ကျန်းမာရေးဝန်ထမ်းတွေကို ဖိနပ်အရံ(၁)သောင်းကျော်လှူဒါန်းခဲ့တဲ့ Crocs ဖိနပ်ကုမ္ပဏီ

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ကပ်ရောဂါကြီးကိုတော့ လူတိုင်းနီးပါးသိကြမယ် ထင်ပါတယ်။ ဒီကပ်ရောဂါဆိုးကြီးဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာ့အနှံ့ကို ကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုဆိုလဲ မမှားပါဘူး။ ရောဂါကာကွယ်ဆေးဟာလည်း လက်ရှိအချိန်ထိမပေါ်သေးတာမို့လို့ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တဲ့ နည်းလမ်းကသာ အထိရောက်ဆုံးပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဆေးရုံတိုင်းလိုလိုက ကျန်းမာရေးဝန်ထမ်းတွေဟာလည်း နေ့မအိပ်၊ညမနားပဲ ရောဂါကူးစက်သူတွေကို အကောင်းဆုံး ကုသပေးလျက်ရှိပါတယ်။ အခြားသူတော်တော်များများကတော့ လက်ရှိအချိန်မှာ အိမ်ထဲက အိမ်အပြင်မထွက်ပဲ Quarantine နေကြသော်လည်း ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကိုယ့်အသက်ကိုယ် ပဓာနမထားပဲ ရှေ့တန်းရောက်နေတဲ့ စစ်သားကြီးတွေပမာ ရဲရဲဝံ့ဝံ့နဲ့ လူသားတွေရဲ့ အသက်ကို ကယ်တင်လျက်ရှိပါတယ်။ ဒီလိုလူတွေကို ဂုဏ်ပြုသောအားဖြင့် နာမည်ကြီးဖိနပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Crocs ကတော့ ကျန်းမာရေးဝန်ထမ်းတွေအတွက် Crocs ဖိနပ် ၁၀၀၀၀ ကျော်ကို လှူဒါန်းခဲ့ကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
မွေးဖွားလာကတည်းက ကိုယ်ဝန်ပါလာသလိုဖြစ်နေတဲ့ ထူးဆန်းတဲ့ အိန္ဒိယကလေးငယ်
[email protected]

“ သူတို့တွေက လူသားတွေကို အကျိုးပြုနေတဲ့ လူသားစစ်စစ်တွေပဲ။ ကျန်းမာရေးဝန်ထမ်းတွေက များသောအားဖြင့် ဒီလိုအချိန်မျိုးမှာ အိမ်တောင်မပြန်ရဘူးလေ။ ဆေးရုံမှာပဲ နေကြတာများတယ်။ သူတို့တွေ သက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါးစီးလို့ရအောင် Crocs ဖိနပ်တွေကို လှူဒါန်းဖြစ်ခဲ့တာပါ။ နောက်လဲ ဒီထက်ပို လှူဒါန်းသွားဖို့ ရှိပါတယ်။ သူတို့လိုအပ်သမျှကို လှူဒါန်းဖို့ အဆင်သင့်ပါပဲ” လို့ Crocs ဖိနပ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE