အခုလို Body ရအောင် ဘာတွေ လုပ်လဲဆိုတာ Cristiano Ronaldo ဝေမျှ

Image:IG/Cristiano Ronaldo

Cristiano Ronaldo ကတော့ ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ပါ။ဘောလုံးလောကမှာ အောင်မြင်နေတဲ့ Cristiano Ronaldo ဟာ ဘောလုံး Skill မှာတ င်မဟုတ်ပဲ ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ အရမ်းကို မိုက်တဲ့ Body ကိုပါ ပိုင်ဆိုင်ထားသူပါ။IG မှာလည်း Follower တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ Ronaldo ကတော့ အရမ်းမိုက်တဲ့ Body မျိုးကို ရအောင် သူဘာတွေ လုပ်လဲ ဆိုတာကို အားလုံးကို ဝေမျှ ပေးလိုက်ပါတယ်။သူဝေ မျှ လိုက်တဲ့လျှို့ဝှက်ချက်တွေ ထဲက ပထမဆုံး တစ်ခု ကတော့ အိပ်ရေးဝ အောင် အိပ်တာပါ။တစ်နေ့မှာ ငါးကြိမ် လောက် တရေးအိပ်ပါတယ်။တစ်ကြိမ်ကို ဆိုရင် တစ်နာရီခွဲ နှုန်း တစ်နေ့ ငါးကြိမ် တ ရေး တေ မော အိပ် ပါတယ်။(၈)နာရီ လုံး တစ်ဆက်တည်း တောက်လျောက် အိပ်ပဲ အိပ်ချိန်ကို ခွဲ အိပ်တာပါ။

Image:IG/Cristiano Ronaldo

နောက်တစ်ခု ကတော့ အစားပါ။အစားမှာဆိုရင်တော့ တစ်နေ့ကို (၆) ခါ စားပါတယ်။(၃)နာရီ (၄)နာရီ ခြားတစ်ခါ လောက် စားပါတယ်။အဲ့ဒီလို စားတာက ဇီဝဖြစ်ပျက်မှု (အစောခြေဖျက်၊စွန့်ထုတ်၊ကြီးထွားမှု) တို့ ကို ပိုပြီး မြန် ဆန် အောင် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။အစားမှာဆိုရင် တော့ လတ် ဆတ် တဲ့ အသီးတွေ၊ဂျုံ၊ပရိုတင်းဓါတ်ပါတဲ့ အစားအစာတွေ ဥ ပမာ – ဓါးရှည်နှုတ်သီးငါး၊ကက်ကဒစ် ငါး၊ပင်လယ် ငါးကြီးတွေ ကို စားပါတယ်။အစားအစာကို ဆိုရင်  အအေးခံ ထားတဲ့ အစားအစာမျိုးကို မစားပဲ လတ် ဆတ် တာမျိုးကိုပဲ စားတာပါ။

READ
ပညာရေးဘက်မှာပါ ထူးချွန်တဲ့ ဆိုးလ်တက္ကသိုလ် ကျောင်းဆင်း ဆယ်လီများ
Image:IG/Cristiano Ronaldo

ခန္ဓာ ကိုယ်ကို အဆီမရှိပဲ ကြွက်သား တွေ နဲ့ ဖြစ်အောင် ထိန်းသိမ်း  ထားကြောင်းနဲ့ သူ့မှာဆိုရင်  personal  nutr itionist  လည်း ထားထားပါတယ်။မနက်စာဆိုရင်တော့ ချိစ်၊အဆီ လျှော့ ထားတဲ့ ဒိန်ချဉ်၊ သစ်သီး၊ ထောပတ်သီး ပေါမုန့်မီးကင် တို့ကို စားပါတယ်။ကြက်သားကတော့ အဆီနည်းပြီး ပရိုတင်းဓါတ် အများကြီး ပါလို့ သူနဲ့ သင့်တော်တဲ့ အစားအစာ လို့ သတ်မှတ်ထားတယ်လို့လည်း Ronaldo  က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Morning Workout

A post shared by Cristiano Ronaldo (@cristiano) on

Image:IG/Cristiano Ronaldo

Manchester United က ဒိုလေးနဲ့အသင်းဖော် Patrice Evra ကတောင်မှ Ronaldo  ရဲ့ အားကစားလိုက် စားပုံကို အခုလို ပြောဖူးပါတယ်။”သူ့ အိမ် အလည်ခေါ် လို့ ကတော့ ဘယ်တော့မှ လိုက်မသွားလေနဲ့။သူက စက် လိုပဲ။ အမြဲ Training ပဲ လုပ်နေတာ။ Training ပြီးလို့  မောမော နဲ့ စားဖို့ကြည့်တော့ စားပွဲ ပေါ်မှာ ဆလတ် ၊ ကြက်ရင် အုံသား နဲ့ ရေပဲ ရှိတယ်။တခြားဘာမှ မရှိဘူး..” ဆိုပြီး ပြောခဲ့ပါတယ်။

READ
မိန်းကလေးပရိသတ်တွေကြား ရေပန်းစားနေတဲ့ ကျော်ဆု (သို့)ရဲဂျာ
Image:IG/Cristiano Ronaldo

Ronaldo   လုံးဝ ရှောင်တဲ့ အစားအစာ တွေ ရှိပါတယ်။အနီရောင် အသား၊အေးခဲ ထားတဲ့ အစားအစာ နဲ့ အချို ရည်တွေ ပါ။ဒါတွေ တင်ပဲ လားဆိုရင် တော့ ကျန် ပါသေးတယ်။သူ နောက်ထပ် လုပ်တဲ့ အားကစားကတော့ ရေကူးတယပါ။အိမ်မှာ အားနေတဲ့ အချိန် တွေမှာ ရေကူးပါတယ်။ဒီလိုတွေ စားသောက် နေထိုင်နေ မှတော့ Cristiano Ronaldo  ရဲ့ Body ဒီလောက် မိုက် နေတာ မဆန်းတော့ဘူးနော်…………….။

 

View this post on Instagram

 

Workout in the pool ‍♂️‍♂️

A post shared by Cristiano Ronaldo (@cristiano) on

Image:IG/Cristiano Ronaldo

Source:Dailymail

SHARE