ကမ္ဘာ့ဖလားအကြိုဓာတ်ပုံရိုက်ကူးရေးအတွက် ပို့စ်ပေးကြမ်းခဲ့တဲ့ ပေါ်တူဂီအသင်းသားတွေ

ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ အသင်းဖော်တွေဖြစ်တဲ့ ကွာရက်စ်မာ၊ ဂယ်ဆွန်မာတင်စ် တို့ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ဓာတ်ပုံရိုက်ကူးရေးအစီအစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။

FIFA World Cup 2018 portrait session လို့ခေါ်တဲ့ ဒီကဏ္ဍမှာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေက နာမည်ကြီးကစားသမားတွေ ပါဝင်ခဲ့ကြပြီး အဲဒီဓာတ်ပုံတွေကို FIFA ရဲ့တရားဝင်ဝက်ဆိုက်မှာ ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

FIFA.com

ဒီပုံတွေကို ပေါ်တူဂီအသင်းလေ့ကျင့်ခန်းဆင်းနေတဲ့ Saturn လေ့ကျင့်ရေးကွင်းမှာ လာရောက်ရိုက်ကူးသွားခဲ့တာဖြစ်ပြီး ဟာသပုံစံတွေနဲ့အတူ ဓာတ်ပုံအရိုက်ခံခဲ့တဲ့ ပေါ်တူဂီအသင်းသားတွေကို တွေ့ရမှာပါ။

ရော်နယ်ဒိုက မတူညီတဲ့ပုံစံ (၇) မျိုးလောက်နဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပြီး ဘယ်လိုပို့စ်တွေပေးခဲ့သလဲဆိုတာတော့ ဖီဖာဝက်ဘ်ဆိုက်မှာ ပုံတွေတင်တဲ့အခါကြရင် ဝင်ကြည့်လိုက်ကြပါဦးနော်။ အခုတော့ dailymail က ဖော်ပြထားတဲ့ အမြည်းပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ် …

FIFA.com
FIFA.com
FIFA.com

Linn

Source : Dailymail

SHARE