတဲ့ ခရီးစဉ်လေးလည်း ဖြစ်ပါတယ်။

READ
စွန့်စားခန်းဖွင့်သူတို့ရဲ့ အသည်းအေးဖွယ် ဓာတ်ပုံများစုစည်းမှု

အဆိုပါ လူသွားလမ်း တံတားဟာ (၁၉.၆) လက်မသာ အကျယ်ရှိပါတယ်။ တံတားလမ်းကြောင်းမှာ (၂,၉၅၂) ပေ ရှည်လျားပါတယ်။ ဒီတံတားကိုတော့ အင်ဂျင်နီယာတွေက (၂) ပတ်တာ အချိန်ပေးဆောက်လုပ်ခဲ့ကာ ပေါင် (၁၀,၉၈၀) ကျသင့်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ဖာရက်တာ ကျောက်တုံးတက်ခရီးစဉ်မှာ အခြားစိတ်ဝင်စားစရာကောင်းတဲ့ တောင်တက်လမ်းကြောင်းတွေလည်း ရှိပါသေးတယ်။

youtube/ SocialViralTogo

တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဖန်ယွမ်ကတော့ အသည်းထိတ်စရာကောင်းတဲ့ ခုလို အားကစားမျိုးဟာ တရုတ်ပြည်မှာတော့ တဖြည်းဖြည်းခေတ်စားလာနေပြီဖြစ်ကြောင်း ပြောပြပါတယ်။ အထူးသဖြင့် တရုတ်က မှန်နဲ့ဆောက်လုပ်ထားတဲ့ တံတားတောင်မှ ဆောက်လုပ်ပြီးပြီးချင်း ဖွင့်လှစ်ခဲ့ရာမှာ လူတွေရဲ့အထူးစိတ်ဝင်စားမှုရလာခဲ့တာပဲ ဖြစ်ပါတယ်။ ခုတွေ့မြင်ရတဲ့ လူသွားလမ်းကျဉ်း ferrata walkway ကတော့ တရုတ်က လုံခြုံရေးကြောင့်ဆိုပြီး မှန်သားအောက်ခြေအခံနဲ့ ဆောက်လုပ်ထားတဲ့ တံတားတော်တော်များများကို ပိတ်ပစ်အပြီးမှာ ထပ်မံခေတ်စားလာတဲ့ attraction တစ်ခုပဲ ဖြစ်ပါတော့တယ်။

READ
လူလက်ပြတ် (၅၄)ခု ထည့်ထားတဲ့အိတ်ကို ရုရှားကျွန်းတစ်ခုပေါ်မှာတွေ့ရှိ

လင်းလင်း (ShweMom)

SHARE