ငါးမျှားချိတ်ထဲ မထင်ထားတဲ့ သတ္တ၀ါကြီးမိခဲ့လို့ ထိတ်လန့်ခဲ့တဲ့ ငါးဖမ်းသမား

youtube/viralhog

ငါးဖမ်းသမားတစ်ဦးဟာ ငါးကြီးတစ်ကောင်မိပြီအထင်နဲ့ စိတ်လှုပ်ရှားနေခဲ့ရာမှ မမျှော်လင့်ပဲ မိကျောင်းကြီးတစ်ကောင်ဖြစ်နေခဲ့တာကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ယခုလအစောပိုင်းတုန်းကမှ သြစတေးလျမြို့ ကွင်းစ်လန်းမြောက်ပိုင်းက ၀ီပါမြို့မှာ ဖြစ်ပွားခဲ့တာပါ။

youtube/viralhog

ယူဆရတာက မိကျောင်းကြီးဟာ ငါးဖမ်းသမားမျှားမိထားတဲ့ ငါးကို ဖမ်းစားခဲ့ရာကနေ ချိတ်မှာ လာငြိခဲ့တယ်လို့ ထင်ရပါတယ်။ အောက်မှာတော့ ငါးမျှားကြိုးကို တဖြည်းဖြည်းနဲ့ အပေါ်ပြန်တင်ဆွဲခဲ့ရာမှ ရုတ်တရက် မိကျောင်းခေါင်းကြီးပေါ်လာတာကို ဗီဒီယိုထဲမှာ တွေ့မြင်ရမှာပါ။

မိကျောင်းကြီးကိုတော့ ငါးဖမ်းသမားအုပ်စုက ပြန်လွှတ်ပေးခဲ့ကြောင်း dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ သြစတေးလျမှာတော့ မိကျောင်းတွေက တော်တော်ပေါနေသလား မဆိုနိုင်ပါဘူး။ ယခုလ အစောပိုင်းတုန်းကလည်း သြစတေးလျ မြောက်ပိုင်းဒေသမှာ တိုးရစ်အုပ်စုတစ်စုဟာ မိကျောင်းအကောင် (၃၀) လောက်ရဲ့ အ၀န်းရံခံလိုက်ရပါသေးတယ်။

facebook/kimberley off-road adventure tours

ဖြစ်ပုံက မြစ်ရေက လမ်းကို ဖုံးသွားတဲ့အတွက် မိကျောင်းတစ်သိုက်ဟာ လမ်းကို ဟိုဘက်ကနေ ဒီဘက် အုပ်စုလိုက် ဖြတ်ကူးနေကြတာပါ။ တိုးရစ်တွေအနေနဲ့ကလည်း  အခြားနည်းမရှိတာကြောင့် မိကျောင်းတွေ လမ်းဖြတ်ကူးပြီး လမ်းရှင်းထဲအထိ စောင့်ဆိုင်းနေခဲ့ရကြောင်း သိရပါသေးတယ်။

READ
ချစ်တင်းနှောဖို့ ငြင်းဆိုခဲ့လို့ ချစ်သူကို ရိုက်နှက်ခဲ့တဲ့ အမျိုးသား

လင်းလင်း (ShweMom)

SHARE