မြစ်ထဲမောင်းနေတဲ့ စက်လှေကို အမှီလိုက်ပြီး ရေပြိုင်ကူးပြခဲ့တဲ့ မိကျောင်း

[email protected] 2 Basics-Adventures

မိကျောင်းဆိုတာ များသောအားဖြင့် ရေထဲမှာ တိတ်တဆိတ်နဲ့ နှေးနှေးကွေးကွေး ကူးခတ်လေ့ရှိတဲ့ ကုန်းနေရေနေ သတ္တဝါတစ်ကောင်ပဲ ဖြစ်ပါတယ်။ ရေထဲမှာ သားကောင်တွေ့ရင်ပဲ ဖြစ်ဖြစ်၊ ကမ်းစပ်နားမှာ ရေဆင်းသောက်နေတဲ့ တိရစ္ဆာန်တစ်ကောင်ကို တွေ့ရင်ပဲဖြစ်ဖြစ် ရေထဲကနေပြီးတော့ တိတ်တဆိတ်နဲ့ မျက်လုံးလေးပဲဖော်ပြီး သားကောင်အနားကို ချဉ်းကပ်လေ့ရှိတဲ့ ရေမုဆိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ မိကျောင်းကတော့ မြစ်ရေပြင်ထဲမှာ စက်ကုန်မောင်းနှင်နေတဲ့ စက်လှေတစ်စင်းကို အပြိုင်လိုက်ပြီး ရေပြိုင်ကူးပြခဲ့တဲ့ မိကျောင်းပဲဖြစ်ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] 2 Basics-Adventures

ပြီးခဲ့တဲ့ တနင်္လာနေ့(၇.၉.၂၀၂၀)တုန်းက Robert Dunn လို့ အမည်ရတဲ့ ငါးဖမ်းသမားတစ်ယောက်ဟာ သြစတြေးလျနိုင်ငံ၊ Cairns မြို့တောင်ဖက်ပိုင်းရှိ Bloomfield မြစ်ထဲမှာ တစ်ယောက်တည်း ငါးဖမ်းနေတုန်း သူ့ရဲ့စက်လှေအနားကို မိကျောင်းတစ်ကောင် တိတ်တဆိတ် ချဉ်းကပ်လာတာကို သတိထားခဲ့မိပါတယ်။ ဒါ့ကြောင့် Robert ဟာ ငါးဖမ်းနေတာကို ချက်ချင်းရပ်ပြီး မိကျောင်းက သူ့စက်လှေကို ခန္ဓာကိုယ်နဲ့တိုက်ပြီး အန္တရာယ်ပြုမှာစိုးတာကြောင့် လှေကို အင်ဂျင်အသားကုန်ဖွင့်ပြီး မောင်းပြေးခဲ့ပါတယ်။ မိကျောင်းတစ်ကောင်ဟာ ဘယ်လောက်ပဲ ရေကူးကျွမ်းတယ်ပြောပြော မိုင်ကုန်မောင်းနှင်နေတဲ့ စက်လှေတစ်စင်းကို အမှီလိုက်ဖို့က တော်တော်လေး ခက်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါမိကျောင်းကတော့ စက်လှေဘေးကနေ တော်တော်ဝေးဝေးအထိ တောက်လျှောက် စက်လှေနဲ့အပြိုင် ရေကူးပြခဲ့ပါတယ်။ ဒါ့ကြောင့်လည်း Robert ဟာ အံ့သြတကြီးဖြစ်ပြီး အဆိုပါ မိကျောင်းရေကူးနေတဲ့ပုံကို ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

READ
အက်ဆစ်နဲ့ပက်တဲ့အမှု ထောင်ဒဏ်နှစ်ပေါင်းများစွာ ချမှတ်ခံရ

https://www.facebook.com/Back2BasicsAdventures/videos/436123417365109/?v=436123417365109

“ မိကျောင်းရဲ့ အရှည်ကတော့ ၄.၅ မီတာလောက်ပဲ ရှိမယ်ဗျ။ ကျွန်တော့်အထင်တော့ တော်တော်အသက်ငယ်သေးတဲ့ မိကျောင်းလို့ပဲ ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ မိကျောင်းတွေရဲ့ သဘောက အဲဒီလိုနောက်က လိုက်ကူးလာပြီဆိုရင် စက်လှေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ရန်မူမှာပဲဗျ။ ဒီကောင်ကတော့ စက်လှေကို သူ့ပြိုင်ဖက်လို့ သဘောထားပြီး ရေအပြိုင် လိုက်ကူးနေတဲ့ပုံပဲ။ သူကူးတာ တော်တော်လေးကို မြန်လွန်းလို့ ကျွန်တော်တောင် အံ့သြတကြီးဖြစ်ခဲ့ရပြီး ဗီဒီယိုတောင် အမြန်ရိုက်ခဲ့ရတယ်”လို့ Robert က ပြောကြားခဲ့ပါတယ်။

[email protected] 2 Basics-Adventures

Pyi Hein Kyaw

SHARE