ဂျပန်သူလေးတွေဖြစ်ပေမယ့် ကိုးရီးယားနိုင်ငံမှာ အောင်မြင်နေတဲ့ Kpop Idol (၄)ယောက်

ig/@nakoo.izone,@may.cherryb

Kpop လောကမှာ နေရာတစ်နေရာရဖို့ဆိုတာ တကယ့်ကို မလွယ်ကူပါဘူးနော်။ အဆိုရော၊ အကရော ကောင်းရုံမက ရုပ်ရည်ချောမောလှပနေမှပါ ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံကြရမှာပါ။ သူတို့လေးတွေကတော့ ကိုးရီးယားနိုင်ငံသူတွေမဟုတ်ပေမယ့် Kpop လောကရဲ့ နေရာတစ်နေရာကို ရယူထားနိုင်တဲ့ ဂျပန်မလေးတွေပဲ ဖြစ်ပါတယ်။

May (Cherry Bullet)

Cherry Bullet အဖွဲ့ရဲ့ အဖွဲ့ဝင် May ဟာ lead dancer, vocalist, visual တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို November 16, 2004 မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမကို Sora လို့လည်း ခေါ်ကြပါသေးတယ်။ သူမက piano ကိုလည်း ကောင်းကောင်းတီးတတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

READ
တိုက်တိုက်ဆိုင်ဆိုင် အ၀တ်အစားချင်း သွားတူနေတဲ့ Selena နဲ့ Hailey

Sora (woo!ah!)

အဆိုတော်၊ rapper တစ်ယောက်ဖြစ်တဲ့ Sora ကို August 30, 2003 ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမက ငယ်ငယ်ကတည်းက Kpop ကို ရူးသွပ်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့ role model က TWICE အဖွဲ့ဝင် Mina ပဲဖြစ်ပါတယ်။ သူမရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ လမ်းလျှောက်ရတာ၊ ရုပ်ရှင်ကြည့်ရတာနဲ့ အိပ်ရတာကို ကြိုက်တဲ့ သူတစ်ယောက်ပါ။

Hitomi (IZ*ONE)

Hitomi  က IZ*ONE အဖွဲ့ရဲ့ lead dancer, vocalist, rapper တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကို October 6, 2001 ခုနှစ်မှာ မွေးပြီးတော့ အခုဆိုရင် သူမက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သူမက basketball ကို ကောင်းကောင်းကစားနိုင်တဲ့ သူတစ်ယောက် ဖြစ်သလို အစားအသောက်တွေကိုလည်း ချက်ပြုတ်တတ်ပါသေးတယ်။

READ
သရုပ်ဆောင်လောကမှ အနားယူဖို့ စဉ်းစားနေကြာင်း ဖွင့်ဟလာတဲ့ Jack Black

Nako (IZ*ONE)

IZ*ONE အဖွဲ့ရဲ့ အဖွဲ့ဝင် နောက်တစ်ယောက်ဖြစ်တဲ့ Nako ဟာလည်း အဖွဲ့ရဲ့ vocalist တစ်ယောက်ဖြစ်ပြီး သူမကို June 18, 2001 မှာ မွေးဖွားခဲ့တာပါ။ သူမက kpop idol တစ်ယောက်ဖြစ်လာဖို့ကို လေးနှစ်နဲ့ ဆယ်လအထိ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ သူမက ballet ကောင်းကောင်း ရိုက်နိုင်ပြီး ရုပ်ရှင်ကြည့်ရတာကိုလည်း ဝါသနာပါသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

Khin

SHARE