ဆိုရှယ်မီဒီယာပေါ်မှာ အဖေ့ခြေရာကိုနင်းနေတဲ့ ရော်နယ်ဒိုဂျူနီယာ

Twitter / Mirror

ခရစ္စတီယာနိုရော်နယ်ဒို ရဲ့ သားဖြစ်သူ ဂျူနီယာ အကြောင်းကိုတော့ အထွေအထူး ပြောဖို့တောင် လိုမယ် မထင်တော့ပါဘူး။ သူက ဘောလုံးကစားတဲ့နေရာမှာ ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းနိုင်မယ့်ကလေးလို့ အားလုံးက တညီတညွတ်တည်း သတ်မှတ်ထားကြတာဖြစ်ပြီး ဂျူဗင်တပ်စ်လူငယ်အသင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေက သက်သေပြလို့ နေခဲ့တာပါ။

ဂျူနီယာ တစ်ယောက် ဖခင်ဖြစ်သူရဲ့ ခြေရာကို နင်းတယ်ဆိုတာ ဘောလုံးတစ်ခုတည်းမှာတင် မဟုတ်ပါဘူး။ အင်စတာဂရမ်မှာ ပရိသတ်အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ရော်နယ်ဒိုရဲ့ ခြေရာကို ဂျူနီယာ တစ်ယောက် လိုက်မီဖို့ ပြင်ဆင်နေပါတာပါ။

 

View this post on Instagram

 

Hola [email protected]!! Esta es mi nueva cuenta de Instagram espero que os guste

A post shared by @ minicristianoronaldo2010 on

ဂျူနီယာ က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာမှ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး အကောင့်ဖွင့်ပြီးလို့ (၂၄)နာရီ အတွင်းမှာပဲ ပရိသတ် (၉)သိန်းကျော် ရရှိသွားခဲ့ပါတယ်။

READ
ခွေးပေါက်စအရွယ် ကြွက်ကြီးတွေကြောင့် မြေးတွေအတွက်စိုးရိမ်နေတဲ့အဘွား

အခုအချိန်မှာတော့ ဂျူနီယာရဲ့ အင်စတာဂရမ်အကောင့်မှာ ပရိသတ် တစ်သန်းကျော်အထိ ရှိလို့ သွားခဲ့ပါပြီ။ ဒါတောင်မှ သူ့ရဲ့ အင်စတာဂရမ်မှာ ဗီဒီယိုဖိုင်လေးတစ်ခုနဲ့ ဓာတ်ပုံလေး (၂)ပုံပဲ တင်ရသေးတာပါ။

အထူးသဖြင့် ဂျူနီယာ ရဲ့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ ဗီဒီယိုဖိုင်လေးက အရမ်းကို ပေါက်သွားခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားသွားခဲ့တာပါ။

 

View this post on Instagram

 

A post shared by @ minicristianoronaldo2010 on

“ဒါက ငါ့ရဲ့ အင်စတာဂရမ်အကောင့်အသစ်ပါ၊ မင်းတို့တွေ ကြိုက်နှစ်သက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်၊ ဂရုစိုက်ကြပါဦး” လို့ ဆိုတဲ့ မိတ်ဆက်စကားကို ဂျူနီယာ က ဘာသာစကား (၄)မျိုးနဲ့ ပြောဆိုသွားခဲ့တာဖြစ်ပြီး အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီနဲ့ အီတလီ လို ပြောဆိုသွားခဲ့တာပါ။

READ
IS လိင်ကျွန်အဖြစ်မှ လွတ်မြောက်ဖို့ ကိုယ့်ကိုကိုယ် မီးရှို့ခဲ့သူ

ဖခင်ဖြစ်သူ ရော်နယ်ဒို က ဒီ ဗီဒီယိုလေးကို အနမ်းပုံစံ အီမိုဂျီလေးနဲ့ တုန့်ပြန်ခဲ့ပြီး သူ့ရဲ့သူငယ်ချင်းတွေဆီကလည်း မှတ်ချက်တွေအများကြီး ရခဲ့ပါတယ်။

ဂျူနီယာက သူ့ရဲ့ အင်စတာဂရမ်အကောင့်နာမည်ကို Minicristianoronaldo2010 လို့ ပေးသွားခဲ့ပြီး သူ့ရဲ့ မိခင်ဖြစ်သူနဲ့ ဓာတ်ပုံတစ်ပုံ၊ မိသားစု စုံစုံညီညီနဲ့ရိုက်ထားတဲ့ ဓာတ်ပုံ တစ်ပုံတို့ကိုလည်း တင်ထားပါသေးတယ်။

 

View this post on Instagram

 

Milan fashion week ❤

A post shared by @ minicristianoronaldo2010 on

ဖခင်ရဲ့ ခြေရာကို နင်းမယ့်သူလို့ အားလုံးက သတ်မှတ်ထားကြတဲ့ ဂျူနီယာ တစ်ယောက် ဆိုရှယ်မီဒီယာမှာရော ကျော်ကြားသူ တစ်ယောက်ဖြစ်လာဦးမလားဆိုပြီး အားလုံးက စောင့်ကြည့်နေကြပါပြီ။ ရော်နယ်ဒိုရဲ့ နောက်ထပ် မျိုးဆက်သစ်တစ်ခုကို ထပ်ပြီး တွေ့ရဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။

Linn

SHARE