ငိုကြွေးခြင်းဟာ ကိုယ်အလေးချိန်ကို လျှော့ချရာမှာ အကူအညီပေးနိုင်ဟု သိပ္ပံပညာရှင်များဆို

သင်ဟာ သင်ရွက်ကလေးတွေ ကြွေတာကအစ ငိုချင်ရက်လက်တို့၊ ထိလွယ်ရှလွယ် ခံစားတတ်သူတစ်ယောက်လား … ? ဒါမှမဟုတ် ပြတ်စဲခဲ့တဲ့ ငယ်ချစ်ဟောင်းတွေ၊ ထားရစ်ခဲ့တဲ့ ချစ်သူတွေအကြောင်း တွေးဆ လွှမ်းမော ငိုကြွေးတတ်သူလား … ? ဒါဆိုရင် ငိုသာ ငိုလိုက်ပါ … ဒါပေမယ့် နာရီလေးတော့ ကြည့်ပေါ့။

ငိုကြွေးခြင်းဟာ လူတစ်ယောက်ကို ဝိတ်ချရမှာ အမှန်တကယ် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ အချိန်အားဖြင့် ည (၇)နာရီကနေ (၁၁)နာရီအတွင်း ငိုကြွေးသူတွေဟာ ကိုယ်အလေးချိန်ကျဖို့အတွက် အကောင်းဆုံးအထောက်အပံ့တွေရပါတယ်တဲ့။

ဇီဝဓာတုပညာရှင် William Frey ရဲ့ သုတေသနပြုချက်မှာတော့ ငိုကြွေးခြင်းဟာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို အလျှင်အမြန် ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုပဲ ငိုကြွေးခြင်းဟာ သွေးထဲက ကိုယ်လက်စထရောတွေကို လျှော့ပါးစေပြီး၊ သွေးထဲမှာပါတဲ့ အဆီဓာတ်တွေကိုလည်း ချေဖြတ်နိုင်ပါတယ်။

Radio NZ

ငိုကြွေးခြင်းကြောင့် ဦးနှော်က်ကနေ ထုတ်လွှင့်နေတဲ့ ဖိအားဟိုမုန်းတွေကို ယူပစ်လိုက်သလို လွင့်ပျောက်စေပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်ပြီး၊ လူတစ်ယောက်ကို အချိန်တိုတိုလေးအတွင်းမှာ ကိုယ်အလေးချိန် ကျဆင်းဖို့ လွယ်ကူစေမှာပါ။

ငိုကြွေးခြင်းကနေ ထွက်လာတဲ့မျက်ရည်အမျိုးအစား (၃)မျိုးရှိပြီး-

(၁) အခြေခံမျက်ရည် – ဒီမျက်ရည်ကတော့ ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်းကြောင့်မဟုတ်ဘဲ မျက်လုံးရဲ့စွတ်စိုမှုကို ထိန်းသိမ်းပေးတဲ့ လုပ်ဆောင်မှုကို လုပ်ပါတယ်

(၂) တန်ပြန်မျက်ရည် – တန်ပြန်မျက်ရည်ဆိုတာကတော့ မီးခိုးတို့၊ ဖုန်တို့၊ လေပြင်းတိုက်ခိုက်ခံရလို့ မျက်ရည်ဂလင်းတွေကို လှုံ့ဆော်သလိုဖြစ်စေပြီး၊ ထွက်လာတဲ့မျက်ရည်မျိုးပေါ့

(၃) စိတ္တဇမျက်ရည် – စိတ္တဇမျက်ရည်ဆိုတာ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေဖြစ်တဲ့ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဆုံးရှုံးခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းသာခြင်း စတဲ့ခံစားချက်တွေက ထွက်လာတဲ့မျက်ရည်ပါ …

စောစောကပြောတဲ့ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ မျက်ရည်ကတော့ စိတ္တဇမျက်ရည်ပါဘဲ။ မိန်းကလေးတွေဟာ အများအားဖြင့် တစ်ယောက်တည်း ကြိတ်ငိုတတ်တာ များပါတယ်။ ဒါကလည်း အများအားဖြင့် ကောင်မလေးတွေ သေးသေးသွယ်သွယ် မြင်နေရခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။

သူတို့တစ်တွေဟာ ညဘက် လူသူရှင်းချိန်ရောက်မှ တစ်နေ့တာဝမ်းနည်းစရာတွေကို တစ်ခုချင်း တနုံ့နုံ့ခံစားပြီး၊ တိတိကျကျ ပြန်ငိုတတ်ကြတာပါ။ ဒီတော့ သိပ္ပံပညာရှင်တွေထောက်ခံထားတဲ့ ည (၇)နာရီမှ (၁၀)နာရီအတွင်းဆိုတဲ့ အချက်ဟာ အတော်လေး ကိုက်ညီနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဝိတ်မတက်ချင်ဘူး၊ အဆီပိုတွေ အမြန်ကျချင်ရင် ငိုဖြစ်အောင်သာ ငိုကြပါလို့ ပြောချင်ပါကြောင်း။

လင်းဇော်ကို (Shwemom)

READ
ဘဝမှာပိုမိုအောင်မြင်ဖို့ ပြောင်းလဲသင့်တဲ့အသေးအဖွဲအရာလေးများ

 

SHARE