Cristiano Ronaldo က တော့ ကမ္ဘာ ကျော်ဘောလုံးသမား ပါ။ခြေစွမ်း အရမ်းထက် လို့ သူ့ကို အားပေးတဲ့ ပရိသတ်တွေ အများ ကြီး ပိုင် ဆိုင်ထားသူ တစ်ယောက်ပါ။အသက် (၃၅)နှစ်ရှိနေတဲ့ ဒိုလေးက တော့ ဆုတွေ အများကြီး လည်း ရထားသူပါ။လက်တလောမှာ တော့ ဒိုလေး ရဲ့ အင်တာဗျူး ဗီဒီယိုဖိုင် အဟောင်း တစ်ခုက အွန်လိုင်းပေါ်မှာ တကျော့ ပြန်လည် ရေပန်းစား နေပါတယ်။အတော် ဆုံး ဘောလုံး သမားက ဘယ်သူလဲ လို့ အင်တာဗျူး သမားက မေးခဲ့တာပါ။ဒီအကြောင်းကိုတော့ givemesport မှာ ဖော်ပြထားတာပါ။
View this post on Instagram
အတော်ဆုံး ဘောလုံးသမားက ဘယ်သူလဲ ဆိုတဲ့ မေးခွန်းက တော့ ကိုယ့်ရဲ့ Personal တစ်ယောက် တည်း အမြင် အရ ဘယ်သူ့ ကို အတော် ဆုံး၊အကောင်းဆုံး ထင်လဲ လို့ မေးခွန်း ထုတ်တာပါ။အဖြေ မှန် တယ်၊မှားတယ်ဆိုတာ မရှိပါဘူး။လူတိုင်း က တော့ ကိုယ်ကြိုက်တဲ့ သဘောကျ တဲ့ ဘောလုံးသမားကို အတော် ဆုံး အကောင်းဆုံးလို့ပဲ ထင်ကြ မှာပါ။ Maradona ကွယ်လွန် ပြီး နောက် ပိုင်းမှာတော့ Cristiano Ronaldo တစ်ယောက် မန်ယူမှာ ရှိခဲ့တုန်းက အင်တာဗျူး ဖြေထားတဲ့ ဗီဒီယိုဖိုင်က တကျော့ ပြန် ရေပန်းစား လာတာပါ။အဲ့ဒီမှာတော့ ဒိုလေးက သူ့ရဲ့ တခြား မန်ယူ အသင်းသား Rio Ferdinand ၊ Anderson တို့ နဲ့ အတူ အတော်ဆုံး ဘောလုံး သမားက ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို ဖြေခဲ့တာပါ။ Ferdinand က တော့ သူ့ အတွက် အတော်ဆုံး ဘောလုံး သမား ဆိုတာ က Diego Maradona လို့ ပြောခဲ့ပါတယ်။ Anderson က တော့ အဲ့ဒီတုန်းက “My name is Maradona,” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။
View this post on Instagram
ဒိုလေးက တော့ ခပ်တည်တည်နဲ့ “Me” လို့ပဲ ယုံကြည်မှု အပြည့်နဲ့ ဖြေခဲ့ပါတယ်။ဒိုလေးက တော့ အဲ့ဒီတည်းက ယုံကြည်မှု အပြည့် ရှိ နေခဲ့တာ မဟုတ်ပါဘူး။ ၁၀ နှစ်ကျော် ကြာပြီး နောက် Ballon d’Or ကို ငါးကြိမ် ပိုင်ဆိုင်ခဲ့ ပြီး နောက် မှာတော့ အရင် တုန်းက သူ ဖြေခဲ့တဲ့ အဖြေက အလကား ဘ၀င်မြင့် ဖြေတဲ့ အဖြေ မျိုး မဟုတ်ဘူး ဆိုတာ လူတွေက လက်ခံ လာကြပါပြီ။မန်ယူမှာ ရှိတုန်းက အတော် ဆုံး ဘောလုံးသမားက သူကိုယ်တိုင်ပဲ လို့ ဖြေခဲ့တဲ့ ဒိုလေးက တော့ (၂၀၁၇) တုန်းက လည်း France Football magazine နဲ့ အင်တာဗျူး တစ်ခုမှာ အတော်ဆုံး ဘောလုံးသမားက ဘယ်သူလဲ လို့ မေး တော့ လည်း သူ့ကိုယ်တိုင်ပဲ လို့ ထပ် ဖြေခဲ့ပါတယ်။” သမိုင်း မှာတော့ ကျွန်တော်က အတော် ဆုံး ဘောလူံးသမားပဲ.” လို့ ကို ဖြေခဲ့ပါတယ်။
Throwback to this legendary interview.
Reporter: “Who is the best player in the world ever?”
Rio Ferdinand: “For me the best player in the world ever…. Diego Maradona”
Cristiano Ronaldo: “Me”
Anderson: “My name is Maradona”
— United Zone (@ManUnitedZone_) November 25, 2020
အမြဲ ယုံကြည်မှု အပြည့်ရှိနေတဲ့ ဒိုလေးက တော့..”အားလုံးကို လေးစား ပါတယ်။ဒါပေမယ့် ကျွန်တော့် ထက် ပို တော် ပိုကောင်းတဲ့ လူမျိုး တခါ မှ မတွေ့ဖူး သေးဘူး။ကျွန်တော်က တော့ အမြဲ တမ်း အဲ့လိုပဲ ထင်တယ်။ဘယ်ဘောလုံးသမား မှ ကျွန်တော့် ကန်သလို ကျွန်တော် လုပ်သလို မလုပ်နိုင် ဘူး။ကျွန်တော့်ကို ယှဉ်နိုင်တဲ့ ဘောလုံးသမား မရှိဘူး။ကျွန်တော်က ခြေ ထောက် နှစ်ချောင်း လုံး နဲ့ ကောင်းကောင်း ကစားနိုင်တယ်၊မြန်တယ်၊ပါဝါ အပြည့် ရှိတယ်၊ခေါင်းတိုက်တဲ့ နေရာမှာ လည်း တော်တယ်၊ဂိုး သွင်း တာ လည်း တော် တော်၊ဂိုးရအောင် ကူညီပေးတဲ့ နေရာမှာ လည်း တော်တော်၊ Neymar ဒါမှမဟုတ် Messi ဆိုပြီး ပြောတဲ့ လူတွေ ရှိတယ်..
View this post on Instagram
ဒါပေမယ့် ကျွန် တော် ပြော ချင်တာက ဘယ်သူမှ ကျွန်တော့်ကို မယှဉ်နိုင်ဘူး.ဘယ်သူမှ ကျွန်တော်လို မျိုး ဆု ပေါင်း စုံ အများ ကြီး မရကြဘူး။ ကျွန်တော်က Ballon d’Or တစ်ခု တည်းကိုပဲ ပြောတာ မဟုတ်ဘူးနော်။Gym မှာ ကစားတဲ့ ရလဒ် ကို ပြောတာ လည်း မဟုတ်ဘူး။ဒါက အားလုံး ကို ပြောတာ. တကယ့် Legend တွေ ဖြစ်တဲ့ Floyd Mayweather နဲ့ LeBron James တို့ တောင် မှ သူတို့ရဲ့ Perfect Level တစ်ခုကို မရောက် ခဲ့ကြဘူး။ဒီလို ထိပ်ဆုံး နေရာမှာ နေဖို့ ဆိုရင် ခင်ဗျားတို့မှာ သူများ ထက် ပိုတဲ့ Talent ရှိ မှ ရမယ် .. “ လို့ ဒိုလေးက ပြောခဲ့ပါတယ်။
View this post on Instagram
#SHWEMOM