Cristiano Ronaldo ကိုဗစ် ကူးစက်ခံရ

Image:IG/Cristiano Ronaldo

ပေါ်တူဂီ ဘောလုံးသမား Cristiano Ronaldo က တော့ COVID-19 ကူးစက်ခံခဲ့ရတယ်လို့ ပေါ်တူဂီ ဘောလုံး အဖွဲ့ က နေ အောက်တိုဘာ (၁၃) ရက်နေ့က ကြေညာခဲ့ပါတယ်။အသက်(၃၅)နှစ်ရှိနေတဲ့ Cristiano Ronaldo ကတော့ Juventus အသင်းရဲ့ တိုက်စစ်မှူးပါ။ ကိုဗစ် ကူးစက်ခံ လိုက်ရ တာ ကြောင့် တစ်ယောက်တည်း သီးသန့် self-isolates နေရာ မှာမို့ အောက်တိုဘာ (၁၄)ရက်နေ့ UEFA Nations League ရဲ့ ဆွီဒင် ပွဲကို တော့ ၀င်ရောက် က စားနိုင် တော့မှာ မဟုတ်ပါဘူး။ဒီအ ကြောင်းကိုတော့ france24 မှာ ဖော်ပြထားပါတယ်။

Ronaldo ကိုဗစ် ကူးစက်ခံထားရတာမို့ ကျန်တဲ့ ပေါ်တူဂီ အသင်းသားတွေကိုလည်း စစ်ဆေးမှုတွေ လုပ်ခဲ့ ကြောင်း ကျန် အသင်းသားတွေ က တော့ ကိုဗစ် ကူးစက်ခံရမှု မရှိပဲ Negative အဖြေ ထွက်ခဲ့တာကြောင့် ဆွီဒင်နဲ့ ပွဲ မှာ ၀င်ရောက် က စားဖို့ အသင့်ဖြစ် နေကြပါပြီ။ကမ္ဘာ့ အ တော် ဆုံး ကစား သမား မပါပဲနဲ့ တော့ ဘယ်အသင်းမှ ပိုကောင်းတဲ့ အသင်း မဖြစ်နိုင် ပေမယ့်လည်း ဒီအသင်းက တော့ သူတို့ ရဲ့ ဒီအ ခြေအ နေကို ကိုင်တွယ် ဖြေရှင်း နိုင်တယ် ဆိုတာကို သက်သေသာဓက နဲ့ ပြသ ပြီး ဖြစ်တယ်လို့ နည်းပြ Fernando Santos က သတင်းစာရှင်းလင်း ပွဲမှာ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

É sempre um sentimento especial representar o nosso país!🇵🇹👏🏽💪🏽 #todosportugal

A post shared by Cristiano Ronaldo (@cristiano) on

ဒိုလေး ကိုယ်တိုင် လည်း ဒီအ ခြေအ နေကို ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနေ ကြောင်း၊သူ့အခန်း ၀ရံတာ က နေ သူလည်း ကစားချင် တဲ့ အ ကြောင်း ပြော တယ်ဆိုပြီး နည်းပြက ဟာသ နှောပြောခဲ့ပါတယ်။ဒိုလေးရဲ့ လက်ရှိ အခြေအ နေက တော့ ရောဂါ လက္ခဏာ မပြ ပဲ အ ခြေအ နေ ကောင်း တယ်လို့ လည်း ပြောခဲ့ပါတယ်။ဒိုလေးက တော့  အောက်တိုဘာ (၁၂)ရက်နေ့တုန်းက တောင် မှ ပေါ် တူဂီ အသင်းသား တွေ နဲ့ အုပ်စု ပုံကို ဆိုရှယ်မီဒီယာ ပေါ်မှာ တင်ခဲ့ပါ သေးတယ်။

 

View this post on Instagram

 

Unidos dentro e fora do campo! 🇵🇹👏🏽👊🏽 #todosportugal

A post shared by Cristiano Ronaldo (@cristiano) on

#SHWEMOM

SHARE